ပြည်ထဲရေးဝန်ကြီးဌာနမိသားစုများက ဆွမ်းဆန်တော်လှူဒါန်း

 

နေပြည်တော်   မေ   ၁၈


ပြည်ထဲရေးဝန်ကြီးဌာန  တပ်ဖွဲ့ ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်း မိသားစုများက မြို့နယ်အသီးသီး ရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ   ဆက်ကပ် လှူဒါန်းလျက်ရှိသည်။    

 


ထိုသို့     လှူဒါန်းလျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီ နယ်မြေ     ဥတ္တရသီရိမြို့နယ်ရှိ ရာဇဌာနီ       သာမဏေကျော် ကျောင်းတိုက်သို့ လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်ရှိ ကြည်သာအေးမြ ကျောင်းတိုက်သို့ လည်းကောင်း၊   ရခိုင်ပြည်နယ် စစ်တွေမြို့နယ်ရှိ   မြို့မပရိယတ္တိ စာသင်တိုက်သို့   လည်းကောင်း ၊   ရန်ကုန်တိုင်းဒေသ ကြီး       ဒလမြို့နယ်ရှိ ကမာကဆစ် အလယ်ကျောင်း ပရိယတ္တိစာသင် တိုက်သို့ လည်းကောင်း၊     ရှမ်း ပြည်နယ်       တောင်ကြီးမြို့ရှိ   အောင်မြေဘုံစံ ကျောင်းတိုက်သို့ လည်းကောင်း၊  ဧရာဝတီတိုင်း ဒေသကြီး    လပွတ္တာမြို့နယ်ရှိ         လေးထပ်ပရိယတ္တိ စာသင်တိုက် သို့   လည်းကောင်း ဆရာတော်၊      သံဃာတော်များအတွက်       ဆွမ်း ဆန်တော်များကို တာဝန်ရှိသူများ က သွားရောက်ဆက်ကပ် လှူဒါန်း ကြကြောင်း သိရသည်။ 

 

သတင်းစဉ်