ပြည်ထောင်စုနယ်မြေ နေပြည်တော်၌ ၂၀၂၂ ခုနှစ် မိုးကြိုစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေး

 

နေပြည်တော်    ဖေဖော်ဝါရီ   ၃


စီမံကိန်းနှင့်   ဘဏ္ဍာရေးဝန်ကြီး ဌာန၊    နေပြည်တော်   မြန်မာ့ လယ်ယာ        ဖွံ့ဖြိုးရေးဘဏ်၊ လယ်ဝေးခရိုင်ဘဏ်ခွဲမှ တောင်သူ ဦးကြီးများကို ၂၀၂၂ ခုနှစ် မိုးကြို ရာသီစိုက်ပျိုးစရိတ် ချေးငွေများ ထုတ်ချေးပေးခြင်းကို ယနေ့နံနက် ပိုင်းက ကျန်းမာရေးဝန်ကြီးဌာန၏  ကိုဗစ်-၁၉   ရောဂါ   ကာကွယ် ထိန်းချုပ်ရေး ညွှန်ကြားချက်များ နှင့်အညီ    ဆက်လက်ထုတ်ချေး ပေးလျက်ရှိကြောင်း သိရသည်။

 


နိုင်ငံအတွင်း   စားနပ်ရိက္ခာ ဖူလုံစေရေး၊ လယ်ယာကဏ္ဍဖွံ့ဖြိုး တိုးတက်စေရေးနှင့်    တောင်သူ လယ်သမားများ၏  စိုက်ပျိုးစရိတ် ထုတ်လုပ်မှု     အထောက်အကူ ဖြစ်စေရေးအတွက်   ၂၀၂၂   ခုနှစ် မိုးကြိုရာသီ စိုက်ပျိုးစရိတ်ချေးငွေ များကို    မိုးစပါး    တစ်ဧကလျှင် ငွေကျပ် ၁၅၀၀၀၀ နှုန်းဖြင့် အတိုး နှုန်း တစ်နှစ်လျှင် ၅ ရာခိုင်နှုန်းဖြင့်  ထုတ်ချေးပေးလျက်ရှိသည်။ ထိုသို့ ထုတ်ချေးရာတွင်  ယနေ့နံနက် ပိုင်းက   လယ်ဝေးမြို့နယ်   ဇလီ ငှက်ကြီးတောင်           အုပ်စုတို့မှ တောင်သူ ကိုးဦးတို့အား ချက်ကြံ  ၇၅ ဧကအတွက် ငွေကျပ်  ၇ ဒသမ ၅    သန်း    ထုတ်ချေးပေးလျက် ရှိသည်။ 

 


လက်ရှိတွင်   ပြည်ထောင်စု နယ်မြေ  နေပြည်တော်   မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ခရိုင် နှင့် မြို့နယ်ဘဏ်ခွဲ လေးဘဏ်မှ ၂၀၂၂ ခုနှစ် မိုးကြိုရာသီ စိုက်ပျိုး စရိတ်ချေးငွေများကို      ကျေးရွာ ငါးအုပ်စု၊ တောင်သူ ၂၆ ဦး၊  စပါး ၃၉  ဧကနှင့်  ချက်ကြံ  ၉၁ ဧက အတွက် စုစုပေါင်းစိုက်ဧက ၁၃၀ အတွက် ချေးငွေကျပ် ၁၄ ဒသမ ၉၆  သန်း  ထုတ်ချေးထားပြီးဖြစ် ကြောင်း သိရသည်။ 


ညီညီသန်း(နေပြည်တော်)