
နေပြည်တော် နိုဝင်ဘာ ၁၅
ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်းလျက်ရှိသည်။
ထိုသို့ လှူဒါန်းလျက်ရှိရာ ယနေ့တွင် နေပြည်တော် ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ်ရှိ ဈေးကုန်း ကျောင်းတိုက်၊ ကရင်ပြည်နယ် ဘားအံမြို့နယ်ရှိ သီရိသုဇနကျောင်းတိုက်၊ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ်ရှိ ဥဿာသီရိပရိယတ္တိစာသင်တိုက်၊ မွန်ပြည်နယ် မော်လမြိုင်မြို့နယ်ရှိ ကတိုးမဟာရင် ပရိယတ္တိစာသင်တိုက်၊ ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်ရှိ မစိုးရိမ်ကျောင်းတိုက်၊ မင်္ဂလာ တောင်ညွန့်မြို့နယ်ရှိ မဟာဝိဇယာရာမကျောင်း တိုက်နှင့် လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်ရှိ သဒ္ဓမ္မသိဒ္ဓိကျောင်းတိုက်၊ ရှမ်းပြည်နယ် ကျိုင်းတုံ မြို့နယ်ရှိ ယန်းကုန်းကျောင်းတိုက်တို့သို့ ဆွမ်းဆန် တော်များကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်ရှိ ဝိသုဒ္ဓါရုံဗာရာဏသီကျောင်းတိုက်၊ မကွေးတိုင်းဒေသကြီး မကွေးမြို့နယ်ရှိ အောင်မြေ ရတနာပရိယတ္တိစာသင်တိုက်၊ မန္တလေးတိုင်းဒေသ ကြီး ချမ်းမြသာစည်မြို့နယ်ရှိ မဟာပညိန္ဒာရာမ ကျောင်းတိုက်နှင့် ပြည်ကြီးတံခွန်မြို့နယ်ရှိ သီရိ ရတနာ တောရမဂ္ဂင်ကျောင်းတိုက်၊ မွန်ပြည်နယ် မော်လမြိုင်မြို့နယ်ရှိ ပြည်ကျောင်းပရိယတ္တိ စာသင် တိုက်၊ ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်ရှိ ရတနာသိင်္ဂီ(ခရမ်း) ပရိယတ္တိစာသင်တိုက်နှင့် ရှမ်း ပြည်နယ် လားရှိုးမြို့နယ်ရှိ ပန်အုပ်ကျောင်းတိုက်တို့သို့ ဆန်ကြာဆံများကိုလည်းကောင်း ဆရာတော်၊ သံဃာ တော်များအတွက် တာဝန်ရှိသူများက သွားရောက် ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။ သတင်းစဉ်