
နေပြည်တော် ဖေဖော်ဝါရီ ၂၂
ကိုဗစ်- ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်ကာလအတွင်း ဆွမ်းကိစ္စရပ် များအဆင်ပြေစေရန် ရည်ရွယ်၍ ပြည်ထဲရေး ဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှု ထမ်းမိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော် ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ် လှူဒါန်းလျက်ရှိသည်။
ဆက်ကပ်လှူဒါန်း
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ကချင် ပြည်နယ် မြစ်ကြီးနားမြို့နယ်ရှိ မဟာဂန္ဓာရုံ တိုက်သစ်ပရိယတ္တိစာသင်တိုက်သို့ လည်းကောင်း၊ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ရှိ နိဗ္ဗိန္ဒကျောင်းတိုက် သို့လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး အုတ်တွင်း မြို့နယ်ရှိ ဗောဓိကုန်းကျောင်းတိုက်သို့လည်း ကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ် ရှိ မြမှန်းရတနာ ပရိယတ္တိစာသင်တိုက်သို့လည်းကောင်း၊ မွန်ပြည်နယ် ဘီးလင်းမြို့နယ်ရှိ ငြိမ်းချမ်းရိပ်မြုံဓမ္မာစရိယစာသင်တိုက်သို့ လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ်ရှိ ဓမ္မိကာရာမ ကျောင်းတိုက်သို့လည်းကောင်း ဆရာတော်၊ သံဃာ တော်များအတွက် ဆွမ်းဆန်တော်များကို ပြည်ထဲရေး ဝန်ကြီးဌာန၊ တပ်ဖွဲ့/ဦးစီးဌာနများမှ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်တို့ရှိ တာဝန်ရှိသူများက သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရ သည်။ သတင်းစဉ်