
နေပြည်တော် အောက်တိုဘာ ၂၈
ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်း မိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်းလျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီ နယ်မြေ ဇေယျာသီရိမြို့နယ်ရှိ သူရိယာရာမကျောင်းတိုက်နှင့် ပုဗ္ဗသီရိမြို့နယ်ရှိ ရတနာပုံ(ဂုံမင်းကွင်း)ကျောင်းတိုက်၊ စစ်ကိုင်းတိုင်း ဒေသကြီး စစ်ကိုင်းမြို့နယ်ရှိ မဟာခိုနန်းကျောင်းတိုက်၊ ပဲခူးတိုင်း ဒေသကြီး ပဲခူးမြို့နယ်ရှိ သမ္မိဒ္ဓေါဒယ ကျောင်းတိုက်၊ မွန်ပြည်နယ်မော်လမြိုင်မြို့နယ်ရှိ စိန်ဟင်္သာတကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်ရှိ ဓမ္မသုခပရိယတ္တိစာသင်တိုက်၊ လှိုင်မြို့နယ်ရှိ ရွာမကျောင်းတိုက်၊ လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ်ရှိ သဒ္ဓမ္မသိဒ္ဓိ ကျောင်းတိုက်နှင့် အင်းစိန်မြို့နယ်ရှိ အနန္တဂုဏ်ရည်ကျောင်းတိုက် တို့သို့ ဆွမ်းဆန်တော်များကိုလည်းကောင်း၊ မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ်ရှိ ဗောဓိမဏ္ဍိုင် ကျောင်းတိုက်၊ မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်ရှိ ရွှေရေးဆောင်ကျောင်းတိုက်နှင့် ပြည်ကြီး တံခွန်မြို့နယ်ရှိ မဏိရတနာ(ခန္တော)ကျောင်းတိုက်၊ ရှမ်းပြည်နယ် လားရှိုးမြို့နယ်ရှိ ဓမ္မဂုဏ်ရည် ကျောင်းတိုက်၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်ရှိ ရတနာပုံကျောင်းတိုက်တို့သို့ ဆန်ကြာဆံများကို လည်းကောင်း ဆရာတော်၊ သံဃာတော်များ အတွက် တာဝန်ရှိသူများက သွားရောက်ဆက်ကပ် လှူဒါန်းကြကြောင်း သိရသည်။
သတင်းစဉ်