ပြည်ထဲရေးဝန်ကြီးဌာန သင်္ကြန်ယိမ်းအဖွဲ့များ နေပြည်တော်ရှိ  မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင်   ရိုက်ကူးရေးဆောင်ရွက်

 

နေပြည်တော်    မတ်   ၂၂


မြန်မာသက္ကရာဇ်   ၁၃၈၄   ခုနှစ် မြန်မာ့ရိုးရာ     မဟာသင်္ကြန် ပွဲတော်ကို    နိုင်ငံတစ်ဝန်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပ နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိရာ  မြန်မာ့အသံနှင့်   ရုပ်မြင်သံကြား အနေဖြင့်လည်း “ခါသင်္ကြန်အဆို အက”   အစီအစဉ်ကို    ယခင်နှစ် များနည်းတူ   တင်ဆက်နိုင်ရေး ဌာနဆိုင်ရာများ၊ တက္ကသိုလ်နှင့် ကျောင်းများ၊    ပုဂ္ဂလိကအသင်း အဖွဲ့များမှ သင်္ကြန်ယိမ်းအဖွဲ့များ အား   ရိုက်ကူးရေး    ဆောင်ရွက် လျက်ရှိသည်။

 


ယနေ့       နံနက်ပိုင်းတွင် ပြည်ထဲရေးဝန်ကြီးဌာနမှ သင်္ကြန် ယိမ်းအဖွဲ့များသည်     နေပြည် တော်-တပ်ကုန်းရှိ   မြန်မာ့အသံ နှင့် ရုပ်မြင်သံကြားသို့ လာရောက် ၍       သင်္ကြန်တေးသီချင်းများ ဖြစ်သည့်     တစ်နှစ်နွမ်းတစ်နှစ် ဆန်း၊ ဘယ်လိုလူကြီးလဲ၊  တို့ယိမ်း ပထမ၊ မူရာကြော့နှင့် ပိတောက် လက်ဆောင် တေးသီချင်းများဖြင့် ရိုက်ကူးရေး ဆောင်ရွက်ခဲ့ကြသည်။

 


ထို့နောက် ပြည်ထဲရေးဝန်ကြီး ဌာနမှ  တာဝန်ရှိသူများနှင့်  ယိမ်း အဖွဲ့များသည်     မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ ပင်မအဆောက် အအုံအတွင်း ရုပ်သံထုတ်လွှင့်ရေး  လုပ်ငန်းများ      ဆောင်ရွက်မှုနှင့်  မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ စိန်ရတုပြတိုက်အတွင်း ခင်းကျင်း ပြသထားသည့်     ခေတ်အဆက် ဆက် ရုပ်သံထုတ်လွှင့်ရေးလုပ်ငန်း များတွင် အသုံးပြုခဲ့သည့် အသုံး အဆောင်နှင့်     စက်ပစ္စည်းများ၊ ရုပ်သံထုတ်လွှင့်မှု      လုပ်ငန်းစဉ် ခင်းကျင်းပြသထားမှုများ၊ မြန်မာ့ ရိုးရာနှင့်  ခေတ်ပေါ်တူရိယာများ   ခင်းကျင်း         ပြသထားမှုတို့ကို ကြည့်ရှုလေ့လာကြရာ တာဝန်ရှိ သူများက ရှင်းလင်းပြသမှုနှင့်အတူ မေးမြန်းမှုများအပေါ်    ဖြေကြား ခဲ့ကြသည်။              

သတင်းစဉ်