
နေပြည်တော် ဇန်နဝါရီ ၅
ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်း မိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်းခြင်းကို ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီ နယ်မြေ တပ်ကုန်းမြို့နယ်ရှိ ရွှေအင်းရိပ်သာကျောင်းတိုက်၊ ကရင် ပြည်နယ် ဘားအံမြို့နယ်ရှိ သီရိသုဇနဘေးမဲ့ကျောင်းတိုက်၊ မွန် ပြည်နယ် မော်လမြိုင်မြို့နယ်ရှိ မြို့တော်ဦးကျောင်းတိုက်၊ ရန်ကုန်တိုင်း ဒေသကြီး စမ်းချောင်းမြို့နယ်ရှိ မဟာမြိုင်ဘုန်းဘုရားကျောင်းတိုက်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်ရှိ ထေရဝါဒဓမ္မရောင်ခြည် ပရိယတ္တိ စာသင်တိုက်နှင့် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရှိ ဥက္ကံသာရာမရွှေ ကျောင်းတိုက်တို့သို့ ဆွမ်းဆန်တော်များကိုလည်းကောင်း၊ မကွေးတိုင်း ဒေသကြီး ပခုက္ကူမြို့နယ်ရှိ ပါရမီဓမ္မရိပ်သာကျောင်းတိုက်၊ မန္တလေး တိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်ရှိ ပေပင်ပရိယတ္တိစာသင်တိုက် နှင့် အောင်မြေသာစံမြို့နယ်ရှိ မဟာဓမ္မိကာရာမ(ရွှေကျင်တိုက်မကြီး)ကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်ရှိ ဒေဝနိမ္မိတာရုံ ကျောင်းတိုက်နှင့် သင်္ဃန်းကျွန်းမြို့နယ်ရှိ ဓမ္မဝိဟာရပထမကျော် ကျောင်းတိုက်တို့သို့ ဆန်ကြာဆံများကိုလည်းကောင်း ဆရာတော်၊ သံဃာတော်များအတွက် တာဝန်ရှိသူများက သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်