ပြည်ထောင်စုနယ်မြေ နေပြည်တော်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ နှစ်စဉ်စီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲကျင်းပ

 

နေပြည်တော်  ဧပြီ  ၁၂


ပြည်ထောင်စုနယ်မြေ     နေပြည် တော်၏    ၂၀၂၄-၂၀၂၅   ဘဏ္ဍာ ရေးနှစ်၊          နှစ်စဉ်စီမံကိန်း ရည်မှန်းချက်များ        တာဝန် ပေးအပ်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၃ နာရီတွင် နေပြည်တော် ကောင်စီရုံး အစည်းအဝေးခန်းမ (၁) ၌  ကျင်းပရာ နေပြည်တော် ကောင်စီဥက္ကဋ္ဌ    ဦးသန်းထွန်းဦး၊ နေပြည်တော်    ကောင်စီဝင်များ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာ များနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌက  ပြည်ထောင်စုနယ်မြေနေပြည်တော်၏     ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊     နှစ်စဉ်စီမံကိန်း ရည်မှန်းချက်အပေါ်    ရာခိုင်နှုန်း ပြည့်မီကျော်လွန်အောင် ကြိုးပမ်း ကြရာတွင်      ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို     အချိန်နှင့် တစ်ပြေးညီ    အကောင်အထည် ဖော်နိုင်ရန်အတွက်    လိုအပ်သည့် လုပ်ငန်းများကို ကြိုတင်ပြင်ဆင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊   ၂၀၂၃-၂၀၂၄         ဘဏ္ဍာရေးနှစ် အကောင်အထည်     ဖော်နိုင်မှု၏ အားသာချက်များကို ဆက်လက် ထိန်းသိမ်းခြင်း၊    အားနည်းချက် များကို   ဖော်ထုတ်ပြုပြင်ခြင်း၊ ဖြည့်ဆည်း     ဆောင်ရွက်ခြင်း တို့ဖြင့်   ၂၀၂၄-၂၀၂၅  ဘဏ္ဍာရေး နှစ် စီမံကိန်းရည်မှန်းချက်များကို သက်ဆိုင်ရာကဏ္ဍအလိုက်၊ ဒေသ အလိုက်  အချိတ်အဆက်မိမိဖြင့် လျာထားချက်    ရာခိုင်နှုန်းပြည့်မီ ကျော်လွန်ရေးနှင့်   မျှော်မှန်းထား သည့် တိုးတက်မှုနှုန်းများ ရရှိရေး တို့အတွက်     အားစိုက်ကြိုးပမ်း ကြရန်နှင့်  စဉ်ဆက်မပြတ်  စိစစ် သုံးသပ်လျက် အကောင်အထည် ဖော် ဆောင်ရွက်ကြရန်ပြောကြား သည်။
ထို့နောက်      နေပြည်တော် ကောင်စီဝင်    ဦးဇေယျာလင်းက ၂၀၂၄-၂၀၂၅    ဘဏ္ဍာရေးနှစ်  နှစ်စဉ် စီမံကိန်းရည်မှန်းချက်များကိုလည်းကောင်း၊   နေပြည်တော် စီမံကိန်းဦးစီးရုံး ညွှန်ကြားရေးမှူး ဦးဝင်းကိုက ၂၀၂၄-၂၀၂၅ ဘဏ္ဍာ ရေးနှစ်  နှစ်စဉ်စီမံကိန်းရည်မှန်းချက်များတွင် ကဏ္ဍများအလိုက် ဆောင်ရွက်မည့် အစီအစဉ်များကို လည်းကောင်း     ရှင်းလင်းတင်ပြ ကြသည်။
ယင်းနောက်   နေပြည်တော် ကောင်စီဥက္ကဋ္ဌက လယ်ယာကဏ္ဍ ကြီး စီမံကိန်းရည်မှန်းချက်များကို သက်ဆိုင်ရာ   ဌာနများကိုယ်စား နေပြည်တော်    စိုက်ပျိုးရေးဦးစီး ဌာနသို့တာဝန်ပေးအပ်ရာ နေပြည် တော်         စိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး  ဦးစန်းလွင်က လက်ခံရယူသည်။ 
ထို့နောက်     နေပြည်တော် ကောင်စီဝင်    ဦးဇေယျာလင်းက စက်မှုကဏ္ဍကြီး    စီမံကိန်းရည် မှန်းချက်များကို       သက်ဆိုင်ရာ ဌာနများကိုယ်စား  နေပြည်တော် စက်မှုကြီးကြပ်နှင့်  စစ်ဆေးရေး ဦးစီးဌာနသို့    လည်းကောင်း၊   ဝန်ဆောင်မှုကဏ္ဍကြီး  စီမံကိန်း ရည်မှန်းချက်များကို သက်ဆိုင်ရာ ဌာနများကိုယ်စား နေပြည်တော် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြား မှု      ဦးစီးဌာနသို့လည်းကောင်း၊ နေပြည်တော်ကောင်စီဝင်  ဦးမြင့် စိုးက  လယ်ဝေးခရိုင်  လယ်ဝေး မြို့နယ်   ဒက္ခိဏသီရိမြို့နယ်များ ၏ စီမံကိန်းရည်မှန်းချက်များကို လယ်ဝေးခရိုင်      စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌထံသို့  လည်းကောင်း၊ နေပြည်တော်         ကောင်စီဝင် ဦးမင်းဦးက       ဇေယျာသီရိခရိုင် ဇေယျာသီရိမြို့နယ်၊       ပုဗ္ဗသီရိ မြို့နယ်များ၏ စီမံကိန်း ရည်မှန်း ချက်များကို  ဇေယျာသီရိ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့     ဥက္ကဋ္ဌထံသို့ လည်းကောင်း၊     နေပြည်တော် ကောင်စီဝင်   ဦးဟန်သူက    ဥတ္တရ ခရိုင်၊ ဥတ္တရသီရိမြို့နယ်၊ တပ်ကုန်း မြို့နယ်များ၏ စီမံကိန်းရည်မှန်း ချက်များကို     ဥတ္တရခရိုင်      စီမံ အုပ်ချုပ်ရေးအဖွဲ့     ဥက္ကဋ္ဌထံသို့ လည်းကောင်း၊      နေပြည်တော် ကောင်စီအတွင်းရေးမှူး     ဦးခင် မောင်ဆန်းက      ပျဉ်းမနားခရိုင် ပျဉ်းမနားမြို့နယ် ဇမ္ဗူသီရိမြို့နယ် များ၏ စီမံကိန်းရည်မှန်းချက်များ ကိုပျဉ်းမနားခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌထံသို့    လည်းကောင်း၊ တာဝန်ပေးအပ်ရာ    တာဝန်ရှိသူ များက လက်ခံရယူခဲ့ကြကြောင်း သိရသည်။                သတင်းစဉ်