ပြည်ထောင်စုအကျိုးကို တပ်မတော်နှင့်အတူ ညီညာစွာ သယ်ပိုးထမ်းဆောင်ကြပါစို့

 

တပ်မတော်နေ့ အကြိုဂုဏ်ပြုဆောင်းပါး

ကိုရေချမ်း

နိုင်ငံတစ်ဝန်းရှိ     အရွယ်ရောက်သူ အများပြည်သူတို့သည်  အခြေခံပညာ ကျောင်းနေစဉ်က နိုင်ငံတော်သီချင်းကို အားလုံးသီဆိုခဲ့ဖူးကြပါသည်။ 
“ကမ္ဘာမကျေ       မြန်မာပြည်၊    တို့ဘိုးဘွားအမွေစစ်မို့၊        ချစ်မြတ်နိုးပေ။  ပြည်ထောင်စုကို        အသက်ပေးလို့  တို့ကာကွယ်မလေ၊ ဒါတို့ပြည်  ဒါတို့မြေ တို့ပိုင်နက်မြေ။ တို့ပြည်တို့မြေအကျိုးကို  ညီညာစွာ တို့တစ်တွေ ထမ်းဆောင်ပါစို့လေ တို့တာဝန်ပေ အဖိုးတန်မြေ။”
ဤသီချင်းသည်    မြန်မာနိုင်ငံ၏ နိုင်ငံတော်သီချင်း ဖြစ်သည်။ ဤသီချင်းကို ဝိုင်အမ်ဘီ    ဆရာတင်   ခေါ်   သခင်တင် ရေးစပ်သီကုံးခဲ့သည်။ လွတ်လပ်ရေးမရမီ ၁၉၄၇ ခုနှစ် စက်တင်ဘာလ ၂၂ ရက်နေ့တွင် တိုင်းပြု  ပြည်ပြုလွှတ်တော်  တတိယ ညီလာခံ ဆဋ္ဌမမြောက် အစည်းအဝေးတွင် “ကမ္ဘာမကျေ” သီချင်းကို   နိုင်ငံတော် သီချင်းအဖြစ် အတည်ပြုသတ်မှတ်ခဲ့သည်။ ယနေ့ထက်တိုင် နိုင်ငံတော်အခမ်းအနား များ၊ အားကစားအောင်ပွဲများ၊ ကျောင်းများ၊ လူထုအဖွဲ့အစည်းများတွင် ရှေးဦးဂုဏ်ပြု သီဆိုလေ့ရှိသည်။
ကမ္ဘာတည်သရွေ့
ကမ္ဘာမကျေဆိုသည့်သီချင်း၏ “ကမ္ဘာ” ဆိုသည်မှာ  ကမ္ဘာမြေကြီးကို  ဆိုလိုခြင်း မဟုတ်၊ “မကျေ”ဆိုသည်မှာ မကျေနပ် ခြင်းကို ဆိုလိုခြင်းမဟုတ်၊ အချိန်ကာလ ကမ္ဘာပေါင်းများစွာ   ကြာသော်လည်း မကျေမပျက်၊  မပျက်မစီးဘဲ တည်ရှိနေ ခြင်းကို ဆိုလိုခြင်းဖြစ်သည်။ ဆရာကြီး သခင်ဘသောင်းက   “ယူဇနာ  နှစ်သိန်း လေးသောင်း အထုရှိသည့် ဤကမ္ဘာမြေကြီး ကျေပျက်မသွားသမျှ    ကာလပတ်လုံး မြန်မာပြည်သည်   ငါတို့ပိုင်သည့်ပြည် ဖြစ်သည်”ဟု အဓိပ္ပာယ်ဖွင့်ဆိုခဲ့သည်။ ဤမြန်မာပြည် မြန်မာနယ်နိမိတ်မြေပုံသည် နှစ်ပေါင်းထောင်ချီ မပျက်စီး ယနေ့ထက် တိုင် အဓွန့်ရှည် တည်တံ့လျက်ရှိသည်။ ကမ္ဘာမြေကြီး မပျက်စီးသရွေ့၊ ကမ္ဘာကြီး တည်ထွန်းသရွေ့ ဆက်လက်တည်တံ့ နေမည်ဖြစ်သည်။
