ပြည်ထောင်စု ကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီ အစည်းအဝေးကျင်းပ

 

နေပြည်တော်  ဒီဇင်ဘာ ၇


ပြည်ထောင်စု ကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီ (၂/၂၀၂၃) အစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၌ ကျင်းပသည်။
အစည်းအဝေးသို့  ပြည်ထောင်စု ကုန်ဈေးနှုန်း တည်ငြိမ်ရေးကော်မတီဥက္ကဋ္ဌ၊  ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန    ပြည်ထောင်စု ဝန်ကြီး ဦးဝင်းရှိန်၊ ကော်မတီဒုတိယဥက္ကဋ္ဌ၊ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးထွန်းအုံ၊      ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊      ညွှန်ကြားရေးမှူးချုပ်များ၊ စည်ပင်သာယာရေးကော်မတီ  အတွင်းရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး  တိုင်းဒေသကြီး/ ပြည်နယ်များမှ   ဝန်ကြီးချုပ်များ၊     နေပြည်တော် ကောင်စီအဖွဲ့ဝင်၊  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်       စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌနှင့်  မြန်မာနိုင်ငံ  ဆန်စပါးအသင်း ချုပ်ဥက္ကဋ္ဌတို့က ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက် ကြသည်။
ဆန်၊  စားသုံးဆီ ဈေးနှုန်းများ တည်ငြိမ်ရေးဆွေးနွေး
အစည်းအဝေးတွင်  ပြည်ထောင်စု ကုန်ဈေးနှုန်း တည်ငြိမ်ရေးကော်မတီဥက္ကဋ္ဌ၊  ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က    ပြည်ထောင်စု နယ်မြေနှင့်  တိုင်းဒေသကြီး/ ပြည်နယ်အားလုံးတွင် ကုန်ဈေးနှုန်းတည်ငြိမ်ရေး      လုပ်ငန်းအဖွဲ့များကို နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်     တိုင်းဒေသကြီး/ ပြည်နယ်ဝန်ကြီးချုပ်များ   ဦးဆောင်၍     ဖွဲ့စည်း ဆောင်ရွက်လျက်ရှိကြောင်း၊    ကော်မတီအနေဖြင့် ကုန်ဈေးနှုန်းတည်ငြိမ်ရေးအတွက်   အဓိကကျသည့် ဝန်ကြီးဌာနများမှ      ပြည်ထောင်စုဝန်ကြီးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးများ  ကျင်းပပြီး အဓိက စားသောက်ကုန်ဖြစ်သည့်  ဆန်၊  စားသုံးဆီ ဈေးနှုန်း များ တည်ငြိမ်ရေးဆွေးနွေးခဲ့ကြောင်း။
စားအုန်းဆီဖြန့်ဝေရန်  လျာထားမှု၊    သတ်မှတ် သည့်နေရာသို့    အမှန်တကယ်   ရောက်ရှိမှု ရှိ/မရှိ၊ ဈေးကွက်အတွင်း အမှန်တကယ် ဖြန့်ဖြူးရောင်းချပေး မှု ရှိ/မရှိ    ကြပ်မတ်ဆောင်ရွက်ရေး၊    စားအုန်းဆီ တင်သွင်းမှုပမာဏ  အပြည့်အဝဖြစ်စေရေးနှင့် ပြည်ပ သို့  ဆန်တင်ပို့မည့်သူများကို  သတ်မှတ်ချက်များနှင့် ကိုက်ညီမှု  ရှိ/မရှိ  စိစစ်ပြီးမှ  လိုင်စင်ထုတ်ပေးနိုင် ရေးတို့ကို     