ပြည်ထောင်စုနယ်မြေ (နေပြည်တော်)အတွင်း ပန်းခင်းစီမံချက်လျာထားချက် ရာနှုန်းပြည့်ပြီးမြောက်အောင်မြင်ပွဲ အခမ်းအနားကျင်းပ

 

နေပြည်တော်   မတ်    ၄


လူဝင်မှုကြီးကြပ်ရေးနှင့်  ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင်စု နယ်မြေ (နေပြည်တော်) ပန်းခင်း စီမံချက်  လျာထားချက်   ရာနှုန်း ပြည့်     ပြီးမြောက်အောင်မြင်ပွဲ အခမ်းအနားကို ယနေ့နံနက်  ၉ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းစင်တာ (MICC-2) ၌     ကျင်းပ သည်။

 


အခမ်းအနားသို့     လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊   နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ နေပြည်တော် တိုင်းစစ်ဌာနချုပ် တိုင်းမှူး       ဗိုလ်ချုပ်ဇော်ဟိန်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန    ဒုတိယ ဝန်ကြီး ဦးဌေးလှိုင်၊ နေပြည်တော် ကောင်စီဝင်များနှင့် ပြည်ထောင်စု နယ်မြေအတွင်းရှိ ခရိုင်နှင့် မြို့နယ် အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူ များ တက်ရောက်ကြသည်။

 


မဲပေးနိုင်ရေး


အခမ်းအနားတွင်      ပြည် ထောင်စုဝန်ကြီး ဦးခင်ရီက နိုင်ငံ တော်    စီမံချက်တစ်ခုဖြစ်သည့် ပန်းခင်းစီမံချက်ကို ပြည်ထောင်စု နယ်မြေ (နေပြည်တော်)အတွင်း စီမံချက်     လျာထားချက်အဖြစ် ၆၂၃၉၁   ဦးကို  နိုင်ငံသားဆိုင်ရာ ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးနိုင်ရေး ဆောင်ရွက်ခဲ့ရာ ယခုအခါ စီမံချက်လျာထားချက် ရာနှုန်းပြည့်ထက်    ကျော်လွန်ပြီး မြောက်  အောင်မြင်သွားပြီဖြစ်ပါ ကြောင်း၊    ပြီးခဲ့သည့်   ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲကာလတွင် မဲမသမာမှု   အရေအတွက်   ၁၁ ဒသမ ၃  သန်းကျော်   ရှိခဲ့ရာတွင် နိုင်ငံသား    စိစစ်ရေးကတ်ပြား မရှိဘဲ မဲပေးခဲ့သူ  ၄  ဒသမ  ၆ သန်းကျော်   ရှိနေသည့်အတွက် လာမည့်      ရွေးကောက်ပွဲများ တွင်    မဲပေးပိုင်ခွင့်ရှိသူအားလုံး နိုင်ငံသားဆိုင်ရာ    ကိုင်ဆောင် ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင် မဲပေးနိုင်ရေးအတွက်    ပန်းခင်း စီမံချက် ရေးဆွဲဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ပန်းခင်းစီမံချက်ကို ၂၀၂၁ ခုနှစ် မေ  ၃ ရက် မှ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၃ ရက်အထိ (၁၈)လကြာ ဆောင်ရွက်ရန်နှင့် ယင်း ကာလအတွင်း   တိုင်းဒေသကြီး/ ပြည်နယ်အလိုက်    ဆောင်ရွက် ပေးရမည့် လျာထားအရေအတွက် များအတိုင်း    ပြည့်မီပြီးစီးရန် သတ်မှတ် ဆောင်ရွက်ခြင်းဖြစ်ပါ ကြောင်း။

 


လျာထားချက် ရာနှုန်းပြည့်ပြီးစီး


ပန်းခင်းစီမံချက်ကို ပဲခူးတိုင်း ဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသ ကြီးတို့တွင်       တိုင်းလုံးကျွတ် လျာထားချက် ရာနှုန်းပြည့်ပြီးစီး ပြီဖြစ်ပြီး   ယခု  ပြည်ထောင်စု နယ်မြေ (နေပြည်တော်) သည် လည်း တတိယမြောက် တိုင်းလုံး ကျွတ် လျာထားချက် ရာနှုန်းပြည့် ပြီးစီးအောင်မြင်ခဲ့ခြင်း   ဖြစ်ပါ ကြောင်း၊    နိုင်ငံသားစိစစ်ရေး ကတ်ပြားသည်  နိုင်ငံသားတစ်ဦး အတွက်   နိုင်ငံသားဖြစ်မှုဆိုင်ရာ အသိအမှတ်ပြု အထောက်အထား တစ်ခုဖြစ်ပြီး    လူမှုဘဝဆောင် ရွက်မှုတိုင်း၌ မရှိမဖြစ် အရေးပါ သည့်    ကတ်ပြားတစ်ခုဖြစ်ပါ ကြောင်း၊ ယင်းကဲ့သို့ စီမံချက်အရ လျာထားချက်    ပြည့်မီအောင် ဆောင်ရွက်နိုင်သော်လည်း နိုင်ငံ သား စိစစ်ရေးကတ်ပြား ထုတ်ပေး ခြင်းလုပ်ငန်းစဉ်သည် ပြီးဆုံးသည့် လုပ်ငန်းမဟုတ်ဘဲ  အသက်ပြည့် သည့် နိုင်ငံသားများကို စဉ်ဆက် မပြတ် ဆောင်ရွက်ပေးနေရမည့် လုပ်ငန်းတစ်ခု    ဖြစ်ပါကြောင်း၊ ယင်းလုပ်ငန်းစဉ်များအပြင် မိမိတို့ ဌာနမှ ဆောင်ရွက်နေသည့် e-ID စနစ်လုပ်ငန်း   အကောင်အထည် ဖော်ဆောင်ရွက်မှု   လုပ်ငန်းများ တွင်လည်း   အားလုံးဆက်လက် ကူညီပံ့ပိုး  ဆောင်ရွက်ပေးကြရန် တိုက်တွန်းပါကြောင်း ပြောကြား သည်။