ဤသီချင်းကို     သီဆိုလိုက်တိုင်း မျိုးချစ်စိတ်ဓာတ်၊ အမျိုးသားအားမာန်၊ တိုင်းပြည်ချစ်စိတ်များ တဖွားဖွား ဖြစ်ပေါ် လာသည်။ တစ်မျိုးသားလုံးစုရုံးညီညာ စိတ်ဓာတ်အားခွန်များ နိုးကြားလာသည်။ အသည်းဘဝင်အူလှိုက်  တလှိုက်လှိုက် တက်လာသော ဇာတိမာန်စိတ်ဟု ဆိုရ မည်ဖြစ်သည်။ ဤသီချင်းကို တစ်မျိုးသား လုံး တစ်တိုင်းပြည်လုံး သီကြွေးဟစ်ဆို ကြမည်ဆိုလျှင် အထက်ဘဝဂ်သို့တိုင် သိမ့်သိမ့်တုန်ဟည်းပြီး တစုတစည်းတည်း သော   လူမျိုး၊      တပေါင်းတစုတည်းသောနိုင်ငံကြီးအလား   ခံစားရသည်။ သို့မို့ကြောင့် အဖိုးတန် တို့ပြည် တို့မြေကြီး ကို   တန်ဖိုးထားကြရပေမည်၊  ချစ်မြတ် နိုးရပေမည်။ တို့ပြည်ထောင်စုကြီးအကျိုး ကို   ညီညာစွာသယ်ပိုး   ထမ်းဆောင်ကြ ရမည်ဖြစ်ပါသည်။
သမိုင်းပေးတာဝန်
ဤနိုင်ငံတော်သီချင်းဖြင့် ကျွန်ုပ်တို့ အားလုံး   သန္နိဋ္ဌာန်ပြုခဲ့ကြသည့်အတိုင်း ဘိုးဘွားအမွေအစစ်  ဤပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီးကို ကျွန်ုပ်တို့အားလုံး ချစ်မြတ်နိုးကြရပေမည်။ ချစ်မြတ်နိုးကြ သည့်အတိုင်း   ဤပြည်ထောင်စုကြီး မပြိုကွဲမပျက်စီးအောင် အသက်ပေး၍ ကာကွယ်စောင့်ရှောက်ကြရမည် ဖြစ်သည်။ ပြည်ထောင်စုကြီးကို ပြိုကွဲပျက်စီးအောင် ဖန်တီးသူမှန်သမျှကို  တိုက်ဖျက်ကြရ ပေမည်။ ပြည်ထောင်စုကြီး အစဉ်ထာဝရ တည်တံ့ခိုင်မြဲ   ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ကြရပေမည်။ ဤ တာဝန်များကို တပ်မတော်သည် သမိုင်းပေး တာဝန်အဖြစ် ကျေပွန်စွာ ထမ်းရွက်လျက် ရှိသည်။   အဖိုးအနဂ္ဃထိုက်တန်သည့် တန်ဖိုးကြီးမားသော  ကျွန်ုပ်တို့ပိုင်နက် နယ်မြေနှင့်      တိုင်းပြည်အကျိုးကို တပ်မတော်နှင့်အတူ        ညီညာစွာ ထမ်းဆောင်ကြဖို့  ကာကွယ်စောင့်ရှောက် ကြရေးသည်လည်း   ကျွန်ုပ်တို့အားလုံး၏ သမိုင်းပေးတာဝန်ဖြစ်သည်။
