
နေပြည်တော် စက်တင်ဘာ ၉
ပြည်ထဲရေးဝန်ကြီးဌာန၏ ၂၀၂၂ ခုနှစ် (ဒုတိယအကြိမ်) မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ ဒက္ခိဏသီရိမြို့နယ် အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံးဧရိယာ၌ ကျင်းပခဲ့ပြီး ရတနာတန်းဝင် ကျွန်းပင် ၁၀၀၀ စိုက်ပျိုးပေးခဲ့ကြောင်း သိရသည်။
အဆိုပါ မိုးရာသီသစ်ပင် စိုက်ပျိုးပွဲသို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့်ဇနီး၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင်နှင့် ဇနီး၊ ဒုတိယဝန်ကြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲချုပ် ဗိုလ်ချုပ်ဇင်မင်းထက် နှင့်ဇနီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အရာထမ်း၊ အမှုထမ်းများ တက်ရောက်စိုက်ပျိုးပေးခဲ့ကြသည်။
ပြည်ထဲရေး ဝန်ကြီးဌာန၏ ပထမအကြိမ် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတွင် ရတနာတန်းဝင်ကျွန်း၊ မဟော်ဂနီ၊ ပိတောက်၊ သင်းဝင်၊ ခရေ၊ အရိပ်ရလေကာ မန်ဂျန်ရှား စသည့်အပင်စုစုပေါင်း ၁၁၂၀ ကို စိုက်ပျိုးခဲ့ကြောင်း၊ ဒုတိယအကြိမ် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတွင် ရတနာတန်းဝင် ကျွန်းပင် ၁၀၀၀ ကို စိုက်ပျိုးခဲ့ ကြောင်း၊ ယခုနှစ် မိုးရာသီ သစ်ပင် စိုက်ပျိုးကာလအတွင်း ပြည်ထဲ ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက် ရှိ တပ်ဖွဲ့/ဦးစီးဌာနများ၏ ရုံးချုပ် များနှင့် ဒေသအနှံ့ ရုံးဌာနအားလုံး တွင် ယနေ့အထိ ရတနာတန်းဝင် အပင်များ၊ အရိပ်ရလေကာပင် များ၊ သီးပင်စားပင်များ စုစုပေါင်း ၁၅၇၅၃၇ ပင် စိုက်ပျိုးနိုင်ခဲ့ ကြောင်းနှင့် သစ်တောသယံဇာတ များ ရေရှည်တည်တံ့စေရန်၊ ဂေဟစနစ်ထိန်းသိမ်းနိုင်စေရန်နှင့် သစ်တောထိန်းသိမ်းရေးလုပ်ငန်းများတွင် ပြည်သူများ တက်ကြွစွာ ပူးပေါင်းပါဝင်လာစေရန် ရည်ရွယ်ပြီး သစ်ပင်စိုက်ပျိုးပွဲများ ကျင်းပနေခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်