ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ (၁၈)ကြိမ်မြောက် နိုင်ငံဖြတ်ကျော်မှုခင်းများဆိုင်ရာ အာဆီယံဝန်ကြီးအဆင့်အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်

နေပြည်တော်  ဩဂုတ်   ၃၀
ပြည်ထဲရေးဝန်ကြီးဌာန   မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊   ရဲချုပ်   ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုး ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ၂၀၂၄ ခုနှစ် ဩဂုတ် ၂၇ ရက်မှ ၂၉ ရက်အထိ လာအိုနိုင်ငံ  ဗီယင်ကျန်း မြို့၌   ကျင်းပသော   (၁၈)ကြိမ်မြောက် နိုင်ငံဖြတ်ကျော်      မှုခင်းများဆိုင်ရာ အာဆီယံဝန်ကြီးအဆင့် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ(18th ASEAN Ministerial Meeting on Transnational Crime and its Related Meetings – 18th AMMTC) သို့  တက်ရောက်ခဲ့ပြီး   ယနေ့ ညနေပိုင်းတွင် လာအိုနိုင်ငံ ဗီယင်ကျန်း မြို့မှ လေကြောင်းခရီးဖြင့်  ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိသည်။
(၁၈)ကြိမ်မြောက်   AMMTC   နှင့် ဆက်စပ်အစည်းအဝေးများ ဖွင့်ပွဲအခမ်း အနားကို လာအိုနိုင်ငံ ဗီယင်ကျန်းမြို့ရှိ Latsavong Wanda Vista ဟိုတယ်၌ ဩဂုတ် ၂၈ ရက်  နံနက် ၈ နာရီခွဲတွင် ကျင်းပရာ အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံ လေ့လာသူ  တီမောလက်စ်တေနိုင်ငံတို့ မှ  ဝန်ကြီးအဆင့်များနှင့်  အဆင့်မြင့် အရာရှိကြီးများ၊ အာဆီယံအတွင်းရေးမှူး ချုပ်နှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြ သည်။
မှတ်တမ်းဓာတ်ပုံရိုက်
ဖွင့်ပွဲအခမ်းအနားတွင်      လာအို နိုင်ငံတော်သီချင်းနှင့် အာဆီယံသီချင်းတို့ ကို  ဖွင့်လှစ်ခြင်းနှင့်  အာဆီယံဒေသတွင်း တရားဥပဒေစိုးမိုးရေးနှင့်    လုံခြုံရေး တာဝန်ထမ်းဆောင်ရင်း  ကျဆုံးခဲ့သူများ အတွက်  တစ်မိနစ်ခန့်   ငြိမ်သက်ခြင်း၊ အာဆီယံ ၁၀ နိုင်ငံမှ AMMTC ခေါင်းဆောင်/ ကိုယ်စားလှယ်အဖွဲ့   ခေါင်းဆောင်များ တစ်ဦးချင်းမိတ်ဆက်ခြင်း၊     အာဆီယံ အတွင်းရေးမှူးချုပ်  Dr. Kao Kim Hourn က အမှာစကားပြောကြားခြင်း၊   အိမ်ရှင် လာအိုနိုင်ငံ၏ AMMTC ခေါင်းဆောင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာန၊ ဝန်ကြီးဗိုလ်ချုပ်ကြီး Vilay Lakhamphong က  အဖွင့်အမှာစကား ပြောကြားခြင်းတို့      ဆောင်ရွက်ခဲ့ပြီး အစည်းအဝေး   တက်ရောက်လာသည့် ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များနှင့် အာဆီယံအတွင်းရေးမှူးချုပ်တို့ စုပေါင်း မှတ်တမ်းဓာတ်ပုံရိုက်ကြသည်။
