
(၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အကြို ဂုဏ်ပြုဆောင်းပါး
ခင်မြတ်လေး
ဤအပင်ကိုစိုက်လျှင် ဤအပင်မှ အသီးကို စားရမည်၊ ဤအပင်ကိုစိုက်လျှင် ဤအပင်မှ အပွင့်ကို ပန်ရမည်” ဟူသောအသိဖြင့် အသီးစားလိုသူက သီးပင်စိုက်သလို အပွင့်ပန်လိုသူက ပန်းပင်စိုက်ကြသည်။ မသီးမပွင့်သော်လည်း ကြီးမားသောအရိပ်၊ အေးမြသောအရိပ်ကိုပေးသည့် အပင်ကို အရိပ်ခိုလိုသူတို့ စိုက်ကြသည်။
ထိုနည်းတူစွာ တိုင်းပြည်အခြေအနေ အရပ်ရပ် အတွက် အမြော်အမြင်ကြီးစွာဖြင့် ပြည်သူပြည်သား တို့ အရိပ်လည်းခိုစေ၊ အသီးလည်း စားစေ၊ အပွင့် လည်းပန်နိုင်စေရန် ပြည်ထောင်စုဖွား တိုင်းရင်းသား များအားကို စုစည်းကာ ပြည်ထောင်စုမြန်မာနိုင်ငံ တော် ဟူသည် အပင်ကြီးကို စိုက်ခဲ့ခြင်းဖြစ်ပါသည်။
မမြတ်လေး
၉-၂-၂၀၀၆
(စာရေးဆရာမကြီး မမြတ်လေး ၂၀၀၆ ခုနှစ်တွင် ရေးခဲ့သော စာစုလေးအား မူရင်းအတိုင်း ဝေမျှဖော်ပြ လိုက်ပါသည်။)
ကြီးသူကိုရိုသေ၊ ရွယ်တူကိုလေးစား၊ ငယ်သူကို သနား ဆိုရိုးစကားအတိုင်း မောင်နှမ လေးယောက် ဆင့်ကဲဆင့်ကဲရိုသေခြင်း၊ ညှာတာခြင်းတို့ကြောင့် ယခု အသက်အရွယ် ၇၀ ကျော်များ ရှိနေပြီဖြစ်ကြ သည့်တိုင် တစ်အိမ်တည်းနေ တစ်ရေတည်းသောက် ကျောချင်းကပ်၊ ရင်ချင်းအပ် စည်းစည်းလုံးလုံး ချစ်ခင်စွာနေနိုင်ကြသည်မှာ မိဘများ၏ ဆုံးမ သွန်သင်ခဲ့သော ကျေးဇူးကြောင့် ဖြစ်ပါသည်။
မိသားစုအတွင်းမှာ ချစ်ချစ်ခင်ခင် ရှိနေကြရ သလို ဆွေမျိုးမိတ်သင်္ဂဟပတ်ဝန်းကျင်နှင့်လည်း မေတ္တာဖြင့် ချစ်ခင်စွာနေကြဖို့ အမြဲအသိပေးခဲ့ပါ သည်။ မိခင်ကြီး ကွယ်လွန်ခါနီးမှာ စကားတစ်ခွန်း တည်း ပြောခဲ့ပါသည်။
“ကျန်းမာအောင်နေပါ ချစ်ချစ်ခင်ခင်နေပါ” ဟူ၍ ဖြစ်ပါသည်၊
သူတော်ကောင်းစိတ်ဓာတ်
သူတော်ကောင်းစိတ်ကို မွေးပြီး မိမိသည် သူတော်ကောင်းစည်းဝိုင်းထဲမှ မထွက်မိစေရန် ဖခင်ကြီးနှင့် မိခင်ကြီးတို့က သားသမီးများကို လမ်းပြညွှန်ကြားခဲ့သဖြင့် မုဒိတာပွားခြင်း၊ သည်းခံ ခြင်း၊ ခွင့်လွှတ်ခြင်း၊ နားလည်ပေးခြင်းများကို မောင်နှမတစ်တွေ နှလုံးသွင်းခဲ့ကြပါသည်။
