ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ ဟိုတယ်များ စိမ်းလန်းသာယာလှပသော ပတ်ဝန်းကျင်ဖန်တီးဆောင်ရွက်

 

နေပြည်တော်    ဇန်နဝါရီ   ၂၈
ဟိုတယ်နှင့်ခရီးသွားလာရေး        ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဌေးအောင်သည် ညွှန်ကြားရေးမှူးချုပ်များ၊      တာဝန်ရှိသူများနှင့် အတူ   ယနေ့နံနက်ပိုင်းတွင်   ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ ဟိုတယ်များ  မြို့ပြအင်္ဂါရပ် နှင့်     ညီညွတ်မှုရှိပြီး     စိမ်းလန်းသာယာလှပသော ပတ်ဝန်းကျင်အဖြစ် ဖန်တီးဆောင်ရွက်နေမှုများကို  ကြည့်ရှုသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် Jasmine Nay Pyi Taw Hotel ၌  နေပြည်တော်ရှိ ဟိုတယ်များမှ အထွေထွေမန်နေဂျာများ၊     တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။ 
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက နေပြည်တော်  ကို  နိုင်ငံ၏မြို့တော်၊  အုပ်ချုပ်ရေးမြို့တော်အဖြစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းထားရှိကြောင်း၊  ထို့ကြောင့်  လမ်းပန်းဆက်သွယ်ရေးစနစ်၊   ရေစီး ရေလာကောင်းမွန်ရေးစနစ်တို့ အပါအဝင် အပန်းဖြေ အနားယူနိုင်သည့်နေရာများ၊  ခရီးသွားဆွဲဆောင်ရာ နေရာများ၊    တည်းခိုနေထိုင်ရန်   ဟိုတယ်ဇုန်များကို  မြို့ပြစီမံခန့်ခွဲမှု    စနစ်များနှင့်အညီ  တည်ဆောက် ထားရှိကြောင်း၊ နိုင်ငံတကာအဆင့်မီ  အပြည်ပြည် ဆိုင်ရာလေဆိပ်ကြီး  တည်ရှိနေသဖြင့်   ပြည်ပခရီး သွားဧည့်သည်များ ပိုမိုတိုးတက် ဝင်ရောက်လာနိုင် သည့် အခွင့်အလမ်းများရှိကြောင်း။
နေပြည်တော်ကို   Green  City၊ Clean City၊  Smart  City ဖြစ်အောင်  မူဝါဒများချမှတ်ဆောင် ရွက်လျက်ရှိရာ ဟိုတယ်များက ပူးပေါင်းပါဝင်ဆောင် ရွက်ကြရန်လိုကြောင်း၊    ထို့အတူ    မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပူဇော်လျက်ရှိရာ အံ့ဖွယ်ရုပ်ပွားတော်ကြီးအဖြစ် ပေါ်ထွက်လာမည်ဖြစ်  သဖြင့် နေပြည်တော်သို့ ပြည်တွင်း/ပြည်ပ ဘုရားဖူး များ   လာရောက်တည်းခို   နေထိုင်မှုများရှိလာမည် ဖြစ်ကြောင်း၊   ဟိုတယ်များအနေဖြင့်   ဝန်ဆောင်မှု ကောင်းများပေးစွမ်းနိုင်ရေးအတွက် အဆင်သင့်ဖြစ် နေရန် ပြင်ဆင်ထားကြရမည်ဖြစ်ကြောင်း။
ထို့ကြောင့် ခရီးသွားများ အပန်းဖြေအနားယူနိုင် သည့် စိမ်းစိုသောပတ်ဝန်းကျင်များဖြင့် Green Zone များ ဖော်ထုတ်ကြရန်လိုအပ်ကြောင်း၊ ကျန်းမာရေး နှင့်  ဘေးအန္တရာယ်ကင်းရှင်းသော   ဝန်ဆောင်မှု ကောင်းများပေးစွမ်းနိုင်ရေးနှင့် Health and Safety Protocols-HSP အစီအစဉ်များနှင့်   ဧည့်စာရင်းစီမံ ခန့်ခွဲမှုစနစ်တို့ကိုလည်း   လိုက်ပါအသုံးပြုကြရန် လိုအပ်ကြောင်း၊ ဟိုတယ်များအနေဖြင့်   လုံခြုံရေး၊ ညအချိန်ရောင်စုံမီးလုံးများ  ထွန်းလင်းထားရှိရေး တို့ကို   အထူးအလေးထား   ဂရုတစိုက်ဆောင်ရွက် ကြရမည်ဖြစ်ကြောင်း၊ ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာ လှုပ်ရှားဆောင်ရွက်မှုများတွင် ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြရန်    တိုက်တွန်းမှာကြား ခဲ့ကြောင်း သိရသည်။

သတင်းစဉ်