မြန်မာနိုင်ငံ၏    ဖြတ်သန်းလာခဲ့ သော သမိုင်းကြောင်းတစ်လျှောက်တွင် ပြည်တွင်းရန်၊ ပြည်ပရန် အန္တရာယ်များစွာ တို့ကို တစ်တိုင်းပြည်လုံး ကြုံတွေ့ခဲ့ရသည့် အခြေအနေရှိခဲ့ဖူးသည်။   လွတ်လပ်ရေး ရရှိပြီးချိန်က ပြည်တွင်းသောင်းကျန်းမှု အန္တရာယ်ကြောင့်    တစ်တိုင်းပြည်လုံး မီးဟုန်းဟုန်းတောက်လောင်ပြီး   ပြိုကွဲ ပျက်စီးရတော့မည့်    အခြေအနေသို့ ရောက်ရှိခဲ့ဖူးသည်။ ၁၉၈၈ ခုနှစ် အရေး အခင်းကာလတွင်လည်း ပြည်တွင်းရန်၊ ပြည်ပရန်     အန္တရာယ်မျိုးစုံတို့ဖြင့် တစ်တိုင်းပြည်လုံး       ပြိုလဲတော့မည့် အခြေအနေသို့   ရောက်ခဲ့ဖူးပါသည်။ သို့သော် တပ်မတော်သည် မဆုတ်မနစ် သက်စွန့်ကြိုးပမ်း၍ ပြည်ထောင်စုကြီး ကို ကာကွယ်စောင့်ရှောက်ခဲ့သောကြောင့် အန္တရာယ်များမှ လွတ်မြောက်ခဲ့ပါသည်။ ပြည်ထောင်စုကြီးမပြိုမကွဲ     အဓွန့်ရှည် တည်တံ့ ခိုင်မြဲလျက်ရှိပါသည်။
ထိန်းသိမ်းကာကွယ်
တပ်မတော်သည်   နိုင်ငံတော်၏ သမိုင်းအစဉ်အလာကို   ထိန်းသိမ်းရင်း အခြားတစ်ဖက်၌   နိုင်ငံ​တော်ကို   အစဉ် ခြိမ်းခြောက်​နေသော ပြည်ပအင်အားကြီး နိုင်ငံကြီးတို့၏   ဝင်ရောက်စွက်ဖက်မှု၊ အမျိုးသားသစ္စာဖောက်များ၏ တိုက်ခိုက် ဖျက်ဆီးမှုများကို       အစဉ်သတိထား ကာကွယ်လျက်ရှိပါသည်။ တပ်မတော်နှင့် အတူ   စည်းလုံးညီညွတ်စွာ   ပူးပေါင်း လက်တွဲနိုင်ပါမှ   ပြည်ထောင်စုမြန်မာ နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် ပိုင်နက်နယ်မြေများ      ဆုံးရှုံးပျက်စီးမှု ရှိမည်မဟုတ်ပါ။ ပျက်စီးဆုံးရှုံးမှုမရှိအောင်  ပြင်ဆင်ထားကြရပေလိမ့်မည်။ လွတ်လပ် ရေးရပြီးကာလ          သမိုင်းကြောင်း တစ်လျှောက် ၁၉၄၉-၁၉၅၀ ကာလ၊ ၁၉၆၁-၁၉၆၂ ကာလ၊ ၁၉၈၈-၁၉၈၉ ကာလကကဲ့သို့ ပြည်ထောင်စုကြီးပြိုကွဲ တော့မည့်အရေးမျိုး ထပ်မံမဖြစ်ပေါ် လာအောင်          ထိန်းသိမ်းကာကွယ် စောင့်ရှောက်ကြရမည်ဖြစ်သည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာ လ ၂၇ ရက်နေ့မှစတင်၍ မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်း    နယ်စပ်ဒေသတွင် တိုင်းရင်းသား လက်နက်ကိုင်သောင်းကျန်း သူအဖွဲ့အချို့က   တိုက်ပွဲများကို    စတင် ဖော်ဆောင်လာခဲ့သည်။    