“မေမေ... ဒီနေ့ဘယ်သူကဘယ်လို” စသည်ဖြင့် ကျောင်းကပြန်လာသည့်အခါ မိခင်ကြီးကို ရင်ဖွင့် လျှင် “သမီးရယ် လူတစ်ယောက်ကို သူ့မှာ ဘာအကြောင်းအချက်ရှိနေလို့ ဒီလိုပြောတာလဲ ဆိုတဲ့ သူ့မှာရှိတဲ့အားနည်းချက်လေးကို စဉ်းစား ကြည့်ပေးပြီး ခွင့်လွှတ်ပေးပါ” ဆိုတဲ့ မေမေဆုံးမ စကားလေးကြောင့် ဘဝမှာ နေတတ် ခံစားတတ်ခဲ့ပါ သည်။
ကင်းထောက်စိတ်ဓာတ်
တစ်လောက ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် ပါမောက္ခချုပ်ကြီး၏ ဖိတ်ကြားချက်အရ ကျွန်မ တို့ ကင်းထောက်မောင်နှမ သုံးယောက်သည် “ကင်းထောက်နှင့် အသိအတတ်ပညာ” ခေါင်းစဉ် ဖြင့် တက္ကသိုလ်ကျောင်းသား ကျောင်းသူလေးများကို သွားရောက်ရှင်းလင်း ပြောပြခဲ့ကြသည်။
ကင်းထောက်အဖွဲ့ဝင်များအတွက် ကတိ သုံးချက်နှင့် ကျင့်ဝတ်ဆယ်ပါးရှိသည်။ ကင်းထောက် ဖြစ်ရန် အခြေခံသင်တန်းတက်ခြင်းနှင့် စာမေးပွဲ ဖြေဆိုခြင်းပြီးဆုံးလျှင် ကတိသုံးချက်ကို ရွတ်ဆိုပြီးမှ ကင်းထောက်အဖြစ် အသိအမှတ်ပြုတံဆိပ် ပေးအပ် ခြင်း ခံရသည်။
ကင်းထောက်သင်္ကေတကိုပြုလုပ်ရန် လက်ယာ ဘက်လက်သန်း၏ လက်သည်းခွံကို လက်မဖြင့် အုပ်ကာ ကျန်လက်သုံးချောင်းကို ထောင်ထားရမည်။ လက်သုံးချောင်းသည် ကတိသုံးပါးကို သတိရစေရန် ဖြစ်သည်။
လက်သန်းကို ဖိထားသောလက်မသည် အားနည်း သူကို အားကောင်းသူက ကာကွယ်စောင့်ရှောက် သည့် သင်္ကေတဖြစ်သည်။ လက်မနှင့်လက်သန်း သည် ကမ္ဘာတစ်ဝန်းမှ ကင်းထောက်များ ညီညွတ် သည့်စည်းလုံးမှုကို ကိုယ်စားပြုသည်။
ကတိသုံးချက် ရွတ်ဆိုသည့်အခါတွင် လည်း ကောင်း၊ ကင်းထောက်များ အချင်းချင်းတစ်ဦးကို တစ်ဦး အလေးပြုနှုတ်ဆက်ခြင်းများကိုလည်း ကောင်း၊ ၎င်းသင်္ကေတဖြင့် တစ်ကမ္ဘာလုံးရှိ ကင်းထောက်များအားလုံး တူညီစွာလုပ်ဆောင် ကြပါသည်။
ကင်းထောက်ကတိသုံးပါး -
၁။ ကျွန်ုပ်သည် မိမိကိုးကွယ်သော ဘာသာနှင့် တိုင်းပြည်အတွက် အကောင်းဆုံး အလုပ် လုပ်ပါမည်။
၂။ ကျွန်ုပ်သည် သူတစ်ပါးအား အချိန်မရွေး ကူညီပါမည်။
