
နေပြည်တော် စက်တင်ဘာ ၃
တပ်ကုန်းမြို့နယ်နှင့် ဇေယျာသီရိမြို့နယ်တို့ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများအား သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက ဆွမ်းဆန်တော်၊ ဆီနှင့် ပဲ လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇေယျာသီရိမြို့နယ် ခေတ်အေးကျောင်းတိုက်၌ကျင်းပရာ နေပြည်တော် တပ်ကုန်းမြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ မဟာဇနက ပရိယတ္တိစာသင်တိုက် ပဓာနနာယက၊ ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဝဏ္ဏာရဟ အမှူးပြုသော ဆရာတော်ကြီးသုံးပါး ကြွရောက်တော်မူကြပြီး သာသနာ ရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ဒုတိယဝန်ကြီး ဦးအေးထွန်း၊ အမြဲတမ်း အတွင်းဝန် ဦးမြင့်ဦးနှင့် တာဝန်ရှိသူများ တက်ရောက်ကြည်ညိုကြသည်။
အခမ်းအနားတွင် တပ်ကုန်း မြို့ မဟာဇနကပရိယတ္တိစာသင် တိုက် ပဓာနနာယက၊ ဂန္ထဝါစက ပဏ္ဍိတ ဘဒ္ဒန္တ ဝဏ္ဏာရဟထံမှ ငါးပါးသီလ ခံယူဆောက်တည် ကြပြီး ဆရာတော်များ ရွတ်ပွား သရဇ္ဈာယ်တော်မူသည့် ရတန သုတ်၊ မေတ္တသုတ်နှင့် ပုဗ္ဗဏှသုတ် ပရိတ်တရားတော်များကို နာယူ ကြည်ညိုကြသည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးက သာသနာရေးဆိုင်ရာ များ လျှောက်ထားပြီး ဆရာတော် ကြီးများအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်ကာ ဘုန်းတော်ကြီး ကျောင်းများနှင့် သီလရှင်ကျောင်း များသို့ ဆွမ်းဆန်တော်၊ ဆီနှင့် ပဲများ ဆက်ကပ်လှူဒါန်းသည်။
ယင်းနောက် မဟာဇနက ဆရာတော်ထံမှ အနုမောဒနာ တရားနာကြား၍ လှူဒါန်းမှုအစုစု တို့အတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြကာ “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” သုံးကြိမ် ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
အဆိုပါ ဆွမ်းဆန်တော် ဆက်ကပ်လှူဒါန်းပွဲတွင် တပ်ကုန်း မြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်း ၁၉ ကျောင်းနှင့် သီလရှင်ကျောင်း ငါးကျောင်းတို့တွင် သီတင်းသုံး နေထိုင်တော်မူကြသော ရဟန်း၊ သာမဏေ ၇၀၉ ပါးနှင့် သီလရှင် ၁၆၉ ပါး၊ စုစုပေါင်း ရဟန်း၊ သာမဏေ၊ သီလရှင် ၈၇၈ ပါးတို့ အား ဆွမ်းဆန်တော် ၈၈ အိတ်၊ ဆီ ၂၆၃ ပိဿာ၊ ပဲ ၃၅ အိတ်တို့ကို လည်းကောင်း၊ ဇေယျာသီရိ မြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်း ကိုးကျောင်း၊ သီလရှင်ကျောင်း တစ်ကျောင်းတို့တွင် သီတင်းသုံး နေထိုင်တော်မူကြသော ရဟန်း၊ သာမဏေ ၃၁၃ ပါး၊ သီလရှင် ၁၇ ပါး၊ စုစုပေါင်း ရဟန်း၊ သာမဏေ၊ သီလရှင် ၃၃၀ တို့အား ဆွမ်းဆန် တော် ၃၃ အိတ်၊ ဆီ ပိဿာ ၁၀၀၊ ပဲ ၁၃ အိတ်တို့ကို ဆက်ကပ် လှူဒါန်းခဲ့ကြောင်း၊ သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာနအနေ ဖြင့် နေပြည်တော်ရှိ ပရိယတ္တိ စာသင်တိုက်များသို့ ဖေဖော်ဝါရီ၊ မတ်နှင့် ဧပြီလများအတွင်း ဘုန်းတော်ကြီး ကျောင်းပေါင်း ၂၃၆ ကျောင်းနှင့် သီလရှင်ကျောင်း ၁၈ ကျောင်းတို့အတွက် ဆွမ်းဆန် တော် ၁၀၂၇ အိတ်ကို လည်း ကောင်း၊ ဩဂုတ်လတွင် ဇမ္ဗူသီရိ မြို့နယ်၊ ဒက္ခိဏသီရိမြို့နယ်၊ လယ်ဝေးမြို့နယ်၊ ပျဉ်းမနား မြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်နှင့် ဥတ္တရသီရိမြို့နယ်တို့ရှိ ဘုန်းတော် ကြီးကျောင်း ၇၀ နှင့် သီလရှင် ကျောင်း ၁၂ ကျောင်းတို့အတွက် ဆွမ်းဆန်တော် ၃၈၉ အိတ်၊ ဆီ ၁၁၆၇ ပိဿာ၊ ပဲ ၁၅၆ အိတ်ကို လည်းကောင်း၊ မန္တလေးတိုင်း ဒေသကြီးရှိ ပရိယတ္တိစာသင်တိုက် ၁၀၇ တိုက်မှ ရဟန်း၊ သာမဏေ နှင့် သီလရှင်တို့အား ဆွမ်း ဆက်ကပ်နိုင်ရန် ဆွမ်းပဒေသာပင် ငွေကျပ်သိန်း ၇၀၀ သိန်း၊ ဆွမ်းဆန် တော် ၂၂၄ အိတ်၊ ဆီပိဿာ ၆၇၀၊ ပဲ ၆၈ အိတ်တို့ကို လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပရိယတ္တိစာသင်တိုက် ၁၀ တိုက်မှ ရဟန်း၊ သာမဏေများအတွက် ဆွမ်းဆက်ကပ်နိုင်ရန် ဆွမ်း ပဒေသာပင် ငွေကျပ်သိန်း ၇၀၀ လှူဒါန်းခဲ့ပြီးဖြစ်ကြောင်း သိရ သည်။
သတင်းစဉ်