ပြည်ထောင်စုအစိုးရအဖွဲ့ လုပ်ငန်းဆောင်ရွက်ချက်များနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေး ဒုတိယနေ့ဆက်လက်ကျင်းပပြုလုပ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်၍ လိုအပ်သည်များ လမ်းညွှန်မှာကြား

 

စိုက်ဧကများမှ ထွက်ရှိလာသည့် စပါးများနှင့်ပဲတီစိမ်းများကို နိုင်ငံတော်အစိုးရမှဦးစီး၍ ပြည်ပသို့တင်ပို့နိုင်ရေး စီစဉ်ဆောင်ရွက်

 

နေပြည်တော်    ဩဂုတ်    ၉


ပြည်ထောင်စုအစိုးရအဖွဲ့ လုပ်ငန်းဆောင်ရွက်ချက်များနှင့်  စပ်လျဉ်းသည့်  ညှိနှိုင်းအစည်းအဝေး ဒုတိယနေ့ကို ယနေ့နံနက်ပိုင်းတွင်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ လိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။

 


အစည်းအဝေးသို့   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီဝင်များ၊ အတွင်း ရေးမှူးနှင့် တွဲဖက်အတွင်းရေးမှူး၊ ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ်များ၊      ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊   တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊   ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဥက္ကဋ္ဌများ တက်ရောက်ကြသည်။

 


ဦးစွာ အစည်းအဝေးအစီအစဉ်အတိုင်း ကျင်းပ ပြုလုပ်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ် များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌများက တိုင်းဒေသကြီးနှင့်   ပြည်နယ်အလိုက်၊   ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသများအလိုက် ဒေသ၏ အုပ်ချုပ် ရေး၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးမွေးမြူ ရေး၊ စည်ပင်သာယာရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက် ပြီးစီးမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက် သွားမည့်အခြေအနေများကို        လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီးများက ဝန်ကြီးဌာနများအလိုက် ရည်မှန်းချက်နှင့် ဦးတည်ချက်များ၊ လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့်  တိုးတက်မှုအခြေအနေများ၊ ရှေ့လုပ်ငန်းစဉ်များ၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက် ရေး အခြေအနေများ၊ နိုင်ငံစီးပွာရေး ဖွံ့ဖြိုးတိုးတက် ရန်နှင့်      တည်ငြိမ်အေးချမ်းမှုများ    ရရှိရန်အတွက် ဆောင်ရွက်နေမှုအခြေအနေများကို Powerpoint ဖြင့် ရှင်းလင်းတင်ပြကြသည်။

 


ရှင်းလင်းတင်ပြမှုများအပေါ်     နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ဒေသတွင်း ဝမ်းစာဖူလုံရေးသည် အရေးကြီးကြောင်း၊ ထို့ကြောင့် စပါးစိုက်ပျိုးမှုများကို        ဦးစားပေးဆောင်ရွက်၍ တစ်ဧက       အထွက်နှုန်းများ   တိုးတက်အောင် ဆောင်ရွက်ကြရန်လိုကြောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူ ရေးလုပ်ငန်းများကို အခြေခံသည့် ကုန်ထုတ်လုပ်မှု လုပ်ငန်းများကို အားပေးဆောင်ရွက်ရန်လိုကြောင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ   စီမံခန့်ခွဲမှုရန်ပုံငွေ မှ   နိုင်ငံစီးပွားရေး    ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငွေကျပ်ဘီလီယံ  ၄၀၀  ကို   သီးသန့်ရန်ပုံငွေတစ်ရပ် ထူထောင်ပြီး စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာ ၌ ပထမဦးစားပေးအနေဖြင့် ယခုနှစ်နွေစပါးစိုက်ပျိုး မှုနှင့် ပဲတီစိမ်းစိုက်ပျိုးမှုများအတွက် နိုင်ငံတော် အနေဖြင့် ငွေကြေးစိုက်ထုတ်ဆောင်ရွက်၍ တောင်သူ များ စိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက်ရာတွင် လိုအပ် သည့် မြေဩဇာ၊ မျိုးနှင့် စက်မောင်းဆီများရရှိရေး စီမံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း လမ်းညွှန် ဆွေးနွေးသည်။

 


ဆက်လက်၍  အဆိုပါစိုက်ဧကများမှ ထွက်ရှိ လာသည့် စပါးများနှင့် ပဲတီစိမ်းများကို နိုင်ငံတော် အစိုးရမှဦးစီး၍    ပြည်ပသို့တင်ပို့နိုင်ရေး   စီစဉ် ဆောင်ရွက်သွားရန်လိုကြောင်း၊     စပါးနှင့်  ပဲများ   ထွက်ရှိမှုအပေါ် မူတည်၍ အကျိုးအမြတ်များထဲမှ တောင်သူများအနေဖြင့် သင့်တော်သည့် အကျိုးခံစား ခွင့်ရရှိမည်ဖြစ်ကြောင်း၊   ထိုသို့ဆောင်ရွက်ခြင်း အားဖြင့် တောင်သူများအနေဖြင့် ငွေကြေးစိုက်ထုတ် ရန်    လိုအပ်မှုမရှိခြင်းကြောင့်    တောင်သူများ၏ လူမှုစီးပွားဘဝများ   ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ် ကြောင်း    ပြောကြားပြီး    အခြားလိုအပ်သည်များ လမ်းညွှန်မှာကြား၍ ညနေပိုင်းတွင် အစည်းအဝေးကို ရပ်နားလိုက်ကြောင်း သတင်းရရှိသည်။


သတင်းစဉ်