
ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
============================================
နေပြည်တော် ဒီဇင်ဘာ ၁၁
ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအား ငွေကြေးထောက်ပံ့မှုနှင့်ပတ်သက်၍ တိုင်ကြားစာများအပေါ် စိစစ်ဆောင်ရွက်မှုအခြေအနေများနှင့် အထွေထွေ အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များနှင့်စပ်လျဉ်းသည့် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပ သည်။
အစည်းအဝေးတွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမင်းသူက ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု များအား ငွေကြေးထောက်ပံ့မှုနှင့်ပတ်သက်၍ တိုင်ကြားစာများအပေါ် စိစစ် ဆောင်ရွက်မှုများကို စနစ်တကျ ဆောင်ရွက်ရန်ကိစ္စရပ်များ၊ ပြည်သူများထံ စနစ်တကျ အသိပေးတင်ပြရန်ကိစ္စရပ်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ လုပ်ငန်းတာဝန်များကို ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရန်ကိစ္စရပ်များနှင့်စပ်လျဉ်း၍ စနစ်တကျ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ကြရန်နှင့် မိမိတို့အနေဖြင့် အထွေထွေအုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲ ရေးလုပ်ငန်းစဉ်များကိုလည်း ပြန်လည်လေ့လာဆန်းစစ်သုံးသပ်ကာ COVID-19 စည်းကမ်းချက်များနှင့်အညီ ဦးစားပေးလုပ်ငန်းစဉ်များ ဖော်ထုတ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း မှာကြားခဲ့ပြီး နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် အုပ်ချုပ်ရေးမှူးများက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို တင်ပြကြ သည်။
တက်ရောက်
အစည်းအဝေးသို့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်မြင့်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တိုင်း ဒေသကြီး/ ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြသည်။
သတင်းစဉ်