မြန်မာနိုင်ငံ    အရှေ့မြောက်ပိုင်းမှ ဒေသအချို့နှင့် စခန်းအချို့ ဆုံးရှုံးမှုရှိခဲ့သည်။ လက်နက်ကိုင် သောင်းကျန်းသူအဖွဲ့သုံးဖွဲ့ ရှေ့တစ်ဆင့်တိုး လုပ်ဆောင်ခဲ့ပါသည်။ ပွဲလန့်တုန်း ဖျာခင်းလိုသော အခြားအဖွဲ့ များကလည်း တိုက်ပွဲများ  ဖော်ဆောင် ခဲ့သည်။ မြန်မာနိုင်ငံ    ဒေသအချို့တွင် မြို့သိမ်း၊ ရွာသိမ်း၊ စခန်းသိမ်းနိုင်အောင် အားထုတ်မှုများရှိခဲ့သည်။ ဤအခြေအနေ သည်    တိုင်းပြည်ပြိုကွဲစေနိုင်သည့် အခြေအနေမဟုတ်သော်လည်း   ပြိုကွဲ အောင်   အားထုတ်နေခြင်းဖြစ်သည်ကို သတိပြုရမည်ဖြစ်သည်။
စစ်၏သဘောအရ
ထိုသို့သော   အခြေအနေများကို တိုင်းပြည်ပြိုကွဲစေနိုင်သော လုပ်ရပ်များ အဖြစ်      သင်ခန်းစာယူကြရပါမည်။   တိုင်းပြည်မှာ           ပြိုကွဲနိုင်သည့် အခြေအနေလုံးဝမဟုတ်ပါ။ သို့သော် ကြက်ပွဲကို   ဆင်ပွဲဖြစ်အောင်    ပြောဆို လှုံ့ဆော်နေမှုများရှိနေပါသည်။ တိုက်ပွဲ ဖြစ်ပွားရာဒေသများတွင် စစ်၏ဆိုးကျိုး များကို    ခံစားကြရသလို   အေးချမ်းစွာ နေထိုင်ကြရသောဒေသများမှ ပြည်သူများ မှာလည်း စိတ်နှလုံး ထိခိုက်ခံစားကြရပါ သည်။ စစ်တို့၏ သဘောတရားအရ ခံစစ်၊ ခွာစစ်၊ ချီစစ်၊ တိုက်စစ်ဟူ၍ ရှိပါသည်။ နွားရူးဆူးတိုး မထောက်မထား တိုက်ကြသူ များမှာ သောင်းကျန်းသူများသာဖြစ်ပါသည်။ တပ်မတော်အနေဖြင့်    သောင်းကျန်းသူ များကို        ထိရောက်ချေမှုန်းနေသလို အကြောင်းအမျိုးမျိုးကို   ထောက်ထား၍ စစ်၏သဘောအရ     ဆောင်ရွက်ရပါသည်။
အထူးသဖြင့်  တိုင်းရင်းသားပြည်သူ များကို ထောက်ထားရပါသည်။ အဆုံးအရှုံး အနစ်နာခံရမှုများလည်းရှိပါသည်။ စစ်ဦး ဘီလူး မီးကုန်ယမ်းကုန် အဆင်အခြင်မဲ့ တိုက်ခိုက်လျှင်      မြေစာပင်ဖြစ်ကြရ ပြီး   ထိခိုက်ခံစားကြရမည့်သူများမှာ တိုင်းရင်းသားပြည်သူများသာ ဖြစ်ပါသည်။ အထူးသဖြင့်  အိမ်နီးချင်းနိုင်ငံ  နယ်စပ် ဒေသများနှင့် မြို့ရွာများတွင် အထူးဆင်ခြင် ဆောင်ရွက်ကြရပါသည်။   ဤသို့သော ဆင်ခြင်ဆောင်ရွက်နေသည့် အခြေအနေကို  အခွင့်ကောင်းယူ သွေးနားထင်ရောက်ပြီး တပ်မတော်တွင်       အင်အားမရှိတော့ သယောင်၊  ပြိုကွဲပျက်စီးတော့မယောင်၊ တိုင်းပြည်ကြီး     အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲတော့မယောင် ပြောဆိုနေမှုများကို နားမယောင်မိဖို့လိုပါသည်။
