ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာကံဇော်နှင့် မြန်မာကိုယ်စားလှယ်အဖွဲ့ (၁၅) ကြိမ်မြောက်  အာရှတိုက်ဆိုင်ရာ စာရင်းစစ်ချုပ်ရုံးများအဖွဲ့(ASOSAI) စုံညီ ညီလာခံသို့ တက်ရောက်

 

 

နေပြည်တော်   စက်တင်ဘာ   ၇


အာရှတိုက်ဆိုင်ရာ စာရင်းစစ်ချုပ်ရုံးများအဖွဲ့ (Asian Organization of Supreme Audit Institutions: (ASOSAI) ၏ (၁၅) ကြိမ်မြောက် စုံညီ  ညီလာခံကို  ထိုင်းနိုင်ငံက  အိမ်ရှင်အဖြစ်  ဦးဆောင်၍  ယနေ့ မွန်းလွဲပိုင်းတွင် ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပရာ ပြည်ထောင်စုစာရင်း စစ်ချုပ်   ဒေါက်တာ ကံဇော်   ဦးဆောင်သည့်  ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ကြသည်။ 
ညီလာခံပထမပိုင်းတွင် အဖွဲ့ ၏ ၂၀၁၈-၂၀၂၁ ခုနှစ် ဘဏ္ဍာရေး ရှင်းတမ်းများ၊ ၂၀၂၂-၂၀၂၄ ခုနှစ် ဘတ်ဂျက်နှင့် ၂၀၂၂-၂၀၂၇ ခုနှစ် မဟာဗျူဟာစီမံချက်များ အတည် ပြုခြင်း၊ ၂၀၁၈-၂၀၂၁ ခုနှစ် ဘဏ္ဍာ ရေး   ရှင်းတမ်းများအပေါ်   ပြင်ပ စာရင်းစစ်၏ စစ်ဆေးတွေ့ရှိချက် များအစီရင်ခံခြင်း၊ အဖွဲ့၏ Capa-city   Development    လုပ်ငန်း ဆောင်ရွက်မှု အခြေအနေ အစီရင် ခံခြင်းတို့ ဆောင်ရွက်ကြသည်။
အတည်ပြုခြင်း ဆောင်ရွက်
ထို့နောက်  Hanoi  ကြေညာ စာတမ်း      အစီရင်ခံတင်ပြခြင်း၊ (၁၂) ကြိမ်မြောက်အဖွဲ့၏ သုတေ သန စီမံချက်များ အစီရင်ခံခြင်း၊  ASOSAI ဂျာနယ် ဆုချီးမြှင့်ခြင်း ဆိုင်ရာ  ကိစ္စရပ်များ  တင်ပြခြင်း၊  အခြားဒေသ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းအတွက် အစီရင်ခံခြင်း၊   Environmental Audit နှင့်စပ်လျဉ်း၍ အစီရင်ခံ ခြင်းတို့       ဆောင်ရွက်ကြပြီး စဉ်ဆက်မပြတ် ရေရှည်ဖွံ့ဖြိုးရေး ရည်မှန်းချက်များနှင့်      Crisis Management Audit တို့အတွက် လုပ်ငန်းအဖွဲ့များ   ဖွဲ့စည်းခြင်း၊ ၂၀၂၄ ခုနှစ်တွင် (၁၆) ကြိမ်မြောက်  စုံညီအစည်းအဝေးအား  အိမ်ရှင် အဖြစ် ကျင်းပမည့် စာရင်းစစ်ချုပ် ရုံးနှင့် အထွေထွေအတွင်းရေးမှူး  အတည်ပြုခြင်းတို့ကို ဆောင်ရွက် ခဲ့ကြသည်။ 
မှတ်တမ်းတင်နိုင်
(၁၅)      ကြိမ်မြောက်    စုံညီ ညီလာခံတွင်  မြန်မာနိုင်ငံစာရင်း စစ်ချုပ်ရုံးက ကိုဗစ်-၁၉ ကြောင့် ထိခိုက်မှုများကို ကုစားရန် ASO-SAI မှ ပေးအပ်ခဲ့သည့် ထောက်ပံ့ ငွေများကို  ရရှိခဲ့ခြင်း၊  ASOSAI မှ ဆောင်ရွက်လျက်ရှိသည့် မဲခေါင် မြစ်ဝှမ်းရှိ   ရေအရင်းအမြစ်များ အား စီမံခန့်ခွဲခြင်း၊ နိုင်ငံတော်၏ ပြည်သူ့ကျန်းမာရေးစနစ် ခိုင်မာ မှု၊ ကြံ့ခိုင်မှုနှင့် ရေရှည်တည်တံ့ ခိုင်မြဲသော မြို့ပြသယ်ယူပို့ဆောင် ရေးလုပ်ငန်းတို့အား      စဉ်ဆက် မပြတ်  ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင် များနှင့်အညီ      ထိရောက်စွာ အကောင်အထည်ဖော်မှု အခြေ အနေအား  စစ်ဆေးခြင်း   စသည့် စီမံချက်များတွင်     မြန်မာနိုင်ငံ စာရင်းစစ်ချုပ်ရုံးအနေဖြင့် ပါဝင် ဆောင်ရွက်ခဲ့ခြင်းများအတွက် မှတ်တမ်းတင်နိုင်ခဲ့ကြောင်း သိရှိ ရသည်။ 
တာဝန်လွှဲပြောင်း
ဆက်လက်၍   ၂၀၂၁-၂၀၂၄ ခုနှစ်ကာလအတွက် အုပ်ချုပ်မှု ဘုတ်အဖွဲ့ဝင်နိုင်ငံများနှင့် စာရင်း စစ်ကော်မတီ  အဖွဲ့ဝင်နိုင်ငံများ အား  Online  Voting  စနစ်ဖြင့် ရွေးချယ်ခဲ့ကြသည်။   အစည်း အဝေး  ဒုတိယပိုင်းတွင်    ၂၀၂၁-၂၀၂၄ ASOSAI ဥက္ကဋ္ဌသစ် ထိုင်း နိုင်ငံစာရင်းစစ်ချုပ်  Gen. Chana-thap     Indamra(RTD)    ထံသို့ ဗီယက်နမ်နိုင်ငံ စာရင်းစစ်ချုပ်က ASOSAI အလံနှင့် ဥက္ကဋ္ဌ တာဝန် လွှဲပြောင်းခြင်း   အခမ်းအနားကို  ကျင်းပပြီး  ASOSAI ဥက္ကဋ္ဌ ထိုင်း နိုင်ငံစာရင်းစစ်ချုပ်က (၈) ကြိမ် မြောက်   စာတမ်းဖတ်ပွဲဆိုင်ရာ အစီရင်ခံတင်ပြ၍ နှုတ်ခွန်းဆက် အမှာစကား ပြောကြားခဲ့ကြောင်း သိရှိရသည်။   
          သတင်းစဉ်