ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာမည့် ဩစတြေးလျနိုင်ငံသံအမတ်ကြီးအား လက်ခံတွေ့ဆုံ

 

နေပြည်တော်   ဧပြီ   ၇


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊  ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး     ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်သည် တာဝန် ပြီးဆုံး၍   ပြန်လည်ထွက်ခွာမည့် မြန်မာနိုင်ငံဆိုင်ရာ ဩစတြေးလျ နိုင်ငံသံအမတ်ကြီး      H.E.Ms. Andrea Marie Faulkner  ဦးဆောင် သောအဖွဲ့အား    ဧပြီ  ၇ ရက်  ညနေ ၄ နာရီတွင်         ပြည်ထောင်စု ဝန်ကြီး၏   ဧည့်ခန်းမ၌   လက်ခံ တွေ့ဆုံသည်။

 


ထိုသို့          တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးနှင့်အတူ   အမြဲတမ်းအတွင်းဝန် ဦးခိုင်ထွန်းဦး နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ မှုခင်းနှင့်         ဥပဒေရေးရာဌာန ကြီးမှူး ယာယီရဲမှူးချုပ် ကျော်လင်း တို့    တက်ရောက်ကြသည်။ 

 


တွေ့ဆုံစဉ်      နှစ်နိုင်ငံအကြား ဆက်လက်    ပူးပေါင်းဆောင်ရွက် သွားမည့်         ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ           အမြင်ချင်း ဖလှယ်     ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။        

 
သတင်းစဉ်