ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်း

 

နေပြည်တော်  နိုဝင်ဘာ  ၂၉ 


ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့ ဝင်/ဝန်ထမ်း   အရာထမ်း၊   အမှု ထမ်းမိသားစုများက     မြို့နယ် အသီးသီးရှိ         ဘုန်းတော်ကြီး ကျောင်းများသို့    ဆွမ်းဆန်တော် နှင့်      ဆန်ကြာဆံများ     ဆက်ကပ် လှူဒါန်းလျက်ရှိသည်။

 


 ဆက်ကပ်လှူဒါန်း


ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီ နယ်မြေ        လယ်ဝေးမြို့နယ်ရှိ ရတနာပုံတောရပရိယတ္တိ  စာသင် တိုက်၊     စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့နယ်ရှိ   ဝါဆိုကျောင်း တိုက်၊ မွန်ပြည်နယ် မော်လမြိုင် မြို့နယ်ရှိ ပဏ္ဍိတာရုံကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံ မြို့နယ်ရှိ  တိပိဋကမဟာဂန္ဓာရုံ ကျောင်းတိုက်၊ မြောက်ဥက္ကလာပ မြို့နယ်ရှိ   ဥက္ကလာသီရိကျောင်း တိုက်နှင့်   သာကေတမြို့နယ်ရှိ ပါဠိကာရီပရိယတ္တိစာသင်တိုက်၊ ဧရာဝတီတိုင်းဒေသကြီး    ပုသိမ် မြို့နယ်ရှိ     ဓာတုဝိဇ္ဇာပရိယတ္တိ စာသင်တိုက်တို့သို့  ဆွမ်းဆန်တော် များကိုလည်းကောင်း၊   ကချင် ပြည်နယ်   မြစ်ကြီးနားမြို့နယ်ရှိ သာသနာ့ဝန်ဆောင်မြို့ဦးကျောင်း တိုက်၊    မန္တလေးတိုင်းဒေသကြီးပြည်ကြီးတံခွန်မြို့နယ်ရှိ  မကွေး ကျောင်းတိုက်နှင့်  အောင်မြေသာစံ မြို့နယ်ရှိ ရွှေရတနာကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး ကမာရွတ် မြို့နယ်ရှိ သုစိတ္တာရုံကျောင်းတိုက် နှင့် မရမ်းကုန်းမြို့နယ်ရှိ ကလေးဝ တောရကျောင်းတိုက်၊        ရှမ်း ပြည်နယ်        လားရှိုးမြို့နယ်ရှိ  ရွှေပြည်အေးဝိပဿနာဓမ္မရိပ်သာတို့သို့   ဆန်ကြာဆံများကိုလည်း ကောင်း ဆရာတော်၊  သံဃာတော် များအတွက်  တာဝန်ရှိသူများက သွားရောက်ဆက်ကပ်  လှူဒါန်း ခဲ့ကြကြောင်း သိရသည်။


သတင်းစဉ်