
နေပြည်တော် ဇန်နဝါရီ ၂၃
ကိုဗစ်- ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်ကာလအတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန် ရည်ရွယ်၍ ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းလျက်ရှိသည်။
ထိုသို့ လှူဒါန်းလျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ ပုဗ္ပသီရိမြို့နယ်ရှိ ဉာဏဂုဏ်ရည် ကျောင်းတိုက်သို့လည်းကောင်း၊ ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်ရှိ အောင်တော်မူကျောင်းတိုက်သို့ လည်းကောင်း၊ ကရင်ပြည်နယ် ဘားအံမြို့နယ်ရှိ ဆေးဝင်္ကဘာစာသင်တိုက်သို့ လည်းကောင်း၊ မွန်ပြည်နယ် မော်လမြိုင်မြို့နယ်ရှိ စိန်မမပါဠိတက္ကသိုလ်သို့လည်းကောင်း၊ ရခိုင်ပြည်နယ် မောင်တောမြို့နယ်ရှိ မြို့မ ပရိယတ္တိစာသင်တိုက်သို့လည်းကောင်း၊ ရှမ်းပြည်နယ် မူဆယ်မြို့နယ်ရှိ ရွှေသမင် (နန္ဒဝန်)ပရိယတ္တိစာသင် တိုက်သို့လည်းကောင်း ဆရာတော်၊ သံဃာတော်များအတွက် ဆွမ်းဆန်တော်များကို ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့/ဦးစီးဌာနများမှ တာဝန်ရှိသူများက သွားရောက်ဆက်ကပ်လှူဒါန်းကြကြောင်း သိရသည်။
သတင်းစဉ်