
နေပြည်တော် ဒီဇင်ဘာ ၅
ပြည်ထဲရေးဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ လုံခြုံရေးကောင်စီ တို့အကြား တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင် ရွက်မှု ဝန်ကြီးအဆင့်ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည် တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC II) ၌ ကျင်းပသည်။
ဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံ ပေးပုဂ္ဂိုလ်၊ ပြည်ထဲရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင် ၍ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန (၂) ပြည်ထောင်စု ဝန်ကြီး ဦးကိုကိုလှိုင်၊ ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် လူမွန်၊ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်ချုပ် အောင်လင်းထွန်း၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီးနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး နီလင်း အောင်၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် တိုးရီ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးကျော်မျိုးထွဋ်၊ ပြည် ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီး ဌာန(၁) ဒုတိယဝန်ကြီး ဗိုလ်ချုပ် ခွန်သန့်ဇော်ထူးနှင့် အဆင့်မြင့် အရာရှိကြီးများ၊ ရုရှားဖက်ဒရေး ရှင်းနိုင်ငံ လုံခြုံရေးကောင်စီ အတွင်းရေးမှူး မစ္စတာ နီကိုလိုင်း ပတ်ထရူးရှက်ဖ် ဦးဆောင်သည့် အဆင့်မြင့်အရာရှိကြီးများ တက် ရောက်ကြသည်။
ညှိနှိုင်းဆွေးနွေး
ဆွေးနွေးပွဲတွင် နိုင်ငံတကာ မျက်နှာစာ၌ နှစ်နိုင်ငံ အပြန်အလှန် ဆက်ဆံရေးအခြေအနေ၊ စစ်ဘက် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ စစ်ဘက်နည်းပညာဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး၊ နိုင်ငံတကာ သတင်းအချက်အလက် လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးဆိုင်ရာ အဖွဲ့အစည်းများအကြား ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စရပ်များ၊ နှစ်နိုင်ငံကဏ္ဍစုံ ပူးပေါင်းဆောင် ရွက်ရေးကိစ္စရပ်များနှင့် မဟာ ဗျူဟာမြောက် မိတ်ဖက်ဆက်ဆံ ရေးဆိုင်ရာကိစ္စရပ်များကို ညှိနှိုင်း ဆွေးနွေးခဲ့ကြသည်။
နှစ်နိုင်ငံ ဝန်ကြီးအဆင့် ဆွေးနွေးပွဲနှင့် တစ်ဆက်တည်း မှာပင် “ကုန်သွယ်ရေးနှင့် စီးပွား ရေး ပူးပေါင်းဆောင်ရွက်မှု” ဆိုင်ရာ ဆွေးနွေးပွဲကို ကျင်းပရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်း ဦးဆောင်သည့် ကိုယ်စား လှယ်အဖွဲ့နှင့် ရုရှားဖက်ဒရေးရှင်း နိုင်ငံ စက်မှုလက်မှုနှင့် ကုန်သွယ် ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Albert KARIMOV ဦးဆောင် သည့် ကိုယ်စားလှယ်အဖွဲ့တို့ တက်ရောက်၍ လည်းကောင်း၊ ထို့နောက် “စားနပ်ရိက္ခာလုံခြုံ ရေး” ဆိုင်ရာ ဆက်စပ်ဆွေးနွေးပွဲ ကို ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဒေါက်တာ တင်ထွဋ် ဦးဆောင်သည့် ကိုယ်စား လှယ်အဖွဲ့နှင့် ရုရှားဖက်ဒရေးရှင်း နိုင်ငံ စိုက်ပျိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Sergei LEVIN ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့တို့ တက်ရောက်၍ လည်း ကောင်း၊ ယင်းနောက် “စွမ်းအင် ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး” ဆိုင်ရာ ဆက်စပ်ဆွေးနွေးပွဲကို ကျင်းပရာ လျှပ်စစ်စွမ်းအားဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးအေးကျော် နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးသန့်စင်တို့ ဦးဆောင် သည့် ကိုယ်စားလှယ်အဖွဲ့နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံပိုင် အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း(Rosatom)၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဌာန ညွှန်ကြားရေးမှူး Mr. Andrei BELYAKOV ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့ တက်ရောက် ၍ လည်းကောင်း၊ ဆက်လက်၍ “ဘဏ္ဍာရေးဆိုင်ရာ လုံခြုံရေး” ဆက်စပ်ဆွေးနွေးပွဲကို ကျင်းပ ရာ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ လင်း အောင် ဦးဆောင်သည့် ကိုယ်စား လှယ်အဖွဲ့နှင့် ရုရှားဖက်ဒရေးရှင်း နိုင်ငံ ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ Mr. Aleksei GUZNOV ဦးဆောင် သည့် ကိုယ်စားလှယ်အဖွဲ့တို့ တက် ရောက်၍ လည်းကောင်း ကဏ္ဍ အလိုက် နှစ်နိုင်ငံရှေ့ဆက်ပူးပေါင်း ဆောင်ရွက်နိုင်မည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
လက်မှတ်ရေးထိုး
ဆွေးနွေးပွဲအပြီးတွင် မြန်မာ-ရုရှားနှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက် ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ အမျိုးသား လုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ် ကြီး ရာပြည့်နှင့် ရုရှားဖက်ဒရေး ရှင်းနိုင်ငံ လုံခြုံရေးကောင်စီ အတွင်းရေးမှူး မစ္စတာ နီကိုလိုင်း ပတ်ထရူးရှက်ဖ်တို့က လက်မှတ် ရေးထိုးကြပြီး အမှတ်တရ လက် ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ကြသည်။
မှတ်တမ်းတင်ဓာတ်ပုံရိုက်
ထို့နောက် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ အစိုးရ တို့အကြား အပြည်ပြည်ဆိုင်ရာ သတင်းအချက်အလက်လုံခြုံရေး ကဏ္ဍတွင် ပူးပေါင်းဆောင်ရွက် ရေးဆိုင်ရာ သဘောတူညီချက်ကို နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီး ချုပ်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ လုံခြုံရေး ကောင်စီ အတွင်းရေးမှူး မစ္စတာ နီကိုလိုင်းပတ်ထရူးရှက်ဖ် တို့က လက်မှတ်ရေးထိုးခဲ့ကြပြီး အမှတ် တရ လက်ဆောင်ပစ္စည်းများအပြန် အလှန်ပေးအပ်ခဲ့ကာ စုပေါင်း မှတ် တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ညပိုင်းတွင် ရုရှားဖက်ဒရေး ရှင်းနိုင်ငံ လုံခြုံရေးကောင်စီ အတွင်းရေးမှူး မစ္စတာ နီကိုလိုင်း ပတ်ထရူးရှက်ဖ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား နိုင်ငံ တော် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ အမျိုးသားလုံခြုံရေး ဆိုင်ရာ အကြံပေးပုဂ္ဂိုလ်၊ ပြည်ထဲ ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးက ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့သည်။
ရုရှား ဖက်ဒရေးရှင်းနိုင်ငံ လုံခြုံရေးကောင်စီ အတွင်းရေးမှူး မစ္စတာ နီကိုလိုင်းပတ်ထရူးရှက်ဖ် ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့သည် ရုရှားနိုင်ငံ မော်စကို မြို့မှ အထူးလေယာဉ်ဖြင့် ထွက်ခွာ ခဲ့ပြီး နေပြည်တော်အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ယမန်နေ့ ည ၁၀ နာရီတွင် ရောက်ရှိခဲ့ရာ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီးနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး နီလင်း အောင် ဦးဆောင်သော ကိုယ်စား လှယ်အဖွဲ့က ကြိုဆိုခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်