
နေပြည်တော် မတ် ၄
ကိုဗစ်- ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန် ရည်ရွယ်၍ ပြည်ထဲရေးဝန်ကြီး ဌာန၊ တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်း မိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီး ကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ် လှူဒါန်းလျက်ရှိသည်။
ထိုသို့ လှူဒါန်းလျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ်ရှိ ဝိပဿနာကျောင်းတိုက်သို့ လည်းကောင်း၊ ကချင် ပြည်နယ် မြစ်ကြီးနားမြို့နယ်ရှိ ဘုရားကြီးကျောင်း တိုက်သို့ လည်းကောင်း၊ ကရင်ပြည်နယ် ဘားအံ မြို့နယ်ရှိ သရက်တောကျောင်းတိုက်သို့ လည်း ကောင်း၊ မွန်ပြည်နယ် သထုံမြို့နယ်ရှိ လယ်ဝန် ကျောင်းတိုက်သို့ လည်းကောင်း၊ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်ရှိ သာသနာ့အလင်းရောင် ကျောင်းတိုက်သို့လည်းကောင်း၊ ရန်ကုန်တိုင်းဒေသ ကြီး အင်းစိန်မြို့နယ်ရှိ အောင်မင်္ဂလာကျောင်းတိုက် သို့လည်းကောင်း ဆရာတော်၊ သံဃာတော်များ အတွက် ဆွမ်းဆန်တော်များကို ပြည်ထဲရေးဝန်ကြီး ဌာန၊ တပ်ဖွဲ့/ဦးစီးဌာနများမှ သက်ဆိုင်ရာ နေပြည်တော်ကောင်စီနယ်မြေနှင့် တိုင်းဒေသကြီး/ ပြည်နယ်တို့ရှိ တာဝန်ရှိသူများက သွားရောက် ဆက်ကပ်လှူဒါန်းကြကြောင်း သိရသည်။
သတင်းစဉ်