ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ဆွမ်းဆန်တော်လှူဒါန်း

 

နေပြည်တော်    မတ်      ၅


ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာ ထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းလျက်ရှိသည်။

 


ထိုသို့     ဆောင်ရွက်လျက်ရှိရာ   ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့နယ်ရှိ သီရိရတနာကျောင်းတိုက်သို့ လည်းကောင်း၊ ကချင် ပြည်နယ် မြစ်ကြီးနားမြို့နယ်ရှိ ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်းတိုက်သို့   လည်းကောင်း၊  ကရင် ပြည်နယ် ဘားအံမြို့နယ်ရှိ ဆေးဝင်္ကဘာစာသင်တိုက် သို့လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး ဖောင်းပြင် မြို့နယ်ရှိ   ရာဇမုနိစာသင်တိုက်သို့  လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး   ဒိုက်ဦးမြို့နယ်ရှိ   ဘုရားကြီး ပရိယတ္တိစာသင်တိုက်သို့  လည်းကောင်း၊  မန္တလေး တိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ်ရှိ မိုးကောင်း ကျောင်းတိုက်သို့   လည်းကောင်း၊   ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့နယ်ရှိ မြောင်းမြကျောင်းပရိယတ္တိ စာသင်တိုက်သို့လည်းကောင်း ဆရာတော်၊ သံဃာ တော်များအတွက် ဆွမ်းဆန်တော်များကို တာဝန်ရှိသူ များက သွားရောက်ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သိရသည်။                                 

သတင်းစဉ်