
နေပြည်တော် ဖေဖော်ဝါရီ ၉
၂၀၂၃ ခုနှစ် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဝန်ကြီးဌာန ပြခန်းများ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ပြခန်းများ အသေးစား၊ အငယ်စား၊ အလတ်စားစက်မှု ထုတ်ကုန်ပြခန်းများ တိုင်းရင်းသားရိုးရာ အစားအစာနှင့် ဒေသ ထွက်ကုန် အရောင်းပြခန်းများ ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၁၀ ရက်နေ့ နံနက် ၈ နာရီခွဲတွင် ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ ကျင်းပမည် ဖြစ်သည်။
အဆိုပါ ဖွင့်ပွဲအခမ်းအနားကို ယင်းနေ့ နံနက် ၈ နာရီ မိနစ် ၂၀ မှ စတင်ပြီး မြန်မာ့အသံနှင့်ရုပ်မြင်သံကြား MRTV-HD ၊ MRTV News Channel ၊ MWD-HD ၊ MWD Variety-HD ၊ MITV ၊ MRTV 4 Reader’s Channel ၊ Sky Net တိုင်းရင်းသား Channel ၊ MOI Website ၊ MOI Youtube ၊ MRTV Website တို့မှ တိုက်ရိုက်(LIVE) ထုတ်လွှင့်ပြသသွားမည်ဖြစ်သည်။ သတင်းစဉ်