၃။ ကျွန်ုပ်သည် ကင်းထောက်ကျင့်ဝတ် ဆယ်ပါးကို အမြဲလိုက်နာထိန်းသိမ်းရန် စွမ်းအားရှိသမျှ ဆောင်ရွက်ပါမည်ဟု ကျွန်ုပ်၏ ဂုဏ်သိက္ခာကို ပဋ္ဌာနပြု၍ ကတိပြုပါသည်။
၎င်းကျင့်ဝတ် ဆယ်ပါးတွင်လည်း တစ်ပါးဖြစ် သော “ကင်းထောက်သည် အခက်အခဲကို ပြုံးရွှင်စွာ ရင်ဆိုင်သည်” ဟူသည်မှာ အများနှင့်ဆက်ဆံသည့် အခါ မိမိသဘောနှင့် မတိုက်ဆိုင်လျှင်လည်း ပြုံးရွှင်စွာ နားထောင်ပေးခြင်း၊ မိမိစိတ်ဒုက္ခ ရှိနေ လျှင်လည်း အတတ်နိုင်ဆုံး ရွှင်ရွှင်ပြုံးပြုံးနေတတ် ခြင်းဖြင့် ညည်းတွားမြည်တွန်၍ ဒေါသကို မပြဘဲ အခြားသောစိတ်မချမ်းသာသူများကိုလည်း ပျော်ရွှင် အောင် ဖန်တီးပေးခြင်းများသည် ကင်းထောက် ကျင့်ဝတ်တစ်ခုဖြစ်ပါသည်။
တစ်နည်းဆိုသော် “ကင်းထောက်စိတ်ဓာတ်” ပင်ဖြစ်ပါသည်။ ထို့ကြောင့် ကင်းထောက်စိတ်ဓာတ် နှင့် သူတော်ကောင်းစိတ်ဓာတ်များ မကွာခြားပါ။
ကင်းထောက်၏ကြွေးကြော်သံသည် “ ကောင်းမှု တစ်ခုနေ့စဉ်ပြု” ဖြစ်ပါသည်။
ကင်းထောက်ဆောင်ပုဒ်သည် “အစဉ်အသင့်” ဖြစ်ပါသည်။ သူတစ်ပါးအား အချိန်မရွေးကူညီရန် အဆင်သင့်ဖြစ်နေရပါမည်။
ပြည်ထောင်စုစိတ်ဓာတ်
ပြည်ထောင်စုစိတ်ဓာတ်ဆိုသည်မှာ မည်သည့် အဖွဲ့အစည်း၊ မည်သည့်အယူဝါဒကိုမျှ အခြေခံသည့် စိတ်ဓာတ်မဟုတ်ဘဲ တစ်မျိုးသားလုံးနှင့် သက်ဆိုင် သည့် အမျိုးသားရေးစိတ်ဓာတ်ဖြစ်ပါသည်။
တစ်နည်းဆိုရသော် ပြည်ထောင်စုတိုင်းရင်းသား အားလုံးစည်းလုံးခြင်း၊ ညီညွတ်ခြင်း၊ မေတ္တာတူ မျှထားခြင်းသာ ဖြစ်ပါသည်။
ပြည်ထောင်စုတွင် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စသည့်လူမျိုးပေါင်း ၁၀၀ ကျော် ပါဝင်သည့် တိုင်းရင်းသားညီအစ်ကိုမောင်နှမ များ စည်းစည်းလုံးလုံး နေထိုင်နေကြပါ သည်။
“တစ်ယောက်အားနှင့် ယူသော်မရ၊ တစ်သောင်း အားနှင့်ယူသော်ရ၏” ဆိုသကဲ့သို့ စည်းလုံးညီညွတ် ပါက အရာရာကိုအောင်မြင်နိုင်သော သဘောကို ဆောင်ပါသည်။
ပြည်သူတို့ စည်းလုံးညီညွတ်မှုကြောင့် ပထမ မြန်မာနိုင်ငံတော်၊ ဒုတိယမြန်မာနိုင်ငံတော်နှင့် တတိယမြန်မာနိုင်ငံတော်ဟူ၍ တည်ထောင်နိုင်ခဲ့ပါ သည်။