 


ထို့နောက်    နေပြည်တော် ကောင်စီဥက္ကဋ္ဌ     ဒေါက်တာ မောင်မောင်နိုင်က    ပန်းခင်းစီမံ ချက် လျာထားချက် ရာနှုန်းပြည့် ပြီးစီး     အောင်မြင်ရေးအတွက် ဝိုင်းဝန်းကူညီ   ဆောင်ရွက်ပေး ကြသူများကို ကျေးဇူးတင်စကား ပြောကြားသည်။

 


တစ်ဆင့်မြင့်ရာထူး တိုးမြှင့်ပေး


ယင်းနောက်    ပြည်ထောင်စု ဝန်ကြီးက      ပန်းခင်းစီမံချက် တိုင်းလုံးကျွတ်   လျာထားချက် ပြည့်မီပြီးစီး      အောင်မြင်ရေး အတွက် ကြိုးပမ်းဆောင်ရွက်ပေး ကြသည့် ဌာနဆိုင်ရာ တာဝန်ရှိသူ များအား   ဂုဏ်ပြုမှတ်တမ်းလွှာ များ ပေးအပ်ပြီး ပန်းခင်းစီမံချက် ဆောင်ရွက်ရာတွင် စွမ်းစွမ်းတမံ ကြိုးပမ်း     ဆောင်ရွက်ခဲ့သည့် ပြည်ထောင်စုနယ်မြေမှ ဝန်ထမ်း များကို        တစ်ဆင့်မြင့်ရာထူး တိုးမြှင့်ပေးကာ ရာထူးအဆင့်များ ကို တပ်ဆင်ပေးသည်။

 


ဆက်လက်၍    နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊      တိုင်းမှူးနှင့် တာဝန်ရှိသူများက ပြည်ထောင်စု နယ်မြေ(နေပြည်တော်)အတွင်း တိုင်းလုံးကျွတ်    လျာထားချက် ရာနှုန်းပြည့် ပြီးမြောက်အောင်မြင် အောင်    ကြိုးပမ်းဆောင်ရွက်ပေး ကြသည့် ဌာနဆိုင်ရာ တာဝန်ရှိသူ များကို အထိမ်းအမှတ် တံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ် ကြပြီး အခမ်းအနားကို ရုပ်သိမ်း လိုက်သည်။ 
လှည့်လည်ကြည့်ရှု


အခမ်းအနား     အပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန် ရှိသူများသည်       ခန်းမအတွင်း ခင်းကျင်းပြသထားသည့် ပန်းခင်း စီမံချက်ဆိုင်ရာ မှတ်တမ်းဓာတ်ပုံ များ၊ အထောက်အထား စာရွက် စာတမ်းများကို လှည့်လည်ကြည့်ရှု အားပေးကြသည်။

 


ပြည်ထောင်စု      နယ်မြေ (နေပြည်တော်အတွင်း) ခရိုင်နှစ်ခု၊ မြို့နယ်   ရှစ်မြို့နယ်၊   ရပ်ကွက် ၅၈ ရပ်ကွက်၊   ကျေးရွာအုပ်စု ၁၈၇ အုပ်စု၊ ကျေးရွာပေါင်း ၇၉၆ ရွာရှိပြီး     ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား     စိစစ်ရေးကတ်ပြား ၆၂၃၉၁   ကတ်    ထုတ်ပေး၍ လျာထားဆောင်ရွက်ခဲ့ရာ   ယခု အထိ   ၆၇၁၆၇  ကတ် ထုတ်ပေး ပြီးစီးနေပြီဖြစ်ပြီး    ရာခိုင်နှုန်း အားဖြင့် (၁၀၇ ဒသမ ၆၅) ရာခိုင် နှုန်း ပြီးစီးပြီဖြစ်သဖြင့် လျာထား ချက်    ရာနှုန်းပြည့်   ပြီးမြောက် ကျော်လွန်အောင် ဆောင်ရွက်နိုင် ခဲ့ ကြောင်း သိရသည်။


သတင်းစဉ်