ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်း

 

နေပြည်တော်   မေ     ၄
ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်း မိသားစုများက   မြို့နယ်အသီးသီးရှိ   ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်းလျက်ရှိသည်။
ထိုသို့ လှူဒါန်းလျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ်ရှိ စက်ရုံကျောင်းတိုက်နှင့် သရက်ကုန်းကျောင်းတိုက်၊ ကရင်ပြည်နယ် ဘားအံမြို့နယ်ရှိ  သီရိသုဇနဘေးမဲ့ကျောင်းတိုက်၊ စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့နယ်ရှိ ဝါဆိုကျောင်းတိုက်၊  မွန် ပြည်နယ် မော်လမြိုင်မြို့နယ်ရှိ အရှေ့ကံ့ကော်ကျောင်းတိုက်၊ ရန်ကုန် တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်ရှိ သစ္စာဂုဏ်ရည်ကျောင်း တိုက်၊ ရွှေပြည်သာမြို့နယ်ရှိ ရတနာပန်းကုန်းကျောင်းတိုက်၊ သင်္ဃန်း ကျွန်းမြို့နယ်ရှိ ပရိယတ္တိမဉ္ဇူကျောင်းတိုက်တို့သို့ ဆွမ်းဆန်တော်များ ကိုလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်ရှိ ပေပင်ပရိယတ္တိစာသင်တိုက်နှင့် အောင်မြေသာစံမြို့နယ်ရှိ မဟာသန္တာရုံ ကျောင်းတိုက်၊ မကွေးတိုင်းဒေသကြီး မကွေးမြို့နယ်ရှိ ကျောင်းထိုင် ဘုန်းကြီး သင်တန်းကျောင်း၊ ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ရှိ ဒေဝနိမ္မိတာရုံကျောင်းတိုက်၊ ရှမ်းပြည်နယ်  တောင်ကြီးမြို့နယ်ရှိ မဟာ ဓမ္မိကရာမပရိယတ္တိစာသင်တိုက်နှင့် လားရှိုးမြို့နယ်ရှိ  မြို့မ ကျောင်းတိုက်တို့သို့ ဆန်ကြာဆံများကိုလည်းကောင်း ဆရာတော်၊ သံဃာတော်များအတွက် တာဝန်ရှိသူများက  သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။                                 
 သတင်းစဉ်