
နေပြည်တော် ဖေဖော်ဝါရီ ၁၁
ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းလျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ကရင်ပြည်နယ် ဘားအံမြို့နယ်ရှိ အမိတာရာမရဲကျောင်းတိုက် သို့လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်ရှိ ရန်ကင်းပရိယတ္တိစာသင်တိုက်သို့ လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ်ရှိ ပုဗ္ဗာရုံကျောင်းတိုက်သို့လည်းကောင်း၊ မွန်ပြည်နယ်မော်လမြိုင်မြို့နယ်ရှိ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းသို့ လည်းကောင်း၊ ရှမ်းပြည်နယ် လားရှိုး မြို့နယ်ရှိ ကန်မိန်းကျောင်းပရိယတ္တိစာသင်တိုက်သို့လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ် မြို့နယ်ရှိ မြောင်းမြကျောင်းပရိယတ္တိစာသင်တိုက်သို့လည်းကောင်း ဆရာတော်၊ သံဃာတော်များ အတွက် ဆွမ်းဆန်တော်များကို တာဝန်ရှိသူများက သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရ သည်။
သတင်းစဉ်