ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ပဲ၊ ဆားများ ဆက်ကပ်လှူဒါန်း

 

နေပြည်တော်   စက်တင်ဘာ   ၂၆


ပြည်ထောင်စုနယ်မြေ      နေပြည် တော်အတွင်းရှိ   ဘုန်းတော်ကြီး ကျောင်းများနှင့် သီလရှင်ကျောင်း များသို့   နေပြည်တော်ကောင်စီ နေပြည်တော်စည်ပင်သာယာရေးကော်မတီနှင့် ဌာနဆိုင်ရာများမှ ဆွမ်းဆန်တော်၊ ဆီ၊ ပဲ၊ ဆားများ ဆက်ကပ်လှူဒါန်းပွဲအခမ်းအနား များကို ယနေ့နံနက် ၈ နာရီတွင် နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိ ခန်းမ၌  လည်းကောင်း၊    နံနက် ၉   နာရီတွင်   ဇမ္ဗူသီရိမြို့နယ် အတွင်းရှိ သာသနပါလ ဓမ္မရိပ်သာ (မြိတ်)ကျောင်း၌ လည်းကောင်း၊ နံနက် ၁၀ နာရီတွင် ပုဗ္ဗသီရိမြို့ နယ်အတွင်းရှိ       သတ္တသတ္တာဟ  “ပွင့်” စေတီဓမ္မာရုံ၌ လည်းကောင်း အသီးသီးကျင်းပသည်။


အမျှပေးဝေ


နေပြည်တော်ကောင်စီရုံး ဇမ္ဗူ သီရိခန်းမ၌ ကျင်းပသည့် လှူဒါန်း ပွဲအခမ်းအနားတွင်    ပုဗ္ဗသီရိမြို့ နယ်   အောင်စည်သာကျောင်း တိုက် ပဓာနနာယက၊ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် အဂ္ဂမဟာ ပဏ္ဍိတ၊ ဘဒ္ဒန္တဝိစက္ခဏ အမှူး ပြုသော ဆရာတော်သံဃာတော် များ  ကြွရောက်ချီးမြှင့်ပြီး နေပြည် တော်ကောင်စီဥက္ကဋ္ဌ   ဒေါက်တာ မောင်မောင်နိုင်နှင့် ဧည့်ပရိသတ် များက ဆရာတော်သံဃာတော် များနှင့် သီလရှင်ဆရာကြီးတို့အား  လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် ဆွမ်း ဆန်တော်၊  ဆီ၊ ပဲ၊   ဆားများ ဆက်ကပ်လှူဒါန်းကြပြီး လှူဒါန်း မှုအစုစုအတွက်   ရေစက်သွန်း လောင်း အမျှပေးဝေကြသည်။


ကြွရောက်ချီးမြှင့်


အလားတူ    နေပြည်တော် ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် ဇမ္ဗူ သီရိမြို့နယ်အတွင်းရှိ    သာသန ပါလဓမ္မရိပ်သာ (မြိတ်)ကျောင်း တွင် ဆရာတော် သံဃာတော်များ နှင့်    သီလရှင်ဆရာကြီးများအား လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် ဆွမ်း ဆန်တော်၊ ဆီ၊ ပဲ၊ ဆားများကို လည်းကောင်း၊ သတ္တသတ္တာဟ “ပွင့်” စေတီဓမ္မာရုံ၌ နေပြည်တော် တပ်ကုန်းမြို့   ရွှေအင်းရိပ်သာ ကျောင်းတိုက်  ပဓာနနာယက၊ နေပြည်တော် တိုင်းသံဃနာယက အဖွဲ့ဥက္ကဋ္ဌ   ဘဒ္ဒန္တ  ပညာသာမိ အမှူးပြုသော ဆရာတော် သံဃာ တော်များ  ကြွရောက်ချီးမြှင့်ရာ   နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ဧည့်ပရိသတ်များက ဆရာတော် သံဃာတော်များနှင့်   သီလရှင် ဆရာကြီးများအား   လှူဖွယ်ဝတ္ထု ပစ္စည်းများနှင့်  ဆွမ်းဆန်တော်၊ ဆီ၊ ပဲ၊ ဆားများကိုလည်းကောင်း  ဆက်ကပ်လှူဒါန်းကြပြီး လှူဒါန်း မှုအစုစုအတွက်     ရေစက်သွန်း လောင်း အမျှပေးဝေကြသည်။


ယနေ့      လှူဒါန်းရာတွင် နေပြည်တော်အတွင်းရှိ      ဘုန်း တော်ကြီးကျောင်း ၂၆၉ ကျောင်း၊ သီလရှင်ကျောင်း ၁၁ ကျောင်း တို့တွင် သီတင်းသုံးနေထိုင်တော် မူကြသော သာမဏေ ၁၁၀၃ ပါး၊ သီလရှင် ၂၆၆ ပါးတို့အတွက် ဆွမ်း ဆန်တော် ၄၈၄ အိတ်၊ ဆီပိဿာ ၁၃၉၀၊ ပဲ၇၂၅ ပိဿာ၊ ဆား ၇၂၅ ပိဿာတို့ကို လှူဒါန်းခဲ့ခြင်းဖြစ် ကြောင်း သိရသည်။  

သတင်းစဉ်