(၁၈)ကြိမ်မြောက် AMMTC အစည်း အဝေးကို ဩဂုတ် ၂၈ ရက် ဒေသစံတော် ချိန် နံနက် ၉ နာရီ မိနစ် ၂၀ တွင် Latsa-vong Wanda Vista ဟိုတယ်၊ State Hall ၌ စတင်ကျင်းပရာ အိမ်ရှင်လာအိုနိုင်ငံ AMMTC  ခေါင်းဆောင်က   သဘာပတိ အဖြစ်ဆောင်ရွက်ပြီး အဖွင့်အမှာစကား ပြောကြားခြင်း၊ အာဆီယံအတွင်းရေးမှူး ချုပ်က   အာဆီယံ၏    လက်ရှိဖြစ်ပေါ် တိုးတက်မှုအခြေအနေများကို  ရှင်းလင်း တင်ပြခြင်း၊ အာဆီယံလူဝင်မှုကြီးကြပ်ရေး ဌာနများ၏ ညွှန်ကြားရေးမှူးချုပ်များနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊    ကောင်စစ် ရေးရာအကြီးအကဲများ၏    (၂၇)ကြိမ် မြောက်   အစည်းအဝေးရလဒ်များကို ရှင်းလင်းတင်ပြခြင်းတို့ ဆောင်ရွက်ခဲ့ကြ သည်။
အမြင်ချင်းဖလှယ်ဆွေးနွေး
ထို့နောက် AMMTC ခေါင်းဆောင်/ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များက အာဆီယံဒေသတွင်း    နိုင်ငံဖြတ်ကျော် မှုခင်းများတိုက်ဖျက်ရေးနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ်ဆွေးနွေးကြရာ မြန်မာ နိုင်ငံ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်၊ ပြည်ထဲရေးဝန်ကြီးဌာန၊    မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊   ရဲချုပ်က     မူးယစ်ဆေးဝါး ပြဿနာသည် ကမ္ဘာတစ်ဝန်းရှိ   ပြည်သူ သန်းပေါင်းများစွာ၏ဘဝများကို ဆိုးရွား စွာထိခိုက်စေသည့် စိန်ခေါ်မှုတစ်ရပ်ဖြစ်ပါ ကြောင်း၊ မူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့် ရောင်းဝယ်ဖောက်ကားမှုသည် နိုင်ငံတော် လုံခြုံရေး၊ တည်ငြိမ်ရေးနှင့်တရားဥပဒေစိုးမိုးရေးကိုထိခိုက်စေသည့် ငွေကြေးခဝါ ချမှု၊ လက်နက်မှောင်ခိုမှု၊ အကြမ်းဖက်မှု တို့နှင့်  တစ်နည်းတစ်ဖုံ   ဆက်စပ်နေပါ ကြောင်း။
မြန်မာနိုင်ငံသည် Precursor chem-ical များကို မထုတ်လုပ်နိုင်သော်လည်း အဆိုပါဓာတုပစ္စည်းများသည်   နယ်စပ် တစ်လျှောက်ရှိ မူးယစ်ဆေးဝါးထုတ်လုပ် သည့်နေရာများသို့ လမ်းကြောင်းအမျိုးမျိုး ဖြင့်  တရားမဝင်    ဝင်ရောက်လျက်ရှိပါ ကြောင်း၊  မြန်မာနိုင်ငံရှိ   အစိုးရမဟုတ် သော လက်နက်ကိုင်အဖွဲ့အစည်းအချို့က မူးယစ်ဆေးဝါးလုပ်ငန်းများတွင်  ပါဝင် ပတ်သက်မှုမရှိကြောင်း ငြင်းဆိုထားသော် လည်း    လက်တွေ့တွင်မူ      ၎င်းတို့၏ ထိန်းချုပ်နယ်မြေများအတွင်းသို့    ဓာတု ပစ္စည်းများ တရားမဝင်   တင်သွင်းနေပြီး ပြည်ပဓာတုပညာရှင်များ၏ အကူအညီ ဖြင့် မူးယစ်ဆေးဝါးများချက်လုပ်နေကြ ပါကြောင်း၊ မြန်မာနိုင်ငံသည် ၂၀၂၃ ခုနှစ် မှ ၂၀၂၄ ခုနှစ်အတွင်း   မူးယစ်ဆေးဝါး အထူးစစ်ဆင်ရေးများကို အကြိမ် (၄၀) ဆောင်ရွက်ခဲ့ပါကြောင်း၊   ၂၀၂၃ ခုနှစ် အတွင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် Operation 39  ကို    ဆောင်ရွက်ခဲ့ပြီး မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြု သည့် ဓာတုပစ္စည်းနှင့်   မူးယစ်ဆေးဝါး အမြောက်အမြားကို အောင်မြင်စွာဖမ်းဆီး ရမိခဲ့ပါကြောင်း။
