ပြည်ထောင်စုနယ်မြေ နေပြည်တော် အေးမြင့်သာယာတံတားနှစ်စင်း ဖွင့်ပွဲအခမ်းအနားကျင်းပ

 

နေပြည်တော်  ဇူလိုင်  ၁၅


ပြည်ထောင်စုနယ်မြေ   နေပြည် တော်   ဇေယျာသီရိမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ်တို့ ထိစပ်လျက် ရှိသည့်      ဆင်သေချောင်းကို လွယ်ကူစွာဖြင့်  ဖြတ်ကျော်သွား လာနိုင်စေရန်     နေပြည်တော် ကောင်စီ၏ ငွေအပ်လုပ်ငန်းအဖြစ် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)  စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူး ရုံးမှ တာဝန်ယူဆောက်လုပ်သည့်  အေးမြင့်သာယာ တံတားနှစ်စင်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် အဆိုပါတံတားရှေ့၌ ကျင်းပသည်။

 


ရှေးဦးစွာ     နေပြည်တော် ကောင်စီဥက္ကဋ္ဌ     ဒေါက်တာ မောင်မောင်နိုင်နှင့်   တာဝန်ရှိသူ များသည် အေးမြင့်သာယာတံတား နှစ်စင်း  တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်မှုမှတ်တမ်း ဗီဒီယိုကို ကြည့်ရှုကြသည်။

 


ထို့နောက်     နေပြည်တော် ကောင်စီဥက္ကဋ္ဌ     ဒေါက်တာ မောင်မောင်နိုင်၊   နေပြည်တော် ကောင်စီအဖွဲ့ဝင်   ဗိုလ်မှူးကြီး မင်းနောင်၊ နေပြည်တော်ကောင်စီ ဒုတိယမြို့တော်ဝန် ဦးမောင်မောင် နှင့် တာဝန်ရှိသူများက အေးမြင့် သာယာတံတား နှစ်စင်းကို ဖဲကြိုး ဖြတ်ဖွင့်လှစ်ပေးကြသည်။

 


ယင်းနောက်  နေပြည်တော် ကောင်စီဥက္ကဋ္ဌနှင့်    တာဝန်ရှိသူ များက အေးမြင့်သာယာတံတား နှစ်စင်းကို  လှည့်လည်ကြည့်ရှုကြ ပြီး  စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြသည်။ 

 


အဆိုပါတံတားသည် တံတား အရှည်  ပေ  ၃၆၀ ၊  တံတား တစ်စင်း     အကျယ်    ၅၆    ပေ၊ တံတားနှစ်စင်း    အကွာအဝေး ၃၉ ပေ၊  တံတား အမျိုးအစား    အုတ်မြစ်ဘိုးပိုင်၊    ကိုယ်ထည် သံကူကွန်ကရစ်၊   အပေါ်ထည်   သံမဏိသံပေါင် ရက်မနှင့် သံကူ ကွန်ကရစ် ကြမ်းခင်း၊ တံတားပုံစံ   Skew  Type ၊  ရေလမ်းကင်းလွတ် အမြင့် အမြင့်ဆုံးရေမှတ်အထက် ၄ ပေ၊ တံတားခံနိုင်ရည် တန် ၆၀ နှင့် ချဉ်းကပ်လမ်းအရှည် ၂၀၈၈ ပေ ရှိကြောင်းသိရသည်။ 

 


အေးမြင့်သာယာ    တံတား နှစ်စင်းကို    ကာကွယ်ရေးဦးစီး ချုပ်ရုံး(ကြည်း) စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံးမှ တာဝန်ယူ၍  ၂၀၂၁ ခုနှစ် ဧပြီ ၁ ရက်တွင် စတင် တည်ဆောက်ခဲ့ပြီး  ၂၀၂၂ ခုနှစ် ဇွန်  ၃၀  ရက်တွင်  ဆောက်လုပ် ပြီးစီးခဲ့ကြောင်း သိရသည်။ 
သတင်းစဉ်