
နေပြည်တော် ဇန်နဝါရီ ၁၄
ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်း မိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်းလျက်ရှိသည်။
ထိုသို့ လှူဒါန်းလျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့နယ်ရှိ ရန်ကင်းတောရကျောင်းတိုက်၊ စစ်ကိုင်းတိုင်းဒေသ ကြီး မုံရွာမြို့နယ်ရှိ တိပိဋကလင်္ကာရသာမဏေကျော်ကျောင်းတိုက်၊ မွန်ပြည်နယ် မော်လမြိုင်မြို့နယ်ရှိ ချမ်းသာရကျောင်းတိုက်၊ ရခိုင် ပြည်နယ် စစ်တွေမြို့နယ်ရှိ ကျားရုပ်ပရိယတ္တိစာသင်တိုက်၊ ရန်ကုန် တိုင်းဒေသကြီး စမ်းချောင်းမြို့နယ်ရှိ ဘီးလင်းတိုက်သစ်ပရိယတ္တိ စာသင်တိုက်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ ကြာကန်ကျောင်း တိုက်နှင့် မင်္ဂလာဒုံမြို့နယ်ရှိ ရတနာမာန်အောင်ကျောင်းတိုက်တို့သို့ ဆွမ်းဆန်တော်များကိုလည်းကောင်း၊ မကွေးတိုင်းဒေသကြီး ပခုက္ကူ မြို့နယ်ရှိ ဓမ္မဗိမာန်ကျောင်းတိုက်၊ မန္တလေးတိုင်းဒေသကြီး ပြည်ကြီး တံခွန်မြို့နယ်ရှိ အောင်မြေတံခွန်ကျောင်းတိုက်နှင့် အောင်မြေသာစံ မြို့နယ်ရှိ မြနန္ဒာကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်ရှိ အောင်တော်မူကျောင်းတိုက်၊ ရှမ်းပြည်နယ် တောင်ကြီးမြို့နယ်ရှိ တပ်ဦး ဥတ္တရာရုံကျောင်းတိုက်နှင့် လားရှိုးမြို့နယ်ရှိ သစ္စာတောရကျောင်း တိုက်တို့သို့ ဆန်ကြာဆံများကိုလည်းကောင်း ဆရာတော်၊ သံဃာတော် များအတွက် တာဝန်ရှိသူများက သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်