တိုင်းပြည်ကိုချစ်မြတ်နိုး
တပ်မတော်သည်   တိုင်းပြည်ကြီး တစ်ခုလုံးကိုမဆိုနှင့်၊ ပြည်နယ်ဒေသတစ်ခု၊ မြို့ကြီးပြကြီးတစ်ခုတလေကိုမျှ    အထိ အပါး  အစွန်းအထင်းခံမည်မဟုတ်ပါ။ ထိပါးလာလျှင်လည်း   သည်းမခံ၊   အပြတ် အသတ် ချေမှုန်းသွားမည်ဖြစ်သည်။ ယခု နယ်စပ်မြို့      ရွာပြင်ကနားများတွင် သောင်းကျန်းသူများနှင့် တိုက်ခိုက်မှုများ ရှိနေပါသည်။    ထိုတိုက်ပွဲများထက် လေတိုက်ပွဲများက အကြီးမားဆုံးဖြစ်နေ သည်ကို တွေ့ရမည်ဖြစ်သည်။ လက်ရှိတွင် တိုက်ပွဲများကြောင့် စိတ်ထိခိုက်ကြရသည်။ လေဒဏ်သင့်၍ ပြည်သူများ စိတ်နှလုံး မသာမယာဖြစ်ကြရပါသည်။ ကာလတစ်ခု တော့ ကြာရှည်မည်ဖြစ်သည်။ မုန်တိုင်းစဲ လျှင် လေပြည်လေညင်းလေးများ လာပါ လိမ့်မည်။ တိုင်းရင်းသားပြည်သူအားလုံး ပြည်ထောင်စုကြီးကို   ချစ်မြတ်နိုးသော စိတ်ဓာတ်များရှိရန်သာလိုပါသည်။
ပွင့်ပွင့်လင်းလင်းဆိုရလျှင်   သမိုင်း ကြောင်းတစ်လျှောက် အမျိုးမျိုးအဖုံဖုံ သွေးထိုးလှုံ့ဆော်   သွေးခွဲမှုများကြောင့် တပ်မတော်အပေါ် အထင်အမြင်လွဲမှားမှု များရှိခဲ့ပါသည်။ သို့သော် တိုင်းပြည်ကို အသက်ပေး    ကာကွယ်စောင့်ရှောက် နေသည့်    တပ်မတော်၏    စိတ်ဓာတ်နှင့် သဘောထားအမှန်ကို   သိမြင်နားလည် သဘောပေါက်ကြသောကြောင့် တပ်မတော် နှင့်အတူလက်တွဲ၍   နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်၊ နိုင်ငံတော်ကို တည်ဆောက်ခဲ့ကြပါသည်။ သောင်းကျန်း သူအဖျက်သမားများကို ဆန့်ကျင်ရှုတ်ချ ကြသည်။ တစ်ဖန် တပ်မတော်ကို အမျိုးမျိုး သပ်သျှိုသွေးခွဲကြပြန်သည်။ တစ်နည်းတစ်ဖုံ ပြိုကွဲပျက်စီးရန်    ပြုလုပ်ကြပြန်သည်။ သို့သော် တပ်မတော်၏ ဆောင်ရွက်ချက်နှင့် သောင်းကျန်းသူများ၏ လုပ်ရပ်များကို ပြည်သူများ  ကွဲကွဲပြားပြား သိလာကြသည်။
အဖြူနှင့်အမည်းကွဲ
