ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်းခြင်းများဆောင်ရွက်

 

နေပြည်တော်  ဖေဖော်ဝါရီ   ၁၄


ပြည်ထဲရေးဝန်ကြီးဌာန  တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ် အသီးသီးရှိ    ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ် လှူဒါန်းခြင်းကို ဆောင်ရွက်လျက်ရှိသည်။

 


ထိုသို့ဆောင်ရွက်လျက်ရှိရာ  ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ       ပုဗ္ဗသီရိ မြို့နယ်ရှိ ဉာဏဂုဏ်ရည်ပရိယတ္တိစာသင်တိုက်၊ စစ်ကိုင်းတိုင်းဒေသကြီး       မုံရွာမြို့နယ်ရှိ တိပိဋကာလင်္ကာရ သာမဏေကျော်ကျောင်း တိုက်၊    မွန်ပြည်နယ်     မော်လမြိုင်မြို့နယ်ရှိ ချမ်းသာရကျောင်းတိုက်၊     ရခိုင်ပြည်နယ် စစ်တွေမြို့နယ်ရှိ ကျားရုပ်ပရိယတ္တိ စာသင် တိုက်၊  ရန်ကုန်တိုင်းဒေသကြီး  စမ်းချောင်း မြို့နယ်ရှိ      ဘီးလင်းတိုက်သစ်    ပရိယတ္တိ စာသင်တိုက်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ရှိ ကြာကန်ကျောင်းတိုက်၊ မင်္ဂလာဒုံမြို့နယ်ရှိ ရတနာမာန်အောင်ကျောင်းတိုက်၊ ရန်ကင်းမြို့ နယ်ရှိ     ကျောက်ကုန်းကျောင်းကြီးကျောင်း တိုက်နှင့် ရွှေပြည်သာမြို့နယ်ရှိ ရွှေပြည်သာ ပရိယတ္တိစာသင်တိုက်တို့သို့ ဆွမ်းဆန်တော် များကိုလည်းကောင်း၊    ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်ရှိ သီတဂူဗုဒ္ဓကောလိပ်၊ မကွေး တိုင်းဒေသကြီး  မကွေးမြို့နယ်ရှိ အရိယဝံသ ကျောင်းတိုက်၊ မန္တလေးတိုင်းဒေသကြီး ချမ်းမြ သာစည်မြို့နယ်ရှိ ချမ်းမြသာစည်ကျောင်းတိုက် နှင့်   အောင်မြေသာစံမြို့နယ်ရှိ  မဟာသန္တာရုံ ကျောင်းတိုက်၊   ရန်ကုန်တိုင်းဒေသကြီး  ဒလ မြို့နယ်ရှိ        ကမာကဆစ်အလယ်ကျောင်း ပရိယတ္တိစာသင်တိုက်၊ ရှမ်းပြည်နယ် တောင်ကြီး မြို့နယ်ရှိ ရတနာပုံအောင်သုခ ပရိယတ္တိစာသင် တိုက်တို့သို့ ဆန်ကြာဆံများကိုလည်းကောင်း ဆရာတော်၊ သံဃာတော်များအတွက် တာဝန်ရှိ သူများက  သွားရောက်    ဆက်ကပ်လှူဒါန်း ခဲ့ကြကြောင်း သိရသည်။            

သတင်းစဉ်