ထို့ပြင်    အွန်လိုင်းလိမ်လည်မှုနှင့် ငွေကြေးလိမ်လည်မှု   လုပ်ငန်းများတွင် လုပ်ကိုင်စေရေးအတွက်  အတင်းအဓမ္မ တွန်းအားပေး လုပ်အားခေါင်းပုံဖြတ်ရန် ရည်ရွယ်ချက်ဖြင့် လူကုန်ကူးမှုကျူးလွန် ခြင်းသည်   လမ်းကြောင်းသစ်တစ်ရပ် အဖြစ်    ပေါ်ထွက်လာနေပါကြောင်း၊ မြန်မာနိုင်ငံသည် အွန်လိုင်းလိမ်လည်မှု များနှင့် အွန်လိုင်းလောင်းကစားမှုများကို စဉ်ဆက်မပြတ်   တိုက်ဖျက်လျက်ရှိပြီး အဆိုပါ တိုက်ဖျက်ရေးလုပ်ငန်းစဉ်များတွင်လည်း       အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်လျက်  ရှိပါကြောင်း၊ ကူညီရှာဖွေကယ်တင်ပေးနိုင်ရန် ပြည်ပ နိုင်ငံများမှ   အကူအညီတောင်းခံထားသူ များနှင့်ပတ်သက်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့ နှင့်  သက်ဆိုင်ရာဒေသအာဏာပိုင်များ အကြား ပူးပေါင်းပြီး ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို     တစိုက်မတ်မတ် ဆောင်ရွက်လျက်ရှိရာ ရလဒ်များအနေ ဖြင့် ၂၀၂၄ ခုနှစ် ဩဂုတ် ၂၀  ရက်အထိ ၅၄၃၇၃ ဦး ကယ်ဆယ်နိုင်ခဲ့ပြီး ၎င်းတို့ အနက် ၅၂၁၆၄ ဦးကို တရုတ်နိုင်ငံသို့လည်း ကောင်း၊ ၁၉၉၂ ဦးကို အာဆီယံအဖွဲ့ဝင်နိုင်ငံများသို့လည်းကောင်း     ပြန်လည် လွှဲပေးခဲ့ပြီးဖြစ်ပါကြောင်း။
အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများကို ပြည်သူလူထုပူးပေါင်းပါဝင်မှုမရှိဘဲ အဖွဲ့ အစည်းတစ်ခုတည်းက  ဖြေရှင်းဆောင်ရွက်နိုင်မည်မဟုတ်ကြောင်း၊ သက်ဆိုင်ရာ ကဏ္ဍအသီးသီးမှ    အဖွဲ့အစည်းများ၏ ပူးပေါင်းမှုဖြင့် ဖြေရှင်းဆောင်ရွက်ရမည် ဖြစ်ကြောင်း၊      အွန်လိုင်းလိမ်လည်မှု လုပ်ငန်းများသည်    နယ်စပ်ဖြတ်ကျော် သည့်    သဘောသဘာဝရှိသောကြောင့် မိမိတို့အနေဖြင့်       နိုင်ငံတကာပူးပေါင်း ဆောင်ရွက်မှုလိုအပ်ကြောင်း ဆွေးနွေးခဲ့ သည်။
ပူးတွဲကြေညာချက်ငါးခုအတည်ပြု
ထို့နောက် (၁၈)ကြိမ်မြောက် AMMTC အစည်းအဝေးတွင် အာဆီယံဒေသတွင်း နိုင်ငံဖြတ်ကျော်မှုခင်းများ   တိုက်ဖျက် ရေးကို ထိရောက်စွာပူးပေါင်းဆောင်ရွက် နိုင်ရေးအတွက် သဘောတရားစာတမ်း နှစ်ခု၊ လမ်းညွှန်ချက်  နှစ်ခု၊   လုပ်ငန်း လမ်းညွှန် တစ်ခု၊ ကြေညာချက်   နှစ်ခုနှင့် ပူးတွဲကြေညာချက် ငါးခုတို့ကို  ဆွေးနွေး အတည်ပြုခဲ့ကြသည်။