သို့သော် စည်းလုံးညီညွတ်မျှ ပြိုကွဲခြင်းကြောင့် လည်း နယ်ချဲ့အင်္ဂလိပ်တို့ အနိုင်ယူစိုးမိုးအုပ်ချုပ်မှုကို ခံခဲ့ရပါသည်။
သို့သော် နိုင်ငံတော်လွတ်လပ်ရေး ပြန်လည် ရရှိခြင်းသည်လည်း တိုင်းရင်းသားတို့၏ သွေးစည်း ညီညွတ်မှုကြောင့်ပင် ဖြစ်ပါသည်။ ထို့ကြောင့် ၁၉၄၈ ခုနှစ်တွင်ရရှိခဲ့သည့် မြန်မာ့လွတ်လပ်ရေးသည် တိုင်းရင်းသားပြည်သူအပေါင်း၏ “ပြည်ထောင်စု စိတ်ဓာတ်” ကို ဖော်ညွှန်းထားခြင်းဖြစ်ပါသည်။
ဒီလို အခက်အခဲများကို ကျော်လွှားပြီး စုစုစည်းစည်း ညီညီညွတ်ညွတ်ဖြင့် ရယူခဲ့ရသည့် ပြည်ထောင်စုလွတ်လပ်ရေးကြီး အဓွန့်ရှည်ခိုင်မြဲ စေရန် တာဝန်မှာ တိုင်းရင်းသားအားလုံး၏ တာဝန် ဖြစ်ပါသည်။
ထို့ကြောင့် ဒို့တာဝန် အရေးသုံးပါးဖြစ်သော
- ပြည်ထောင်စုမပြိုကွဲရေး၊
- တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊
- အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး ဆိုသည့် အမျိုးသားရေးတာဝန်ကို လိုက်နာ ရန် အရေးကြီးပါသည်။
ဒီလိုမျိုး လိုက်နာဆောင်ရွက်နိုင်ရန်အတွက်ကလည်း တစ်မျိုးသားလုံးစည်းလုံးညီညွတ်ခြင်း၏ အခြေခံဖြစ်သည့် “ပြည်ထောင်စုစိတ်ဓာတ်” ထာဝစဉ်ရှင်သန်ရေးသည် ပို၍လိုအပ်ပါသည်။
ဥမကွဲ သိုက်မပျက် နေထိုင်ပြီး ကျောချင်းကပ်၊ ရင်ချင်းအပ် လက်တွဲမဖြုတ် တစ်စိတ်တစ်ဝမ်းတည်း ရှိကြရပါမည်။
ပြည်ထောင်စုတိုင်းရင်းသားတိုင်း တက်ကြွ သောအားမာန် နိုးကြားသောသတိများ ထာဝစဉ် ရှိနေကြမည်ဆိုလျှင် ပြည်ထောင်စုမြန်မာနိုင်ငံတော် ကြီးသည် ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော် ကြီးအဖြစ် နိုင်ငံတကာအလယ်တွင် ကျက်သရေ မင်္ဂလာအပေါင်းနှင့် ပြည်စုံပါလိမ့်မည် ဖြစ်ပါသည်၊
ထို့ကြောင့် တစ်မျိုးသားလုံး ပြည်ထောင်စု စိတ်ဓာတ်ဖြင့် တိုင်းရင်းသားညီအစ်ကိုမောင်နှမများ ကမ္ဘာတည်သရွေ့ ချစ်ခင်စွာစည်းလုံးကြပါစေ ကြောင်း (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အတွက် ဆုတောင်းမေတ္တာပို့သလျက် .........။ ။
- Log in to post comments