ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၁) အမှုထမ်းများ အရည်အချင်းမြှင့် မွမ်းမံသင်တန်း အမှတ်စဉ် (၁/၂၀၂၂) သင်တန်းဆင်းပွဲကျင်းပ

 

နေပြည်တော်   ဖေဖော်ဝါရီ  ၁၁


ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီး ဌာန(၁)  အမှုထမ်းများ   အရည် အချင်းမြှင့်  မွမ်းမံသင်တန်းအမှတ် စဉ်   (၁/၂၀၂၂)  သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်း တွင်  ဝန်ကြီးရုံး   ရုံးအမှတ်(၄၁) အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စု     အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန(၂)     ပြည်ထောင်စု ဝန်ကြီး  ဦးချစ်နိုင်  တက်ရောက် အမှာစကား ပြောကြားသည်။

 


ထို့နောက်       ပြည်ထောင်စု ဝန်ကြီးက သင်တန်းတွင် ပထမဆု ရရှိသူ  ဒုတိယဦးစီးမှူး   ဒေါ်ငြိမ်း ဆုသာ၊ ဒုတိယဆုရရှိသူ  ဒုတိယ ဦးစီးမှူး ဦး​ဝေဖြိုးအောင်နှင့် တတိယ ဆုရရှိသူ     အကြီးတန်းစာရေး  ဦးအောင်ကျော်စိုးတို့ကို ဂုဏ်ပြုဆု များ  တစ်ဦးချင်းချီးမြှင့်သည်။ 

 


အဆိုပါ သင်တန်းကို ဇန်နဝါရီ ၃၁ ရက်မှစတင်၍  ရက်သတ္တပတ် နှစ်ပတ်ကြာ  လုပ်ငန်းခွင်မပျက် ပို့ချခဲ့ခြင်းဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ ၃၃ ဦး တက်ရောက် ခဲ့ကြောင်း သိရသည်။  

သတင်းစဉ်