အစည်းအဝေးဒုတိယနေ့ ဩဂုတ် ၂၉ ရက်၊ နံနက် ၈  နာရီခွဲတွင်     အာဆီယံ ဆွေးနွေးဖက်နိုင်ငံများဖြစ်သော တရုတ်၊ ဂျပန်၊ ကိုရီးယားတို့နှင့် (၁၄)ကြိမ်မြောက် AMMTC + 3 အစည်းအဝေး၊ (၁၁)ကြိမ် မြောက် AMMTC + China အစည်းအဝေး၊ (၉)ကြိမ်မြောက်  AMMTC + Japan အစည်းအဝေးနှင့်     (၄) ကြိမ်မြောက် AMMTC + ROK  အစည်းအဝေးတို့ကို အဆိုပါဟိုတယ်၌ ဆက်လက်ကျင်းပရာ (၉)ကြိမ်မြောက်   AMMTC + Japan အစည်းအဝေးတွင် ဂျပန်နိုင်ငံ  ကိုယ်စား လှယ် အဖွဲ့ခေါင်းဆောင်က မြန်မာနိုင်ငံနှင့် စပ်လျဉ်း၍  ဆွေးနွေးပြောကြားမှုအပေါ် မြန်မာကိုယ်စားလှယ်က တုံ့ပြန်ပြောကြား ရာတွင် ယနေ့ပြုလုပ်သည့်အစည်းအဝေး ၏ ရည်ရွယ်ချက်သည်  နိုင်ငံဖြတ်ကျော် မှုခင်းများနှင့်စပ်လျဉ်း၍     မည်ကဲ့သို့ ဖြေရှင်းဆောင်ရွက်ရမည်ကို  ဆွေးနွေးရန် ဖြစ်ပါကြောင်း၊   အဆွေတော်၏   ယခု ပြောကြားချက်သည် အခြားနိုင်ငံတစ်နိုင်ငံ ၏ ပြည်တွင်းရေးကို   ပြောဆိုခြင်းဖြစ်၍ အစည်းအဝေး၏    ရည်ရွယ်ချက်နှင့် လိုက်လျောညီထွေမရှိပါကြောင်း၊ အဆွေ တော်တို့  ဂျပန်နိုင်ငံသည်   အာဆီယံ၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ    ဆောင် ရွက်ရာမှ   ဆွေးနွေးဖက်နိုင်ငံတစ်နိုင်ငံ ဖြစ်လာပါကြောင်း၊ သို့ပါ၍ အဆွေတော် တို့အနေဖြင့် အာဆီယံပဋိညာဉ်စာတမ်း နှင့် အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေးအသိုက် အဝန်းအသေးစိတ်စီမံချက် (၂၀၂၅) တို့၌ ပြဋ္ဌာန်းဖော်ပြထားသော အခြေခံစည်းမျဉ်း များ၊ မူဝါဒများကို လေးစားလိုက်နာရမည် ဖြစ်ပါကြောင်း၊ အထူးသဖြင့်   “အခြား နိုင်ငံတစ်နိုင်ငံ၏     ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းမပြုရ” ဟူသော အချက်ပင်ဖြစ်ပါကြောင်း၊ သို့ပါ၍ အဆွေ တော်အနေဖြင့်   ယခုအစည်းအဝေး၏ အဓိက   ရည်ရွယ်ချက်များအပေါ်၌သာ အာရုံပြုပြောကြားပေးနိုင်ပါရန် မေတ္တာ ရပ်ခံပါကြောင်း ပြောကြားခဲ့သည်။
(၁၈)ကြိမ်မြောက်   AMMTC   နှင့် ဆက်စပ်အစည်းအဝေးများတွင် အတည် ပြုမည့်    သဘောတရားစာတမ်းများ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းလမ်းညွှန်နှင့် ကြေညာချက်များအား   ညှိနှိုင်းဆွေးနွေး နိုင်ရေးအတွက်  အဆင့်မြင့်အရာရှိကြီး များ၏ ကြိုတင်ညှိနှိုင်းအစည်းအဝေးများ ဖြစ်သော    နိုင်ငံဖြတ်ကျော်မှုခင်းများ ဆိုင်ရာ  အာဆီယံအဆင့်မြင့်အရာရှိကြီးများအစည်းအဝေး (SOMTC)၊ SOMTC + 3 ၊ SOMTC + China ၊ SOMTC + Japan နှင့် SOMTC + ROK တို့ကို ဩဂုတ်  ၂၇ ရက် နံနက် ၈ နာရီခွဲ တွင် အဆိုပါဟိုတယ်ရှိ အစည်းအဝေးခန်းမ၌ကျင်းပရာ မြန်မာ နိုင်ငံ SOMTC ခေါင်းဆောင်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ နိုင်ငံဖြတ်ကျော်မှုခင်းဌာနကြီး၊ ဌာနကြီးမှူး ယာယီရဲမှူးချုပ် ကျော်ဇေယျ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ညှိနှိုင်း ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။                သတင်းစဉ်