
နေပြည်တော် နိုဝင်ဘာ ၂
ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ ဝင်/ဝန်ထမ်း အရာထမ်း၊ အမှု ထမ်းမိသားစုများက မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီး ကျောင်းများသို့ ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ် လှူဒါန်းခြင်းကို ဆောင်ရွက်လျက် ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီ နယ်မြေ ဇမ္ဗူသီရိမြို့နယ်ရှိ မစိုးရိမ်တိုက်သစ်ကျောင်းတိုက်၊ စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်း မြို့နယ်ရှိ ပထမဂန္ဓာရုံကျောင်း တိုက် (အပေါ်ပုံ)၊ မွန်ပြည်နယ် မော်လမြိုင်မြို့နယ်ရှိ ကတိုးမဟာ ရင်ပရိယတ္တိစာသင်တိုက်၊ ရန်ကုန် တိုင်းဒေသကြီး၊ စမ်းချောင်းမြို့ နယ်ရှိ နေနတ်သား ပရိယတ္တိ စာသင်တိုက်၊ မင်္ဂလာဒုံမြို့နယ်ရှိ ရွှေညောင်ပင် ကျောင်းတိုက်၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ ကျိုက္ကဆံ ပထမရွှေကျင်ကျောင်းတိုက်နှင့် သာကေတမြို့နယ်ရှိ ဇေတဝန် ပရိယတ္တိစာသင်တိုက်၊ ဧရာဝတီ တိုင်းဒေသကြီး ပုသိမ်မြို့နယ်ရှိ လယ်တီ ပရိယတ္တိစာသင်တိုက် တို့သို့ ဆွမ်းဆန်တော်များကို လည်းကောင်း၊ မန္တလေးတိုင်း ဒေသကြီး ချမ်းမြသာစည်မြို့နယ် ရှိ ဒက္ခိဏရာမကျောင်းတိုက်နှင့် မဟာအောင်မြေမြို့နယ်ရှိ ပုဂံ အတွင်းဝန်ကျောင်းတိုက်၊ ရန်ကုန် တိုင်းဒေသကြီး ဗဟန်းမြို့နယ်ရှိ တောင်ကြီးကျောင်းတိုက်နှင့် လှိုင် မြို့နယ်ရှိ ဇေယျမင်္ဂလာပရိယတ္တိ စာသင်တိုက်၊ ရှမ်းပြည်နယ် လားရှိုးမြို့နယ်ရှိ ရွှေလီကျောင်း တိုက်တို့သို့ ဆန်ကြာဆံများကို လည်းကောင်း ဆရာတော်၊ သံဃာ တော်များအတွက် တာဝန်ရှိသူများ က သွားရောက်ဆက်ကပ်လှူဒါန်း ကြကြောင်း သိရသည်။
သတင်းစဉ်