ပြည်ထဲရေးဝန်ကြီးဌာနမိသားစုများက ဆွမ်းဆန်တော်လှူဒါန်း

 

နေပြည်တော်   မေ   ၂၁


ပြည်ထဲရေးဝန်ကြီးဌာန    တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း  အမှုထမ်းမိသားစုများက  မြို့နယ် အသီးသီးရှိ    ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ   ဆက်ကပ်လှူဒါန်းခြင်းကို ဆောင်ရွက်လျက်ရှိသည်။    

 


ထိုသို့ဆောင်ရွက်လျက်ရှိရာ     ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ      တပ်ကုန်း မြို့နယ်ရှိ      ပရဟိတမင်းကျောင်းတိုက်သို့ လည်းကောင်း၊  ကရင်ပြည်နယ်  ကော့ကရိတ် မြို့နယ်ရှိ သတိပဋ္ဌာန်ကျောင်းသစ်  ပရိယတ္တိ စာသင်တိုက်သို့လည်းကောင်း၊  မွန်ပြည်နယ် မော်လမြိုင်မြို့နယ်ရှိ ထူပါဇေယျုံ ကျောင်းတိုက် သို့လည်းကောင်း၊  ရခိုင်ပြည်နယ်  မာန်အောင် မြို့နယ်ရှိ        မြို့မကျောင်းတိုက်သို့လည်း ကောင်း(ဝဲပုံ)၊ ရှမ်းပြည်နယ် လားရှိုးမြို့နယ်ရှိ ဇမ္ဗူအေးအေတီ      တပ်ဦးကျောင်းတိုက်သို့     လည်းကောင်း၊        ဧရာဝတီတိုင်းဒေသကြီး      ပုသိမ်မြို့နယ်ရှိ  အာဇာနည်ကျောင်းတိုက်သို့   လည်းကောင်းဆရာတော်၊        သံဃာတော်များ အတွက်   ဆွမ်းဆန်တော်များကို   တာဝန်ရှိသူ များက   သွားရောက်ဆက်ကပ် လှူဒါန်းခဲ့ကြ ကြောင်း သိရသည်။    

                                
သတင်းစဉ်