တိုင်းပြည်ကို ဖျက်လိုဖျက်ဆီးလုပ်ရပ် များကြောင့် တိုက်ပွဲဖြစ်ပွားရာဒေသများ တွင် လမ်းပန်းဆက်သွယ်ရေးပြတ်တောက် ကုန်သည်။ မြို့ရွာများ ပျက်စီးကြေမွကုန် သည်။ စေတီဘုရား၊ ကျောင်း၊ ကန်၊ ဇရပ် များ ဖျက်ဆီးခြင်းခံလိုက်ရသည်။ ဒေသခံ ပြည်သူများ   ထိခိုက်ပျက်စီးကြရသည်။ စစ်ဘေးရှောင်ပြည်သူများအဖြစ် ဆင်းရဲ ဒုက္ခရောက်ကြရသည်။       လမ်းပန်း ဆက်သွယ်ရေး ပြတ်တောက်သွားသော ကြောင့်  စားရေရိက္ခာရှားပါးကြီးမြင့်မှု များနှင့် ကြုံကြရသည်။ အလုပ်အကိုင်ပျက်၊  စီးပွားပျက်ကာ    လူမှုစီးပွားဘဝများ ဆုံးရှုံးနစ်နာကြရသည်။    ဤသို့သော အခြေအနေမျိုးသို့          ရောက်အောင် သောင်းကျန်းသူများက   ဖန်တီးခဲ့ခြင်းသာ ဖြစ်သည်။
ယခုအခါ အဖြူနှင့်အမည်း၊ အလင်းနှင့် အမှောင် ကွဲကွဲပြားပြား သိလာကြရသည်။ ရှမ်းပြည်နယ်၊   ရခိုင်ပြည်နယ်  တိုက်ပွဲများ ဖြစ်ပွားရာဒေသများမှ       ပြည်သူများ အတိဒုက္ခရောက်နေသည်များကို မြင်တွေ့ နေရသည်။ ညည်းတွားသံများကို ကြားနေရ သည်။          
တိုက်ပွဲဖြစ်သဖြင့်         တရားဥပဒေ စိုးမိုးရေးပျက်ပြားသည့် ဒေသများတွင် သွားလာခဲ့ကြသော တိုင်းရင်းသားပြည်သူ များ၏ ကိုယ်တွေ့ဖြစ်ရပ်များကို ဤသို့ ကြားသိခဲ့ရသည်။ လမ်းတစ်လျှောက်တွင် KIA နှင့်တွေ့လျှင်၊  TNLA နှင့်တွေ့လျှင်၊ AA နှင့်တွေ့လျှင်၊   PDF နှင့်တွေ့လျှင် ပြည်သူတစ်ဦးလျှင် တစ်ယောက် မည်ရွေ့ မည်မျှ​ပေးဟု ဆက်ကြေးကောက်ခြင်း ခံကြရသည်။   တစ်ဖွဲ့တွေ့တိုင်း  တစ်ဖွဲ့ တွေ့တိုင်း   ဆက်ကြေးပေးကြရသည်။ ခရီးသည်တင်ယာဉ်၊ ကုန်တင်ယာဉ်များ ဆိုလျှင် အဆမတန်ပေးကြရသည်။
လုပ်ကြံဝါဒဖြန့်
သူခိုးကြီးတော့ ဓားပြ၊    ဓားပြကြီး တော့ သူပုန်၊ သူပုန်ကြီးတော့ သောင်းကျန်း သူများ ဖြစ်လာကြသည်။ သောင်းကျန်းသူ များသည်   လူသတ်၊          ဓားပြတိုက်၊ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးပြီး   ဒီမို ကရေစီအရေး၊     ဖက်ဒရယ်အရေး၊ တော်လှန်ရေးလုပ်နေတာပါဟု   အသံ ကောင်းဟစ်နေကြသည်။    ပြည်ဖျက် မီဒီယာများကလည်း   တပ်မတော်ကို သောင်းကျန်းသူ၊  အကြမ်းဖက်သမား။ သောင်းကျန်းသူကို      ကယ်တင်ရှင် တော်လှန်ရေးသမားဟု ပြောင်းပြန်လှန် ဖော်ပြနေကြသည်။    တပ်မတော်ကြီး ပြိုလဲနေသယောင်၊    တိုင်းပြည်ကြီး အစိတ်စိတ်အမြွှာမြွှာ   ပြိုကွဲနေသယောင်၊ ဖက်ဒရယ်တပ်ကြီး      ရောက်လာတော့ မယောင်၊ တိုင်းပြည်ကို ကယ်တင်တော့ မယောင် မဟုတ်မမှန် လုပ်ကြံဝါဒဖြန့်သတင်း များ အဆက်မပြတ် ထုတ်လွှင့်ကြသည်။ ပြည်သူများ ကြောက်ရွံ့အောင်၊ တွေဝေ အောင်  တစိုက်မတ်မတ် ပြုလုပ်ကြသည်။
