
နေပြည်တော် နိုဝင်ဘာ ၂၆
ပြည်ထဲရေး ဝန်ကြီးဌာန တပ်ဖွဲ့ဝင်/ ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီး ကျောင်းများသို့ ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ် လှူဒါန်းလျက်ရှိသည်။
ဆွမ်းဆန်တော်လှူဒါန်း
ထိုသို့ လှူဒါန်းလျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီ နယ်မြေ ပုဗ္ဗသီရိမြို့နယ်ရှိ ဉာဏဂုဏ်ရည်ပရိယတ္တိစာသင် တိုက်၊ စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့နယ်ရှိ ဇိနောဒယ ပရိယတ္တိစာသင်တိုက်၊ ရန်ကုန် တိုင်းဒေသကြီး ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ရှိ ဓမ္မစေတီထေရဝါဒ ပရိယတ္တိ စာသင်တိုက်၊ ဒေါပုံမြို့နယ်ရှိ မင်းနန္ဒာပရိယတ္တိ စာသင်တိုက်၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်ရှိ သာသနဟိတပရိယတ္တိ စာသင်တိုက်နှင့် သင်္ဃန်းကျွန်း မြို့နယ်ရှိ မဟာသုဝဏ္ဏကျောင်း တိုက်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံမြို့နယ်ရှိ ကျိုင်းငမ်း ကျောင်းတိုက်တို့သို့ ဆွမ်းဆန် တော်များကို လည်းကောင်း။
ဆန်ကြာဆံလှူဒါန်း
ကရင်ပြည်နယ် ဘားအံ မြို့နယ်ရှိ ပြည်နယ်ကမ္မဋ္ဌာန်း ကျောင်းတိုက်၊ စစ်ကိုင်းတိုင်းဒေသ ကြီး မုံရွာမြို့နယ်ရှိ အာသောကာရုံ ပရိယတ္တိစာသင်တိုက်၊ မန္တလေး တိုင်းဒေသကြီး ပြည်ကြီးတံခွန် မြို့နယ်ရှိ ပြည်ကျောင်းတိုက်နှင့် အောင်မြေသာစံမြို့နယ်ရှိ ဥဿာ ကျောင်းတိုက်၊ ရန်ကုန်တိုင်း ဒေသကြီး ဒလမြို့နယ်ရှိ နန်းဦး ကျောင်းတိုက်၊ ရှမ်းပြည်နယ် လားရှိုးမြို့နယ်ရှိ ရန်အောင်မြင် ကျောင်းတိုက်တို့သို့ ဆန်ကြာဆံ များကိုလည်းကောင်း ဆရာတော် သံဃာတော်များအတွက် တာဝန် ရှိသူများက သွားရောက်ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်