ပြည်ထောင်စုနယ်မြေ နေပြည်တော်၌ စိုက်ပျိုးမွေးမြူရေး အခြေခံသော ကုန်ထုတ်လုပ်မှုတိုးတက်ရေးကြိုးပမ်း

နေပြည်တော်   ဒီဇင်ဘာ  ၁၂


စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ     အောင်ကြီးသည် ယမန်နေ့က   လိန်းလီကျေးရွာ အနီး အထက်ပေါင်းလောင်းဆည် ၌ ရေပေါ်လှောင်အိမ်ဖြင့်  တီလား ပီးယားငါး         မွေးမြူထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး ငါးမွေးမြူရေး တောင်သူများနှင့်     တွေ့ဆုံ၍ ရေပေါ်လှောင်အိမ်   စနစ်ဖြင့် ရေချိုငါး၊ ပုစွန် စီးပွားဖြစ် မွေးမြူ နိုင်ရေးအတွက်   တောင်သူနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။ 


ပံ့ပိုးကူညီပေးလျက်ရှိ


ငါးသယံဇာတ    ဖွံ့ဖြိုးလာပြီး ဒေသတွင်း     ငါးထုတ်လုပ်မှု တိုးတက်လာစေရေး၊ ကျေးလက် နေပြည်သူများ     အလုပ်အကိုင် အခွင့်အလမ်းရရှိရေးနှင့် မိသားစု ဝင်ငွေတိုးတက်ရေးအတွက်  ဆည်၊ ကန်များနှင့်  သဘာဝရေ   အရင်း အမြစ်အမျိုးမျိုးတွင် ငါးမျိုးများ နှစ်စဉ်       စိုက်ထည့်ပေးလျက် ရှိသကဲ့သို့ အခြေအနေပေးသည့် ဒေသများတွင် ရေပေါ်လှောင်အိမ် စနစ်        ငါးမွေးမြူရေး၊    အခြား တိရစ္ဆာန်မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရေး၊   လွှတ်ကျောင်း စနစ်မှ   တိရစ္ဆာန်အစာ   စိုက်ပျိုး ကျွေးမွေးသည့်စနစ်    ထွန်းကား လာရေးအတွက်   စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်     ဆည်မြောင်း ဝန်ကြီးဌာနက   နည်းပညာပေး လုပ်ငန်းများအပါအဝင် လိုအပ် ချက်များ    ပံ့ပိုးကူညီပေးလျက်ရှိ ကြောင်း သိရသည်။


ထိုမှတစ်ဆင့်   ဒုတိယဝန်ကြီး နှင့်အဖွဲ့သည်     နေပြည်တော် တပ်ကုန်းမြို့နယ်ရှိ စိုက်ပျိုးရေး သုတေသနဦးစီးဌာန    ယာသီးနှံ သုတေသနဌာနခွဲသို့ ရောက်ရှိကြ ပြီး ခရိုင်နှင့်မြို့နယ်အဆင့် ဌာန ဆိုင်ရာ        တာဝန်ရှိသူများနှင့် တွေ့ဆုံကာ ဒေသနှင့်   ကိုက်ညီ သော အထွက်နှုန်းကောင်း အရည် အသွေးကောင်း မျိုးကောင်းမျိုးသန့် များ တောင်သူလက်ဝယ်အရောက် ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်နေ မှုများ၊     အဆင့်မြင့်လယ်ယာ ဖော်ထုတ်ရေး၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများအတွက်   ရေပေးဝေ ရေးလုပ်ငန်းများကို   ဆွေးနွေးပြီး မြေပြန့်ဒေသနှင့်   ကိုက်ညီသော အထွက်ကောင်း    ပြောင်းဖူးမျိုး သုတေသနစိုက်ခင်းများနှင့် နေကြာ စိုက်ခင်းများကို ကြည့်ရှုအားပေး ခဲ့သည်။ 


ဆွေးနွေး


ထို့နောက်   ဒုတိယဝန်ကြီးနှင့် အဖွဲ့သည်  နေပြည်တော်  မွေးမြူ ရေးနှင့် ကုသရေးဦးစီးဌာန ရွှေမြို့ မွေးမြူရေးဇုန်(၂)သို့ရောက်ရှိပြီး မွေးမြူရေး       လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ နို့စားနွား၊ ဆိတ်၊ ဒေသ နွားမွေးမြူရေးလုပ်ငန်း ဆောင်ရွက် နေမှုများ၊   ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ များ၊ ဒေသ၏ သားငါးရိက္ခာ ဖူလုံ စေရေးအတွက် တိုးချဲ့ဆောင်ရွက် ရန်  လိုအပ်ချက်များကို ဆွေးနွေး ခဲ့ကြသည်။


ယင်းနောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည်  ဇေယျာသီရိမြို့နယ် ကျည်တောင်ရွာရှိ ပေါင်းလောင်း ရေလှောင်တမံ၏     တမံကြံ့ခိုင်မှု အခြေအနေကို ကြည့်ရှုစစ်ဆေးရာ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ     တာဝန်ရှိသူ များက နှစ်အလိုက် နွေစပါး၊ မိုးစပါး စိုက်ပျိုးရေပေးဝေနိုင်မှု၊ တမံအား ပုံမှန်ထိန်းသိမ်းစစ်ဆေးနေမှုကို ရှင်းလင်းတင်ပြကြပြီး တင်ပြချက် များအပေါ်   ဒုတိယဝန်ကြီးက သဘာဝအရင်းအမြစ်များကို စနစ် တကျ ထိန်းသိမ်းပြီး ရေရှည်အကျိုး ရှိစွာ အသုံးပြုနိုင်ရေး၊  သဘာဝ ပတ်ဝန်းကျင်      ထိန်းသိမ်းရေး လုပ်ငန်းဆိုင်ရာများကို ဆွေးနွေး မှာကြားခဲ့ကြောင်း သိရသည်။ 


သတင်းစဉ်