ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ဆွမ်းဆန်တော်လှူဒါန်းခြင်းများ ဆောင်ရွက်

 

နေပြည်တော်  ဖေဖော်ဝါရီ  ၁၆


ကိုဗစ်- ၁၉ ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်ကာလအတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန် ရည်ရွယ်၍ ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းခြင်းကို ဆောင်ရွက် လျက်ရှိသည်။

 


ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင်     စစ်ကိုင်းတိုင်းဒေသ ကြီး   ရွှေဘိုမြို့နယ်ရှိ  ရန်အောင် မင်္ဂလာကျောင်းတိုက်သို့    လည်း ကောင်း၊ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ်ရှိ မြို့မယဉ်ငေး ကျောင်းတိုက်သို့  လည်းကောင်း၊ မကွေးတိုင်းဒေသကြီး      မကွေး မြို့နယ်ရှိ      မဟာဝိသုတာရာမ စာသင်တိုက်သို့    လည်းကောင်း၊ မွန်ပြည်နယ်      ပေါင်မြို့နယ်ရှိ ပန်းတော ပရိယတ္တိစာသင်တိုက်သို့ လည်းကောင်း၊     ရှမ်းပြည်နယ် မူဆယ်မြို့နယ်ရှိ စက်မှုဘုန်းတော် ကြီးကျောင်း  နှင့် ကျိုင်းတုံမြို့နယ်ရှိ    ထေရဝါဒ ဗုဒ္ဓသာသနာပြုကျောင်းတိုက်တို့ သို့ လည်းကောင်း ဆရာတော်၊   သံဃာတော်များအတွက်    ဆွမ်း ဆန်တော်များကို    ပြည်ထဲရေး ဝန်ကြီးဌာန၊       တပ်ဖွဲ့ / ဦးစီး ဌာနများမှ   သက်ဆိုင်ရာ   တိုင်း ဒေသကြီး /       ပြည်နယ်တို့ရှိ     တာဝန်ရှိသူများက သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း     သိရသည်။ 


   သတင်းစဉ်