နေပြည်တော် မေ ၂၉
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ ၂၀၂၃-၂၀၂၇ မဟာဗျူဟာ လုပ်ငန်းစီမံချက်နှင့်စပ်လျဉ်းသည့် ဆွေးနွေးပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ပတ္တမြားခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပသည်။
ဆွေးနွေးပွဲတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါ်နိုင်သက်ဦးက ယနေ့ဆွေးနွေးပွဲကို ၂၀၂၃ မှ ၂၀၂၅ ခုနှစ်အထိ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှု၊ ၂၀၂၆ မှ ၂၀၂၇ ခုနှစ်အထိ မဟာဗျူဟာစီမံချက် အပေါ် ရုံးချုပ်/ တိုင်းဒေသကြီး/ ပြည်နယ်စာရင်းစစ်ချုပ်ရုံးများ၏ ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေကို ဆွေးနွေးရန် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်၏ ပြည်သူ့ဘဏ္ဍာစီမံ ခန့်ခွဲမှုတိုးတက်စေရေးနှင့် ပြည်သူ့ဘဏ္ဍာငွေကြေးထိန်းကျောင်း တည့်မတ်စေရေးအတွက် ပြည်ထောင်စုစာရင်းစစ်ချုပ် ဥပဒေနှင့်အညီစစ်ဆေးခြင်း၊ အစီရင်ခံခြင်းများအတွက် မဟာဗျူဟာ ရည်မှန်းချက်များနှင့်အညီ အကောင်အထည်ဖော်နိုင်မှုများ ပိုမိုထိရောက်အောင်မြင်စေရေးအတွက် ဝိုင်းဝန်းဆွေးနွေးမှုများ ဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် တာဝန်ရှိသူများ၏ ၂၀၂၃-၂၀၂၇ မဟာဗျူဟာ လုပ်ငန်းစီမံချက်အပေါ် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှုများ၊ ဆောင်ရွက်ရန်ကျန်ရှိမှုများ၊ ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များ ဆွေးနွေးတင်ပြမှုများအပေါ် လိုအပ်သည်များ သုံးသပ်ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်