ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်း

 

နေပြည်တော်   နိုဝင်ဘာ    ၁ 


ပြည်ထဲရေးဝန်ကြီးဌာန၊   တပ်ဖွဲ့ဝင်/ဝန်ထမ်း   အရာထမ်း၊  အမှုထမ်း မိသားစုများက   မြို့နယ်အသီးသီးရှိ   ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်းလျက်ရှိသည်။

 


ထိုသို့ ဆောင်ရွက်လျက်ရှိရာ   ယနေ့တွင်   နေပြည်တော်ကောင်စီ နယ်မြေ   ပုဗ္ဗသီရိမြို့နယ်ရှိ   ကျောင်းစုကျောင်းတိုက်၊   စစ်ကိုင်းတိုင်း ဒေသကြီး  မုံရွာမြို့နယ်ရှိ   မြို့မရွှေဂူကျောင်းတိုက်၊   မွန်ပြည်နယ် မော်လမြိုင်မြို့နယ်ရှိ    ဓမ္မနန္ဒီကျောင်းတိုက်၊   ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ      တိပိဋက      မဟာသစ္စာအောင်မြေကျောင်းတိုက်၊ မြောက်ဥက္ကလာပမြို့နယ်ရှိ   မော်ကျွန်းကျောင်းတိုက်၊   လှိုင်မြို့နယ်ရှိ ပဏ္ဍိတာရာမ ပရိယတ္တိစာသင်တိုက်နှင့် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် ရှိ ကျုံစုရွှေရင် အေးကျောင်းတိုက်၊   ရှမ်းပြည်နယ်  ကျိုင်းတုံမြို့နယ်ရှိ ပါလျံကျောင်းတိုက်တို့သို့ ဆွမ်းဆန်တော်များကိုလည်းကောင်း၊ မန္တလေး တိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ်ရှိ  အလိုတော်ပြည့်ကျောင်းတိုက်၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ တန့်ကျည်တောင်ကျောင်းတိုက်နှင့် အောင်မြေ သာစံမြို့နယ်ရှိ  မဟာဓမ္မိကာရာမရွှေကျင်ကျောင်းတိုက်၊    ရှမ်းပြည်နယ် တောင်ကြီးမြို့နယ်ရှိ စိန်ပန်းကျောင်းတိုက်နှင့် လားရှိုးမြို့နယ်ရှိ ခေးနင်း ဘူတာကျောင်းတိုက်တို့သို့ ဆန်ကြာဆံများကိုလည်းကောင်း ဆရာတော်၊ သံဃာတော်များအတွက်  တာဝန်ရှိသူများက  သွားရောက်ဆက်ကပ် လှူဒါန်းကြကြောင်း သိရသည်။  

                                     

သတင်းစဉ်