
နေပြည်တော် ဇန်နဝါရီ ၂၀
ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့ ဝင်/ဝန်ထမ်း အရာထမ်း၊ အမှု ထမ်းမိသားစုများက မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီး ကျောင်းများသို့ ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ် လှူဒါန်းလျက်ရှိသည်။
ဆွမ်းဆန်တော်လှူဒါန်း
ထိုသို့ လှူဒါန်းလျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီ နယ်မြေ လယ်ဝေးမြို့နယ်ရှိ ပေါက်မြိုင် ကျောင်းတိုက်၊ စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်း မြို့နယ်ရှိ ဇိနောဒယပရိယတ္တိ စာသင်တိုက်၊ မွန်ပြည်နယ်မော်လမြိုင်မြို့နယ်ရှိ ရိုးဂိုး ကျောင်းဟောင်း ကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး လှိုင် မြို့နယ်ရှိ ဇေယျာဝတီပရိယတ္တိ စာသင်တိုက်၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်ရှိ ဥက္ကံသာရာ မရွှေကျောင်းတိုက်နှင့် သာကေတ မြို့နယ်ရှိ တိပိဋကာလင်္ကာရပရိယတ္တိစာသင်တိုက်တို့သို့ ဆွမ်း ဆန်တော်များကို လည်းကောင်း။
ဆန်ကြာဆံလှူဒါန်း
မန္တလေး တိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်ရှိ မဟာ ပညိန္ဒာ ရာမကျောင်းတိုက်နှင့် မဟာအောင်မြေမြို့နယ်ရှိ ရေပန်း ကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသ ကြီး အလုံမြို့နယ်ရှိ ဇောတနာ ရာမကျောင်းတိုက်၊ ရှမ်းပြည်နယ် တောင်ကြီးမြို့နယ်ရှိ လဲလျောင်း အောင်ချမ်းသာကျောင်းတိုက်နှင့် လားရှိုးမြို့နယ်ရှိ သဲအင်းဂူ ကမ္မဋ္ဌာန်း ကျောင်းတိုက်တို့ သို့ ဆန်ကြာဆံများကို လည်းကောင်း ဆရာတော်၊ သံဃာတောများအတွက် တာဝန် ရှိသူများက သွားရောက် ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်