ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း မျောက်ကျောက်ရောဂါ ဖြစ်ပွားကူးစက်မှုကာကွယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော်   ဩဂုတ်   ၂၄
ပြည်ထောင်စုနယ်မြေ  နေပြည် တော်အတွင်းသို့ မျောက်ကျောက် ရောဂါဖြစ်ပွားကူးစက်မှု ကာကွယ် ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို ယမန်နေ့မွန်းလွဲ ၃ နာရီက နေပြည်တော်    ပြည်သူ့ကျန်းမာ ရေးဦးစီးဌာန     အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
ဦးစွာ နေပြည်တော်ကောင်စီ ဝင်   ဦးမြင့်စိုးက   ကျန်းမာရေး ဝန်ကြီးဌာနအနေဖြင့်   မျောက် ကျောက်ရောဂါကို ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့က PHEIC အဖြစ် ပထမ အကြိမ်   ကြေညာခဲ့သည့်  ၂၀၂၂ ခုနှစ်   ဇူလိုင်လမှစ၍   WHO ၏  recommendations များအတိုင်း  ရောဂါ  စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများကို   အရှိန်အဟုန် မြှင့်တင်    ဆောင်ရွက်ခဲ့ခြင်းဖြစ် ကြောင်း၊ ယခု  PHEIC အဖြစ် ထပ်မံ    သတ်မှတ်ချိန်တွင်လည်း mpox ရောဂါစောင့်ကြပ်ကြည့်ရှု ခြင်းနှင့် ကာကွယ်ထိန်းချုပ်ခြင်းအတွက်လုပ်ငန်းများကို  အထူး အလေးထားပြီး ဆောင်ရွက်သွား ရန်  လိုအပ်ကြောင်း၊  လူနာသစ် တွေ့ရှိမှုနှင့်  အစုလိုက်ဖြစ်ပွားမှု များအား    သတင်းပေးပို့ခြင်း၊ သံသယလူနာများကို ရောဂါဖြစ်ပွား ကူးစက်မှုဆိုင်ရာ    ရာဇဝင်များ သေချာစွာ     မေးမြန်းစုံစမ်းပြီး သတ်မှတ်ထားသည့် case inve-stigation form များ  ဖြည့်စွက် ခြင်း၊ ရေကျောက်ရောဂါသံသယ လက္ခဏာ   ဖြစ်ပွားသူလူနာများ ထံမှ       ဓာတ်ခွဲနမူနာရယူ၍ ရေကျောက်ရောဂါနှင့်  မျောက် ကျောက်ရောဂါပိုး ရှိ/မရှိ စစ်ဆေး ခြင်း၊  ပြည်သူလူထုနှင့်  ဖြစ်ပွား နိုင်ခြေမြင့်မားသော   အုပ်စုများ တွင်      ကျန်းမာရေးပညာပေး ခြင်းနှင့် ရောဂါကာကွယ်ထိန်းချုပ် ရေးလုပ်ငန်းများ    ဆောင်ရွက် ခြင်းတို့အား  အပြည်ပြည်ဆိုင်ရာ ဝင်ထွက်ပေါက်များ  အပါအဝင် နေပြည်တော်နှင့်     တိုင်းဒေသ ကြီး/ ပြည်နယ်များတွင် အရှိန် အဟုန်မြှင့်  ဆောင်ရွက်သွားရန် လိုအပ်ကြောင်း      ပြောကြား သည်။
ထို့နောက်    နေပြည်တော် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှူး ဒေါက်တာသန်းနိုင်စိုး က   မျောက်ကျောက်ရောဂါနှင့် ပတ်သက်၍ Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ပြီး   နေပြည် တော် ပြည်သူ့ကျန်းမာရေး ဦးစီး ဌာန ညွှန်ကြားရေးမှူး ဒေါက်တာ အေးအေးမာက မျောက်ကျောက် ရောဂါနှင့်   ဝမ်းပျက်ဝမ်းလျှော ရောဂါများ    စောင့်ကြပ်ကြည့်ရှု ခြင်းနှင့် ကာကွယ်ထိန်းချုပ်ခြင်းနှင့်ပတ်သက်၍ ဆောင်ရွက်ရမည့် လုပ်ငန်းများကို ရှင်းလင်းဆွေးနွေး     တင်ပြကြသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသော ဆေးရုံ အုပ်ကြီးများ၊     ဆေးရုံအုပ်များ၊  မြို့နယ်  ကုသရေးဦးစီးဌာနမှူး များနှင့် ပုဂ္ဂလိက ဆေးရုံ/ဆေးခန်း များမှ တာဝန်ရှိသူများက သိရှိ လိုသည်များကို မေးမြန်းဆွေးနွေး တင်ပြရာ နေပြည်တော်ကောင်စီ ဝင်နှင့်      တာဝန်ရှိသူများက ရှင်းလင်း   ဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို ဖြည့်စွက်   ဆွေးနွေးပြောကြားခဲ့ ကြောင်း သိရသည်။
ဟိန်းသူအောင်(ပြန်/ဆက်)