ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်း

 

နေပြည်တော်   နိုဝင်ဘာ    ၂၅ 


ပြည်ထဲရေးဝန်ကြီးဌာန     တပ်ဖွဲ့ဝင်/ဝန်ထမ်း     အရာထမ်း၊    အမှုထမ်း မိသားစုများက    မြို့နယ်အသီးသီးရှိ    ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်းလျက်ရှိသည်။

 


ထိုသို့လှူဒါန်းလျက်ရှိရာ ယနေ့တွင်  နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့နယ်ရှိ    ပေါက်မြိုင်ပရိယတ္တိစာသင်တိုက်၊    မွန်ပြည်နယ် မော်လမြိုင်မြို့နယ်ရှိ ချမ်းသာရကျောင်းတိုက်၊ရန်ကုန်တိုင်းဒေသကြီးဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ     ထေရဝါဒဓမ္မရောင်ခြည်     ပရိယတ္တိစာသင်တိုက်၊ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်ရှိ စိန်မြဓမ္မသာလာ ကျောင်းတိုက်၊  သာကေတမြို့နယ်ရှိ  အောင်မော်စံပရိယတ္တိစာသင်တိုက် နှင့် အင်းစိန်မြို့နယ်ရှိ   ရွှေညောင်ပင်   ပရိယတ္တိစာသင်တိုက်၊   ဧရာဝတီ တိုင်းဒေသကြီး   ပုသိမ်မြို့နယ်ရှိ   လယ်တီကျောင်းတိုက်တို့သို့    ဆွမ်း ဆန်တော်များကို လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်ရှိ စန်းမြရောင်ခြည် ပရိယတ္တိစာသင်တိုက်၊  မကွေးတိုင်းဒေသကြီး   မကွေး မြို့နယ်ရှိ     မင်္ဂလာသာစည်ကျောင်းတိုက်၊    မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ်ရှိ   ပြည်လုံးချမ်းသာ   ပရဟိတကျောင်းတိုက်နှင့် မဟာအောင်မြေမြို့နယ်ရှိ ကင်းဝန်မင်းကြီးကျောင်းတိုက်၊  ရှမ်းပြည်နယ် ရပ်စောက်မြို့နယ်ရှိ လွယ်ခမ်းပါ   မိုးနဲကျောင်းတိုက်နှင့်   လားရှိုးမြို့နယ် ရှိ    မြို့လယ်ကျောင်းတိုက်တို့သို့    ဆန်ကြာဆံများကိုလည်းကောင်း ဆရာတော်၊ သံဃာတော်များအတွက်  တာဝန်ရှိသူများက သွားရောက် ဆက်ကပ် လှူဒါန်းကြကြောင်း သိရသည်။                    

 

 သတင်းစဉ်