
နေပြည်တော် မေ ၁၃
ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့ ဝင်/ ဝန်ထမ်း အရာထမ်း၊ အမှု ထမ်း မိသားစုများသည် မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီးကျောင်း များသို့ သွားရောက်၍ ဆွမ်းဆန် တော်များ ဆက်ကပ်လှူဒါန်း လျက်ရှိသည်။
ထိုသို့ လှူဒါန်းလျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီ နယ်မြေ ဒက္ခိဏသီရိမြို့နယ်ရှိ ရွှေမြိုင်ကျောင်းတိုက်သို့ လည်း ကောင်း၊ ကချင်ပြည်နယ် မြစ်ကြီး နားမြို့နယ်ရှိ ကျောင်းထိုင် ဘုန်း တော်ကြီး သင်တန်းကျောင်းသို့ လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသ ကြီး မုံရွာမြို့နယ်ရှိ ဆည်တော်မြင် ကျောင်းတိုက်သို့ လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး မိုးညိုမြို့နယ် ရှိ စံကျောင်းတိုက်သို့ လည်း ကောင်း (ယာပုံ)၊ ရန်ကုန်တိုင်း ဒေသကြီး ရန်ကင်းမြို့နယ်ရှိ အောင်သုခ ပရိယတ္တိစာသင်တိုက် သို့ လည်း ကောင်း၊ ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့နယ်ရှိ လယ်တီ ပရိယတ္တိ စာသင်တိုက်သို့ လည်း ကောင်း တာဝန်ရှိသူများက သွား ရောက်၍ ဆရာတော်၊ သံဃာတော် များ အတွက် ဆက်ကပ်လှူဒါန်း ကြောင်း သိရသည်။
သတင်းစဉ်