ဆွေးနွေးဆောင်ရွက်လျက်ရှိကြောင်း၊ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက  သက်ဆိုင်ရာ တိုင်းဒေသ ကြီး/  ပြည်နယ်ရှိ ဒေသအရောက် စားအုန်းဆီ အခြေခံ လက်ကား  ရည်ညွှန်းဈေးနှုန်းများ  သတ်မှတ်ထုတ်ပြန် ဆောင်ရွက်လျက်ရှိကြောင်း၊  ဈေးကွက်ထဲသို့ အမှန် တကယ်  ဖြန့်ဖြူးရောင်းချပေးရန်  တိုင်းဒေသကြီး/ ပြည်နယ် ကုန်ဈေးနှုန်းတည်ငြိမ်ရေး   လုပ်ငန်းအဖွဲ့ များက စနစ်တကျ ကြပ်မတ်သွားရန် လိုအပ်ကြောင်း။
ကုန်ဈေးနှုန်းတည်ငြိမ်ရေးအတွက် ပြည်ထောင်စု ကုန်ဈေးနှုန်းတည်ငြိမ်ရေး        ကော်မတီအနေဖြင့် မြန်မာနိုင်ငံ  ကုန်သည်များနှင့် စက်မှု၊ လက်မှုလုပ်ငန်း ရှင်များ   အသင်းချုပ်နှင့်    ညီနောင်အသင်းအဖွဲ့များ ဖြစ်သည့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၊ မြန်မာ နိုင်ငံ   ဆီကုန်သည်နှင့်     ဆီလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ   ဆီစက်ပိုင်ရှင်များအသင်း၊     မန္တလေး တိုင်းဒေသကြီး  ကုန်သည်များနှင့်    စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းတို့မှ   ကိုယ်စားလှယ်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့ပြီး   ဆန်စပါး ဥပဒေပြဋ္ဌာန်းနိုင်ရေးနှင့်  ၂၀၂၃  ခုနှစ် မိုးစပါးပေါ်ချိန် ဆန်စပါးဝယ်ယူရာတွင်  သင့်တင့်မျှတသော ဈေးနှုန်း များဖြစ်စေရန် ရည်ညွှန်းဈေးများဖြင့်  ဝယ်ယူရေးတို့ နှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့ကြောင်း။
အထောက်အကူပြုနိုင်မည်
လက်ရှိအချိန်တွင်  ဆန်စပါးသိုလှောင်ရုံ  မှတ်ပုံ တင်ခြင်း၊ ပို့ကုန်လုပ်ငန်းရှင် မှတ်ပုံတင်ခြင်း၊ ဆန်စက် မှတ်ပုံတင်ခြင်းလုပ်ငန်းများကို  Digital  နည်းလမ်း ဖြင့်   ဆောင်ရွက်နိုင်မည့်     Myanmar Rice Online (MyRO) စနစ်ကို ၂၀၂၃ ခုနှစ်    နိုဝင်ဘာ ၃ ရက်တွင် စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း၊      ဆန်စပါး သိုလှောင်မှုများ စနစ်တကျ   ရှိစေရေးအတွက် စပါး တင်း ၅၀၀၀ (သို့) ဆန်တန် ၅၀ အထက်  ဆန်စပါး သိုလှောင်မှုအခြေအနေတို့ကို   Myanmar Rice Online (MyRO) တွင် မှတ်ပုံတင်ခြင်းဖြင့်  ဆန်စပါးဈေးကွက် တည်ငြိမ်မှန်ကန်စွာ  ဖွံ့ဖြိုးတိုးတက်ရေးနှင့် သင့်တင့် မျှတတည်ငြိမ်သော  ဆန်ဈေးကွက်နှင့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေးကို  တစ်ဖက်တစ်လမ်းမှ အထောက် အကူပြုနိုင်မည်ဖြစ်ကြောင်း၊    မြန်မာနိုင်ငံ    အစား အသောက်နှင့်    ဆေးဝါးအာဏာပိုင်အဖွဲ့အနေဖြင့် လည်း    နိုင်ငံအတွင်း   အခြေခံစားသုံးသူပြည်သူများ အတွက် ကျန်းမာရေးနှင့် ပိုမိုညီညွတ်သော စားသုံးဆီ များ  ထုတ်လုပ်၊ တင်ပို့၊  ဖြန့်ဖြူး၊  ရောင်းချနိုင်ရေးနှင့် စပ်လျဉ်းပြီး     စနစ်တကျ   စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း။
  ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်
 မိုးသီးနှံများ    စိုက်ပျိုးခြင်းနှင့်    ပတ်သက်ပြီး စိုက်ပျိုးမြေများ    ရာနှုန်းပြည့်    အောင်မြင်အောင် ဆောင်ရွက်ရန်နှင့်         အထွက်နှုန်းကောင်းစေရေး ဆောင်ရွက်ရန် အဓိက  အလေးထားလုပ်ဆောင်ရမည် ဖြစ်ကြောင်း၊   ထို့ပြင်  စိုက်ဧက၊  အထွက်နှုန်းတို့နှင့် ပတ်သက်သည့်      စာရင်းအင်းကိန်းဂဏန်းအချက် အလက်များသည်   လက်တွေ့မြေပြင်အခြေအနေနှင့် ကိုက်ညီမှုရှိရန် လိုအပ်ကြောင်း၊  အခြေခံစားသောက် ကုန်ပစ္စည်းဈေးနှုန်းများအခြေအနေကို    မျက်ခြည် မပြတ်  စောင့်ကြည့်ပြီး  ဈေးနှုန်းပြောင်းလဲမှုဖြစ်ပေါ် ပါက     အကြောင်းရင်းကို    သေချာစိစစ်ဖော်ထုတ်၍ ဖြေရှင်းပေးနိုင်ရေး၊ ယင်းအခြေအနေကို အခွင့်ကောင်း ယူပြီး     ဈေးကစားခြင်း    မဖြစ်ပေါ်စေရေးအတွက် ဝိုင်းဝန်းထိန်းသိမ်းကြပ်မတ်နိုင်ရန်    လိုအပ်ကြောင်း၊ ပြည်ထောင်စု ကုန်ဈေးနှုန်း  တည်ငြိမ်ရေးကော်မတီ၏ လုပ်ငန်းတာဝန်များကို အောင်မြင်အောင် ဆောင်ရွက် သွားရန်အတွက်    ပြည်ထောင်စုအဆင့်ကော်မတီ၊ တိုင်းဒေသကြီး/ ပြည်နယ်     ဝန်ကြီးချုပ်များနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊  ပုဂ္ဂလိကအသင်းအဖွဲ့ အားလုံး    ဝိုင်းဝန်းပူးပေါင်း    ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသည်။
ဆွေးနွေးတင်ပြ
ထို့နောက်  ကော်မတီဒုတိယဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန  ပြည်ထောင်စု ဝန်ကြီးက      စားသုံးဆီဖြန့်ဖြူးခြင်းလုပ်ငန်းများ စနစ်တကျ ရှိစေရေး ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ၊ ကုန်ဈေးနှုန်းတည်ငြိမ်ရေးအတွက်  ဆောင်ရွက်သွား မည့် အခြေအနေများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် များ၏  ဝန်ကြီးချုပ်များ၊  ကော်မတီအဖွဲ့ဝင်များက မိမိတို့ ဒေသ/ဌာနအလိုက်   စားသောက်ကုန်ပစ္စည်း ထုတ်လုပ်မှုတိုးတက်ရေးနှင့်   ကုန်ဈေးနှုန်းတည်ငြိမ် စေရေး ဆောင်ရွက်နေမှုအခြေအနေများကို ဆွေးနွေး တင်ပြကြသည်။ 
ယင်းနောက် ပြည်ထောင်စု ကုန်ဈေးနှုန်းတည်ငြိမ် ရေးကော်မတီဥက္ကဋ္ဌက       သက်ဆိုင်ရာကဏ္ဍနှင့် ဒေသအလိုက်  ကုန်ဈေးနှုန်းတည်ငြိမ်စေရေးအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့်  လိုအပ်ချက်များကို ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။                                          

သတင်းစဉ်