ပြည်ထောင်စုနယ်မြေ နေပြည်တော်နှင့် ရှမ်းပြည်နယ်တို့အတွင်း ရဟတ်ယာဉ်ဖြင့် သစ်စေ့မြေလုံးများကြဲချ

 

နေပြည်တော်   ဇူလိုင်   ၁၀


သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့်    ကာကွယ်ရေးဝန်ကြီးဌာနတို့၏ ညှိနှိုင်းစီစဉ်မှုဖြင့် ယနေ့ နံနက်ပိုင်းတွင် ပြည်ထောင်စု နယ်မြေ နေပြည်တော်နှင့် ရှမ်းပြည်နယ်တို့အတွင်း သစ်တောပြုန်းတီးနေရာ ငါးနေရာတို့တွင် ရဟတ် ယာဉ်ဖြင့် သစ်စေ့မြေလုံးများ ကြဲချခြင်းကို ပြုလုပ် သည်။

 


၂၀၂၂ ခုနှစ်၊ မိုးရာသီ၊ ပြည်ထောင်စုနယ်မြေ နေပြည်တော် ဥတ္တရခရိုင် တပ်ကုန်းမြို့နယ် ဆင်သေ ချောင်း   ရေဝေရေလဲဧရိယာအတွင်း   အထက် ဆင်သေကြိုးဝိုင်းရှိ နေရာ သုံးနေရာ၊ ဧရိယာ ၈၈ ဒသမ ၉၆ ဧကတွင် ဒေသနှင့်ကိုက်ညီသော သစ်ပင် အမျိုးအစား     ရှစ်မျိုးဖြစ်သည့်   မြန်မာကုက္ကို၊ သင်္ဘောကုက္ကို၊   စစ်၊  မဲဇလီ၊   ဘောစကိုင်း၊ ဘုံမဲဇာ၊   မန်ဂျန်ရှားနှင့်   ရေသကျည်းသစ်စေ့များ ပါဝင်သော   သစ်စေ့မြေလုံး စုစုပေါင်း တစ်သိန်း ကြဲချခြင်းအစီ အစဉ်သို့    သယံဇာတနှင့်    သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး (ပတ်ဝန်း ကျင်/သစ်တောရေးရာ)  ဦးထွန်းအုံ၊ နေပြည်တော် ကောင်စီအဖွဲ့ဝင်(၂) ဦးဇေယျာလင်း၊ သစ်တောဦးစီး ဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်အားပေးကြသည်။

 


ဆက်လက်၍ ရှမ်းပြည်နယ် တောင်ကြီးခရိုင် ညောင်ရွှေမြို့နယ် အင်းလေးကန်ရေဝေရေလဲဧရိယာ အတွင်း   အင်းလေးအရှေ့ကြိုးဝိုင်းနှင့် အင်းလေး အနောက်ကြိုးပြင်ကာကွယ်တောတွင်    ဒေသနှင့် ကိုက်ညီသော    သစ်ပင်အမျိုးအစားများဖြစ်သည့် မဲဇလီ၊ ကုလားကုက္ကို၊   ရင်းမာ၊   ပျဉ်းမ၊ ရေသကျည်း၊ ဘောစကိုင်း၊ သစ်စေ့များဖြင့်   ပြုလုပ်ထားသော သစ်စေ့မြေလုံး   စုစုပေါင်း   နှစ်သိန်း    ကြဲချရေး လုပ်ငန်းများ ဆောင်ရွက်ရာ အရှေ့ပိုင်းတိုင်းစစ်ဌာန ချုပ်မှ တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင်နှင့် တာဝန် ရှိသူများ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးစိုင်းသော်ဝင်း၊ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၊     ရှမ်းပြည်နယ်   သစ်တော ဦးစီးဌာန   ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ တက်ရောက်အားပေးသည်။

 


အလားတူ   ၂၀၂၁  ခုနှစ်   မိုးရာသီတွင်လည်း တပ်မတော်လေ၏ ရဟတ်ယာဉ်အကူအညီကိုရယူ၍ သစ်စေ့မြေလုံးကြဲခြင်းကို ရှမ်းပြည်နယ် အင်းလေး ကန်ရေဝေရေလဲဧရိယာနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဥတ္တရခရိုင် တပ်ကုန်းမြို့နယ် ဆင်သေ ချောင်း   ရေဝေရေလဲဧရိယာတို့တွင် ဆောင်ရွက်ခဲ့ သည်။

 


၂၀၂၂ ခုနှစ် မိုးရာသီတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်   ဥတ္တရခရိုင်    တပ်ကုန်းမြို့နယ်ရှိ ဆင်သေချောင်း ရေဝေရေလဲဒေသနှင့် ရှမ်းပြည်နယ် တောင်ကြီးခရိုင် ညောင်ရွှေမြို့နယ် အင်းလေးကန် ရေဝေရေလဲဒေသများတွင်      သစ်စေ့ကြဲချခြင်း  အောင်မြင်ရှင်သန်မှုအခြေအနေများကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလတွင် နမူနာကွက်များပြုလုပ်၍ အပင် ပေါက်ရောက်မှုကာလနှင့်    သစ်စေ့မျိုးအလိုက် ပေါက်ရောက်ရှင်သန်နိုင်မှု       စာရင်းကောက်ယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ 


သတင်းစဉ်