
နေပြည်တော် အောက်တိုဘာ ၁၁
ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့ ဝင်/ ဝန်ထမ်း အရာထမ်း၊ အမှု ထမ်းမိသားစုများက မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီး ကျောင်းများသို့ ဆွမ်းဆန်တော် နှင့် ဆန်ကြာဆံများ ဆက်ကပ် လှူဒါန်းခြင်းကို ဆောင်ရွက်လျက် ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီ နယ်မြေ လယ်ဝေးမြို့နယ်ရှိ ပေါက်မြိုင်ကျောင်းတိုက်၊ ကရင် ပြည်နယ် ဘားအံမြို့နယ်ရှိ သီရိ သုဇနကျောင်းတိုက်၊ စစ်ကိုင်း တိုင်းဒေသကြီး စစ်ကိုင်းမြို့နယ်ရှိ ဝါဆိုကျောင်းတိုက်၊ မွန်ပြည်နယ် မော်လမြိုင်မြို့နယ်ရှိ အရှေ့ ကံ့ကော်ကျောင်းတိုက်၊ ရန်ကုန် တိုင်းဒေသကြီး မြောက်ဥက္ကလာပ မြို့နယ်ရှိ သစ္စာဂုဏ်ရည်ကျောင်း တိုက်၊ ရွှေပြည်သာမြို့နယ်ရှိ ရတနာပန်းကုံးပရိယတ္တိ စာသင် တိုက်နှင့် သင်္ဃန်းကျွန်းမြို့နယ် ရှိ ပရိယတ္တိမဉ္ဇူကျောင်းတိုက်တို့သို့ ဆွမ်းဆန်တော်များကိုလည်း ကောင်း၊ ကရင်ပြည်နယ် ဘားအံ မြို့နယ်ရှိ ဓမ္မဝါသီကျောင်းတိုက်၊ မကွေးတိုင်းဒေသကြီး မကွေးမြို့ နယ်ရှိ ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်း၊ မန္တလေးတိုင်း ဒေသကြီး မဟာအောင်မြေမြို့ နယ်ရှိ ငွေတောင်ကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး မရမ်း ကုန်းမြို့နယ်ရှိ ဒေဝနိမ္မိတာရုံ ကျောင်းတိုက်၊ သင်္ဃန်းကျွန်းမြို့ နယ်ရှိ ဓမ္မဝိဟာရပထမကျော် ကျောင်းတိုက်နှင့် ရှမ်းပြည်နယ် လားရှိုးမြို့နယ်ရှိ မန်အိုင်ခေးတိုင်း ကျောင်းတိုက်တို့သို့ ဆန်ကြာဆံ များကိုလည်းကောင်း တာဝန်ရှိ သူများက သွားရောက်ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သိရ သည်။
သတင်းစဉ်