
နေပြည်တော် စက်တင်ဘာ ၁
ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာကံဇော်သည် တိုင်းဒေသကြီး/ပြည်နယ် စာရင်းစစ်ချုပ်ရုံးများမှ တာဝန်ခံ ညွှန်ကြားရေးမှူးများနှင့် ယနေ့နံနက် ၉ နာရီတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တွေ့ဆုံ သည်။
ပြောကြား
တွေ့ဆုံစဉ် ပြည်ထောင်စုစာရင်းစစ်ချုပ်က ယခု စက်တင်ဘာလသည် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ကုန်ဆုံးမည့် နောက်ဆုံးလဖြစ်ကြောင်း၊ လုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအပေါ်မူတည်၍ အစီရင်ခံစာများ ကို ပြုစုတင်ပြနိုင်ရန်အတွက် ဆောင်ရွက်ရန်ကျန်ရှိ သည့် လုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင် ရွက်မည့် အစီအစဉ်များအား ဆွေးနွေးတင်ပြကြရန် ပြောကြားသည်။
ထို့နောက် နေပြည်တော်စာရင်းစစ်ရုံးအပါအဝင် တိုင်းဒေသကြီး/ပြည်နယ် ၁၅ ခုမှ တာဝန်ခံ ညွှန်ကြား ရေးမှူးများက ဩဂုတ် ၃၁ ရက်အထိ စစ်ဆေးရေး လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေ၊ လက်ရှိ ဝန်ထမ်းအင်အား အခြေအနေ၊ လက်တွေ့ကြုံတွေ့ နေရသည့် အခက်အခဲများ၊ ဆောင်ရွက်ရန်ကျန်ရှိသည့် လုပ်ငန်းများအတွက် ဆက်လက်ဆောင်ရွက်ရန် စီစဉ်ထားရှိမှုနှင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး ကူညီထောက်ပံ့မှုအခြေအနေတို့ကို တင်ပြကြသည်။
ဖြည့်စွက်ဆွေးနွေး
ညွှန်ကြားရေးမှူးချုပ်(စစ်ဆေးရေး) ဒေါ်ခိုင်ခိုင် အောင်က စစ်ဆေးရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးတင်ပြရာ ပြည်ထောင်စု စာရင်းစစ်ချုပ်က လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေး ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။
သတင်းစဉ်