
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
ကြေညာချက်အမှတ် ( ၅၂ / ၂၀၂၃ )
၁၃၈၅ ခုနှစ် ၊ တန်ဆောင်မုန်းလပြည့်ကျော် ၂ ရက်
( ၂၀၂၃ ခုနှစ် ၊ နိုဝင်ဘာလ ၂၉ ရက် )
ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်ပါတီ
(THE UNION OF MYANMAR FEDERATION OF NATIONAL POLITICS PARTY) ကို
နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုခြင်း
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့၊ ဆံတော်ရပ်ကွက်၊ စကားတောင်ရပ်၊ ပုထိုးကြီးလမ်း၊ အမှတ် (၄၅) တွင် ပါတီရုံးချုပ်ဖွင့်လှစ်ထားရှိသော ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေး အဖွဲ့ချုပ်ပါတီ (THE UNION OF MYANMAR FEDERATION OF NATIONAL POLITICS PARTY) ကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်နေ့မှစ၍ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၉ နှင့်အညီ မှတ်ပုံတင်ခွင့်ပြုကြောင်း ကြေညာလိုက်သည်။
ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်ပါတီ (THE UNION OF MYANMAR FEDERATION OF NATIONAL POLITICS PARTY) ၏ မှတ်ပုံတင်အမှတ်မှာ (၄၅) ဖြစ်ပါသည်။
(ပုံ) သိန်းစိုး
ဥက္ကဋ္ဌ
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်