သောင်းကျန်းသူများသည်     မူလ ကတည်းက      လက်နက်အားကိုးဖြင့် နယ်မြေလု၊    အာဏာတည်ဆောက်၊ ဆက်ကြေးကောက်၊ လူသစ်စုဆောင်း၊ ဓားပြတိုက်၊     လုယက်၊    မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းချ၊      တိုင်းပြည်၏ သယံဇာတပစ္စည်းများ ခိုးထုတ်ရောင်းချ ပြီး လက်နက်လူသူစုဆောင်း၍ အင်အား တောင့်တင်းအောင် ပြုလုပ်ခဲ့ကြသည်။ တိုင်းပြည်ကို    ပြိုကွဲပျက်စီးအောင် ပြုလုပ်ကြသည်။ တိုင်းရင်းသားပြည်သူ များကို အနိုင်ကျင့်နှိပ်စက် သတ်ဖြတ် နေကြသည်။ ၎င်းတို့သည် တိုင်းရင်းသား အမည်ခံ  အမျိုးသားသစ္စာဖောက် အဖျက် သမားများသာဖြစ်သည်။ တစ်နည်းဆိုပါ လျှင်လည်း    အမျိုးသားသစ္စာဖောက် ပြည်ထောင်စုကိုဖျက်ဆီးသူ အကြမ်းဖက် အဖျက်သမားများသာဖြစ်သည်။
ပြည်ထောင်စုကိုကာကွယ်
ယနေ့အချိန်အခါတွင်  တိုင်းရင်းသား ဟု    အမည်ခံထားသူ   လက်နက်ကိုင် သောင်းကျန်းသူများ   ထကြွလာခြင်း၏ အကြောင်းအချက်များတွင် အချင်းချင်း မညီညွတ်မှု၊ သွေးကွဲမှုတို့သည် အဓိက ကျသည့်အချက်ဖြစ်သည်။ မညီညွတ်သည့် အခါ    အဖျက်အားကြီးမားလာသည်။ မိမိတို့အချင်းချင်းသွေးကွဲမှုသည် တိုင်းရင်း သားအမည်ခံ    သောင်းကျန်းသူများ အချက်ဖြစ်ခဲ့သည်။ ဗမာဆိုလျှင် လက်မခံ၊ စေတီပုထိုးများပါ            ဖြိုဖျက်မှုများ၊ နိုင်ငံတော်အလံအား         ဖြုတ်ချကာ သောင်းကျန်းသူအလံအား လွှင့်ထူလိုက်ကြ ပုံများမှာ    အသည်းနာစရာကောင်းလှ သည်။   ဗမာ  PDF  တွေသေနေတာ ငါတို့တွေမသေဘူးဆိုသည့်       TNLA ခေါင်းဆောင်တစ်ဦး၏စကား၊ NUG က မင်းတို့ဗမာ PDF တွေ  ငါတို့ကို  ထိုးပေး သွားတာဆိုသည့် MNDAA ခေါင်းဆောင် တစ်ဦး၏ စကားတို့သည် သွေးခွဲဖျက်ဆီးမှု အဖြစ် ထင်ရှားပေသည်။ တိုင်းရင်းသားရေး လည်းမဟုတ်၊ ဖက်ဒရယ်ရေးလည်းမဟုတ်၊ ကိုယ်ကျိုးစီးပွားအတွက် မြန်မာပြည်မြေပုံ ကို   ပျက်စီးအောင်   ပြုလုပ်နေခြင်းသာ ဖြစ်သည်။
ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးသည် နှစ်ပေါင်းထောင်ချီရှည်လျားသည့် ကာလတစ်လျှောက်လုံး ဗမာတိုင်းရင်းသား အပါအဝင်  တိုင်းရင်းသားလူမျိုးစုများအားလုံး အတူတကွလက်တွဲ နေထိုင်ခဲ့ ကြသည်။ မရှိအတူ ရှိအတူ အေးအတူပူအမျှ ရိုင်းပင်းကူညီ     စာနာနားလည်မှုဖြင့် အတူနေထိုင်ခဲ့ကြသည်။ တစ်ဦးကိုတစ်ဦး လေးစားချစ်ခင်   ဆက်ဆံနေထိုင်ခဲ့ကြ သည်။   ပြည်ပရန်စွယ်အန္တရာယ်များကို တိုင်းရင်းသားလူမျိုးများ   အတူပူးပေါင်း လက်တွဲပြီး တွန်းလှန်ကာကွယ်ခဲ့ကြသည်။ ဤအမိပြည်ထောင်စုကြီးသည်   ကမ္ဘာ့ မြေပုံပေါ်တွင်     ထည်ထည်ဝါဝါ     ခံ့ခံ့ ညားညား   မပြိုမကွဲခိုင်မြဲ  ယနေ့ထက် တိုင်အောင် တည်တံ့ဖြစ်ထွန်းလျက်ရှိသည်။ နောင်ကမ္ဘာတည်သရွေ့ ဤနိုင်ငံတော်ကြီး မပျက်မယွင်း ဆက်လက်တည်ထွန်းနေ မည်ဖြစ်သည်။ ပြည်ပရန်စွယ်အန္တရာယ် များကြောင့်လည်းကောင်း၊ တိုင်းရင်းသား အမည်ခံ အမျိုးသားသစ္စာဖောက်တစ်စု၏ ဖျက်ဆီးမှုကြောင့်လည်းကောင်း ဤပြည် ထောင်စုကြီးကို   ပွန်းပဲ့ထိခိုက်အောင် ပြုလုပ်မှုမှန်သမျှကို    တိုင်းရင်းသား ပြည်သူများနှင့်ဖွဲ့စည်းထားသည့် တစ်ခု တည်းသော တပ်မတော်ကြီးက တိုက်ခိုက် ချေမှုန်းသွားမည်ဖြစ်သည်။ ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်သည်။
ထို့ကြောင့်   ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ နိုင်ငံတော်သီချင်းဖြင့် ကျွန်ုပ်တို့အားလုံး အဓိဋ္ဌာန်ပြုထားသည့် အတိုင်း      ကျွန်ုပ်တို့ပြည်ထောင်စုဖွား တိုင်းရင်းသားပြည်သူအပေါင်းတို့သည် တရားမျှတလွတ်လပ်သည့်   အမိမြေ၊ တန်းတူညီမျှ ဝါဒဖြူစင်သည့် ကျွန်ုပ်တို့၏ မြေ၊ ပြည်ထောင်စုအမွေ အမြဲတည်တံ့ အောင် စည်းလုံးညီညွတ်မှုဖြင့် ထိန်းသိမ်း ကာကွယ် စောင့်ရှောက်သွားကြရမည် ဖြစ်ပါသည်။ ဤကမ္ဘာမြေကြီး မပျက်စီး သရွေ့၊ ကမ္ဘာကြီး တည်ထွန်းနေသရွေ့ ဆက်လက်အဓွန့်ရှည် တည်တံ့အောင် တပ်မတော်နှင့်အတူလက်တွဲ၍ ထိန်းသိမ်း ကာကွယ်   စောင့်ရှောက်သွားကြရမည် ဖြစ်ပါကြောင်း။         ။