
နေပြည်တော် စက်တင်ဘာ ၂၂
ပြည်ထောင်စုနယ်မြေ နေပြည် တော် ရှစ်မြို့နယ်သို့ စားသုံးသူ ပြည်သူများ သက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရန် အတွက် စားသုံးသူရေးရာဦးစီး ဌာန၊ နေပြည်တော်ဦးစီးမှူးရုံး၏ အနီးကပ်ကြီးကြပ်မှုဖြင့် နေပြည် တော် ဆီကုန်သည်နှင့် ဆီလုပ်ငန်း ရှင်များအသင်းက တနင်္လာနေ့မှ သောကြာနေ့အထိ နေ့စဉ်မြို့နယ် များအတွင်း ဈေးကားများဖြင့် လှည့်လည်၍ အလှည့်ကျရောင်းချ ပေးလျက်ရှိသည်။
နေပြည်တော်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းမှ တစ်ရက်လျှင် စားအုန်းဆီ ပိဿာ ၃၈၅၀ ခွဲတမ်းရရှိပြီး ရက်သတ္တ တစ်ပတ်လျှင် ပိဿာ ၁၉၂၅၀ ကို ဈေးကား ခုနစ်စီးဖြင့် စားသုံး သူပြည်သူများ လက်ထဲအရောက် ပုံမှန်ရောင်းချပေးလျက်ရှိသည်။ ထို့ပြင် မှန်မှန်ကန်ကန် ရောင်းချ ခြင်း ရှိ မရှိ စားသုံးသူရေးရာဦးစီး ဌာန၊ နေပြည်တော်ဦးစီးမှူးရုံးနှင့် မြို့နယ်စားသုံးဆီ ဖြန့်ချိရေး ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ က လိုက်လံစစ်ဆေးလျက်ရှိသည်။
စက်တင်ဘာ ၁၈ ရက်မှ ၂၂ ရက်အထိ သက်သာသောဈေးနှုန်း ဖြင့် လယ်ဝေးမြို့နယ်တွင် ပိဿာ ၃၃၀၀၊ ပျဉ်းမနားမြို့နယ်တွင် ပိဿာ ၂၇၅၀၊ ပုဗ္ဗသီရိမြို့နယ်တွင် ပိဿာ ၂၂၀၀၊ တပ်ကုန်းမြို့နယ် တွင် ပိဿာ ၄၉၅၀၊ ဇမ္ဗူသီရိ မြို့နယ်တွင် ပိဿာ ၄၄၀၀၊ ဥတ္တရ သီရိမြို့နယ်တွင် ပိဿာ ၁၁၀၀၊ ဇေယျာသီရိမြို့နယ်တွင် ပိဿာ ၅၅၀ ရောင်းချပေးနိုင်ခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုနယ်မြေ နေပြည် တော်သို့ အများပြည်သူအတွက် ပုံမှန်ဈေးဖြင့် ရောင်းချလျက်ရှိ သောကုမ္ပဏီများမှ ကိုယ်စားလှယ် ယူထားသော လက်လီလက်ကား ဆိုင်များကလည်း နေ့စဉ် ပျမ်းမျှ ပိဿာ ၃၀၀၀၀ ကျော် လက်လီ ရောင်းချလျက်ရှိသည်။
ပြည်ထောင်စုနယ်မြေ နေပြည် တော်တွင် နေပြည်တော်ကောင်စီ ၏ လမ်းညွှန်ကြီးကြပ်မှု၊ ခရိုင်၊ မြို့နယ် စားသုံးဆီဖြန့်ချိရေး ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ ၏ အနီးကပ်ကြီးကြပ်မှုကြောင့် ရည်ညွှန်းဈေးနှုန်းဖြင့် ပုံမှန် ဝယ်ယူနိုင်ပြီး ဈေးကွက်တွင် လည်း စားအုန်းဆီများ ပုံမှန် ရောင်းဝယ်လျက်ရှိကြောင်း သိရ သည်။
သတင်းစဉ်