
နေပြည်တော် နိုဝင်ဘာ ၁ဝ
ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့ ဝင်/ဝန်ထမ်း အရာထမ်း၊ အမှု ထမ်းမိသားစုများက မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီး ကျောင်းများသို့ ဆွမ်းဆန်တော် နှင့် ဆန်ကြာဆံများ ဆက်ကပ် လှူဒါန်းခြင်းကို ဆောင်ရွက်လျက် ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီ နယ်မြေ ပျဉ်းမနားမြို့နယ်ရှိ နံတော်စဉ်ကျောင်းတိုက်၊ စစ်ကိုင်း တိုင်းဒေသကြီး စစ်ကိုင်းမြို့နယ်ရှိ မဟာခိုနန်း ပရိယတ္တိစာသင်တိုက်၊ မန္တလေးတိုင်းဒေသကြီး အမရပူရ မြို့နယ်ရှိ သရက်တောကျောင်း တိုက်၊ မွန်ပြည်နယ် မော်လမြိုင်မြို့ နယ်ရှိ တိပိဋက ကမ္ဘောဇပရိယတ္တိ စာသင်တိုက်၊ ရန်ကုန်တိုင်းဒေသ ကြီး ဒဂုံမြို့သစ်အရှေ့ပိုင်း မြို့နယ် ရှိ အနန္တမေတ္တာကျောင်းတိုက်၊ ရှမ်းပြည်နယ် ကျိုင်းတုံမြို့နယ် ရှိ ခြေတော်ရာကျောင်းတိုက်နှင့် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ နယ်ရှိ နိဂြောဓာရုံ(ညောင်ပင်သာ)ပရိယတ္တိစာသင်တိုက်တို့သို့ ဆွမ်း ဆန်တော်များကို လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် ရှိ ကျိုက်ဇမျှားကျောင်းတိုက်၊ မကွေးတိုင်းဒေသကြီး ပခုက္ကူ မြို့နယ်ရှိ မဟာဝိသုတာရာမ (အလယ်)ကျောင်းတိုက်၊ မန္တလေး တိုင်းဒေသကြီး အမရပူရမြို့နယ် ရှိ ဆင်ဖြူမယ်ကျောင်းတိုက်နှင့် အောင်မြေသာစံမြို့နယ်ရှိ မဏ္ဍာ လာရာမပြည်ကျောင်းတိုက်၊ ရှမ်း ပြည်နယ် တောင်ကြီးမြို့နယ်ရှိ လဲလောင်းအောင်ချမ်းသာ ပရိ ယတ္တိစာသင်တိုက်နှင့် လားရှိုး မြို့နယ်ရှိ တောရကျောင်းတိုက် တို့သို့ ဆန်ကြာဆံများကိုလည်း ကောင်း ဆရာတော်၊ သံဃာတော် များအတွက် တာဝန်ရှိသူများက သွားရောက်ဆက်ကပ် လှူဒါန်းခဲ့ ကြကြောင်း သိရသည်။
သတင်းစဉ်